နယ္စပ္ဆက္ဆံေရးရံုးဖြင့္လွစ္ေရးအပါအဝင္ ႏွစ္ႏုိင္ငံနယ္စပ္ေရးရာကိစၥမ်ား ျမန္မာ -ဘဂၤလားေဒ့ရွ္ ေဆြးေႏြးမည္

နယ္စပ္ဆက္ဆံေရးရံုးဖြင့္လွစ္ေရးအပါအဝင္ ႏွစ္ႏုိင္ငံနယ္စပ္ေရးရာကိစၥမ်ား ျမန္မာ -ဘဂၤလားေဒ့ရွ္ ေဆြးေႏြးမည္
ဖေဖော်ဝါရီ 15, 2018
By 🌸
ျမန္မာ - ဘဂၤလားေဒ့ရွ္ ႏွစ္နိုင္ငံနယ္စပ္ဆက္ဆံေရး႐ုံးဖြင့္လွစ္ေရးကိစၥအပါအဝင္ ႏွစ္ႏုိင္ငံ နယ္စပ္ေရးရာကိစၥမ်ား ေဆြးေႏြးရန္အတြက္ ေဖေဖၚဝါရီလ (၁၅)ရက္ေန႔တြင္ ျပည္ထဲေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေက်ာ္ေဆြ ဦးေဆာင္သည့္ ျမန္မာကိုယ္စားလွယ္အဖြဲ႕ ဘဂၤလားေဒ့ရွ္ႏုိင္ငံသို႔ ထြက္ခြာသြားေၾကာင္း သိရသည္။

အဆိုပါ ကိုယ္စားလွယ္အဖြဲ႕တြင္ ျမန္မာနိုင္ငံရဲတပ္ဖြဲ႕၊ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ နိုင္ငံျခားေရးဝန္ႀကီးဌာနတို႔မွ ကိုယ္စားလွယ္ (၁၂)ဦး ပါဝင္ၿပီး ျမန္မာ-ဘဂၤလားေဒ့ရွ္ႏွစ္နိုင္ငံ နယ္စပ္ေဒသလုံၿခဳံေရးႏွင့္ တရားဥပေဒ စိုးမိုးေရးဆိုင္ရာ ကိစၥရပ္မ်ား၊ မူးယစ္ေဆးဝါးပူးေပါင္းတိုက္ဖ်က္ေရး၊ ႏွစ္နိုင္ငံနယ္စပ္ဆက္ဆံေရး႐ုံး (Border Liaison Office)ဖြင့္လွစ္မည့္ကိစၥရပ္မ်ားကို ေဆြးေႏြးညႇိႏိႈင္းမည္ျဖစ္ေၾကာင္း သိရသည္။

~~~~~~~~⊰❂ unicode ~~~~~~~~
နယ်စပ်ဆက်ဆံရေးရုံးဖွင့်လှစ်ရေးအပါအဝင် နှစ်နိုင်ငံနယ်စပ်ရေးရာကိစ္စများ မြန်မာ -ဘင်္ဂလားဒေ့ရှ် ဆွေးနွေးမည်
*****************
မြန်မာ - ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ဆက်ဆံရေးရုံးဖွင့်လှစ်ရေးကိစ္စအပါအဝင် နှစ်နိုင်ငံ နယ်စပ်ရေးရာကိစ္စများ ဆွေးနွေးရန်အတွက် ဖေဖေါ်ဝါရီလ (၁၅)ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ခွာသွားကြောင်း သိရသည်။

အဆိုပါ ကိုယ်စားလှယ်အဖွဲ့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ် (၁၂)ဦး ပါဝင်ပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နယ်စပ်ဒေသလုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ မူးယစ်ဆေးဝါးပူးပေါင်းတိုက်ဖျက်ရေး၊ နှစ်နိုင်ငံနယ်စပ်ဆက်ဆံရေးရုံး (Border Liaison Office)ဖွင့်လှစ်မည့်ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းမည်ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~