တာခ်ီလိတ္တြင္ ေပ်ာက္ေနသည့္ ဦးဇင္းတစ္ပါးအား ေရအားလွ်ပ္စစ္အနီး ဓါတ္လိုက္ေသဆံုးေနလ်က္ျဖင့္ ျပန္လည္ေတြ႔ရွိ

တာခ်ီလိတ္တြင္ ေပ်ာက္ေနသည့္ ဦးဇင္းတစ္ပါးအား ေရအားလွ်ပ္စစ္အနီး ဓါတ္လိုက္ေသဆံုးေနလ်က္ျဖင့္ ျပန္လည္ေတြ႔ရွိ
ဖေဖော်ဝါရီ 14, 2018
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕ ၀မ္လံုးေက်းရြာအုပ္စုတြင္ ေပ်ာက္ေနသည့္ ဦးဇင္းတစ္ပါးအား တစ္ရက္အလြန္တြင္ ေရအား လွ်ပ္စစ္အနီး ဓါတ္လိုက္၍ ေသဆံုး(ပ်ံလြန္ေတာ္မူ)ေနလ်က္ျဖင့္ ေတြ႔ရွိရ၍ သက္ဆိုင္ရာရဲတပ္ဖြဲ႔က စစ္ေဆးမႈမ်ား ျပဳလုပ္ကာ တာခ်ီလိတ္နာေရးကူညီမႈအသင္းက ရင္ခြဲရံုသို႔ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။

ေရအားလွ်ပ္စစ္အနီး ေသဆံုး(ပ်ံလြန္ေတာ္မူ)ေနသည့္ ဦးဇင္းတစ္ပါးမွာ သက္ေတာ္(၄၂)ႏွစ္ရွိ ၀ါေတာ္(၂၂)၀ါရွိသည့္ အရွင္သုစံျဖစ္ၿပီး ၎သည္ ေရႊသာေလ်ာင္း ရွမ္းဘုန္းႀကီးေက်ာင္းမွ ျဖစ္ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ၂၀၁၈ခုႏွစ္ ေဖေဖာ္၀ါရီလ(၁၂)ရက္ေန႔က ေပ်ာက္ဆံုးေနၿပီး ေဖေဖာ္၀ါရီလ(၁၃)ရက္ေန႔ ည(၈)နာရီ ၀န္းက်င္တြင္ ေပ(၃၀၀)၀န္းက်င္ေက်ာ္ရွိ ေတာင္ေအာက္၌ ျပဳလုပ္ထားသည့္ ေရအားလွ်ပ္စစ္ အနီးတြင္ ဓါတ္လို္က္၍ ေသဆံုး(ပ်ံလြန္ေတာ္မူ)ေနသည္ကို ရွာေဖြေတြ႔ရွိရေၾကာင္းႏွင့္ ၎အနီးတြင္ လွ်ပ္စစ္ႀကိဳးမ်ားေတြ႔ရွိရၿပီး ေရအားလွ်ပ္စစ္မွ မီးမလာ၍ မီးစစ္ရာမွ ဓါတ္လိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ စခန္းမွဴးႏွင့္ေဟာင္လိတ္ရဲစခန္းမွဴး ႏွင့္ သက္ဆိုင္ရာအဖြဲ႔၀င္မ်ားက သြားေရာက္ စစ္ေဆးမႈမ်ား ျပဳလုပ္ၿပီး တာခ်ီလိတ္နာေရးကူညီမႈအသင္း ဥကၠဌ ဦးလွမိုးႏွင့္အသင္းသားမ်ားက ေပ(၃၀၀)ေက်ာ္ရွိသည့္  ေတာင္အေျခအထိ သြားေရာက္ကာ ရုပ္ကလပ္အား သယ္ေဆာင္ၿပီး ရင္ခြဲရံုသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

ဓါတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း




~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့ ဝမ်လုံးကျေးရွာအုပ်စုတွင် ပျောက်နေသည့် ဦးဇင်းတစ်ပါးအား တစ်ရက်အလွန်တွင် ရေအား လျှပ်စစ်အနီး ဓာတ်လိုက်၍ သေဆုံး(ပျံလွန်တော်မူ)နေလျက်ဖြင့် တွေ့ရှိရ၍ သက်ဆိုင်ရာရဲတပ်ဖွဲ့က စစ်ဆေးမှုများ ပြုလုပ်ကာ တာချီလိတ်နာရေးကူညီမှုအသင်းက ရင်ခွဲရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

ရေအားလျှပ်စစ်အနီး သေဆုံး(ပျံလွန်တော်မူ)နေသည့် ဦးဇင်းတစ်ပါးမှာ သက်တော်(၄၂)နှစ်ရှိ ဝါတော်(၂၂)ဝါရှိသည့် အရှင်သုစံဖြစ်ပြီး၎င်းသည် ရွှေသာလျောင်း ရှမ်းဘုန်းကြီးကျောင်းမှ ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့က ပျောက်ဆုံးနပြေီး ဖေဖော်ဝါရီလ(၁၃)ရက်နေ့ ည(၈)နာရီ ဝန်းကျင်တွင် ပေ(၃၀၀)ဝန်းကျင်ကျော်ရှိ တောင်အောက်၌ ပြုလုပ်ထားသည့် ရေအားလျှပ်စစ် အနီးတွင် ဓာတ်လို်က်၍ သေဆုံး(ပျံလွန်တော်မူ)နေသည်ကို ရှာဖွေတွေ့ရှိရကြောင်းနှင့်၎င်းအနီးတွင် လျှပ်စစ်ကြိုးများတွေ့ရှိရပြီး ရေအားလျှပ်စစ်မှ မီးမလာ၍ မီးစစ်ရာမှ ဓာတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူးနှင့်ဟောင်လိတ်ရဲစခန်းမှူး နှင့် သက်ဆိုင်ရာအဖွဲ့ဝင်များက သွားရောက် စစ်ဆေးမှုများ ပြုလုပ်ပြီး တာချီလိတ်နာရေးကူညီမှုအသင်း ဥက္ကဌ ဦးလှမိုးနှင့်အသင်းသားများက ပေ(၃၀၀)ကျော်ရှိသည့် တောင်အခြေအထိ သွားရောက်ကာ ရုပ်ကလပ်အား သယ်ဆောင်ပြီး ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~