က်ိဳင္းတံုၿမိဳ႕နယ္ရွိ အထက(ကတ္ေတာင္)မွ ေက်ာင္းသားေက်ာင္းသူ ၈၀ ကို ႏုိင္ငံသားစိစစ္ေရးကတ္မ်ား ေန႔ခ်င္းၿပီးလုပ္ေဆာင္ေပး

က်ိဳင္းတံုၿမိဳ႕နယ္ရွိ အထက(ကတ္ေတာင္)မွ ေက်ာင္းသားေက်ာင္းသူ ၈၀ ကို ႏုိင္ငံသားစိစစ္ေရးကတ္မ်ား ေန႔ခ်င္းၿပီးလုပ္ေဆာင္ေပး
ဖေဖော်ဝါရီ 5, 2018
By Tachileik News Agency

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕နယ္ရွိ အေျခခံပညာအထက္တန္းေက်ာင္း(ကတ္ေတာင္)မွ ေက်ာင္းသား၊ေက်ာင္းသူမ်ားအား ေဖေဖာ္ဝါရီလ (၄) ရက္ေန႔က ႏုိင္ငံသားစိစစ္ေရးကတ္မ်ား ေန႔ခ်င္းၿပီး ထုတ္ေပးမႈကို ေဆာင္ရြက္ေၾကာင္း သိရသည္။

အဆိုပါ ေက်ာင္းမွ ေက်ာင္းသား ေက်ာင္းသူ (၈၀)ဦးအား ႏိုင္ငံသားစိစစ္ေရးကတ္ျပားမ်ား လုပ္ေဆာင္ေပးၿပီးေနာက္ ႏုိင္ငံသားစိစစ္ေရးကတ္ျပားမ်ားအား ေက်ာင္းအုပ္ဆရာမႀကီး ေဒၚညြန္႔ညြန္႔ေဌးထံ လႊဲေျပာင္းေပးျခင္း အခမ္းအနားျပဳလုပ္ရာ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႕အင္အားဆိုင္ရာ ဒုတိယျပည္နယ္ဦးစီးမွဴး ဦးရဲရင့္ထြန္း၊ ၿမိဳ႕နယ္ဦးစီးမွဴး ဦးစိုးလြင္တို႔လည္း တက္ေရာက္ၾကေၾကာင္း သိရသည္။

အေျခခံပညာအထက္တန္းေက်ာင္း(ကတ္ေတာင္)တြင္ အသက္ ၁၀ ႏွစ္ျပည့္ၿပီးသူ ေက်ာင္းသား ေက်ာင္းသူမ်ားအား ႏိုင္ငံသားစိစစ္ေရးကတ္ျပားမ်ား ေန႔ခ်င္းၿပီးေဆာင္ရြက္ေပးနိုင္ခဲ႔ေၾကာင္း သိရသည္။

ဓါတ္ပံု/ သတင္း #ရတုဆက္



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း(ကတ်တောင်)မှ ကျောင်းသား၊ကျောင်းသူများအား ဖေဖော်ဝါရီလ (၄) ရက်နေ့က နိုင်ငံသားစိစစ်ရေးကတ်များ နေ့ချင်းပြီး ထုတ်ပေးမှုကို ဆောင်ရွက်ကြောင်း သိရသည်။

အဆိုပါ ကျောင်းမှ ကျောင်းသား ကျောင်းသူ (၈၀)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ လုပ်ဆောင်ပေးပြီးနောက် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ကျောင်းအုပ်ဆရာမကြီး ဒေါ်ညွန့်ညွန့်ဌေးထံ လွှဲပြောင်းပေးခြင်း အခမ်းအနားပြုလုပ်ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဒုတိယပြည်နယ်ဦးစီးမှူး ဦးရဲရင့်ထွန်း၊ မြို့နယ်ဦးစီးမှူး ဦးစိုးလွင်တို့လည်း တက်ရောက်ကြကြောင်း သိရသည်။

အခြေခံပညာအထက်တန်းကျောင်း(ကတ်တောင်)တွင် အသက် ၁၀ နှစ်ပြည့်ပြီးသူ ကျောင်းသား ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီးဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ/ သတင်း #ရတုဆက်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~