မြစ်ကြီးနား - ပူတာအိုလမ်းတွင် ဘက်ဟိုးသယ်လာသည့်ယာဉ်အား KIA က မီးရှို့ဖျက်ဆီးပြီး ယာဉ်မောင်းများကို ပြန်လွှတ်

မြစ်ကြီးနား - ပူတာအိုလမ်းတွင် ဘက်ဟိုးသယ်လာသည့်ယာဉ်အား KIA က မီးရှို့ဖျက်ဆီးပြီး ယာဉ်မောင်းများကို ပြန်လွှတ်
ဖေဖော်ဝါရီ 12, 2018
By Tachileik News Agency


မြစ်ကြီနား - ပူတာအိုကားလမ်း မိုင်တိုင်(၁၇၉) ဝဒတ်ကျေးရွာအနီး၌ လပြည့်ကုမ္ပဏီပိုင် ဘက်ဟိုး ယာဉ်အား တင်ဆောင်လာသည့် မော်တော်ယာဉ်ကို ရပ်တန့်စေပြီး ယာဉ်နှင့် ယာဉ်ပေါ်ရှိ ဘက်ဟိုး ယာဉ်တို့အား မီးရှို့လိုက်ခြင်းဖြစ်ပြီး ယာဉ်မောင်း စိုးလင်းနှင့် ယာဉ်နောက်လိုက် လင်းလင်းဇော်တို့အား ပူတာအိုမြို့သို့ ပြန်လည် စေလွှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။


ဓါတ်ပုံ - MHAM



~~~~~~~~⊰❂ unicode ~~~~~~~~

ကချင်ပြည်နယ် ပူတာအိုမြို့နယ် မြစ်ကြီးနား - ပူတာအိုကားလမ်း ဝဒတ်ကျေးရွာအနီးတွင် ဖေဖော်ဝါရီလ (၁၁)ရက်နေ့က ဘက်ဟိုးယာဉ် သယ်ဆောင်လာသည့် ယာဉ်အား KIA က မီးရှို့ဖျက်ဆီးလိုက်ပြီး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ကို ပူတာအိုမြို့သို့ ပြန်လွှတ်ပေးလိုက်ကြောင်း ပြည်ထဲရေးက သတင်းထုတ်ပြန်ထားသည်။

မြစ်ကြီနား - ပူတာအိုကားလမ်း မိုင်တိုင်(၁၇၉) ဝဒတ်ကျေးရွာအနီး၌ လပြည့်ကုမ္ပဏီပိုင် ဘက်ဟိုး ယာဉ်အား တင်ဆောင်လာသည့် မော်တော်ယာဉ်ကို ရပ်တန့်စပြေီး ယာဉ်နှင့် ယာဉ်ပေါ်ရှိ ဘက်ဟိုး ယာဉ်တို့အား မီးရှို့လိုက်ခြင်းဖြစ်ပြီး ယာဉ်မောင်း စိုးလင်းနှင့် ယာဉ်နောက်လိုက် လင်းလင်းဇော်တို့အား ပူတာအိုမြို့သို့ ပြန်လည် စေလွှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

မြစ်ကြီးနား - ဆွမ်ပရာဘွမ် - ပူတာအို လမ်းပေါ်ရှိ လမ်းတံတားနှင့် စက်ယန္တရားတချို့ကိုKIA က ဇန်နဝါရီလကုန်ပိုင်းတွင် ဖျက်ဆီးခဲ့ရာတွင် ကချင်ပြည်နယ်အတွင်း တပ်မတော်နှင့် KIA တို့ တိုက်ပွဲများဖြစ်ပွားနေရာ တပ်မတော်ဘက်မှ စစ်ဆင်ရေး မလုပ်နိုင်ရေးအတွက် ယင်းကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြောကြားထားသည်။

ဓာတ်ပုံ - MHAM

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~