ယူရိုေငြ (၁၀)သန္းျဖင့္ ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသ ေက်းလက္ေဒသဖြံၿဖိဳးတိုးတက္ေရးစီမံကိန္းကို ငါးႏွစ္ေဆာင္ရြက္မည္

ယူရိုေငြ (၁၀)သန္းျဖင့္ ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသ ေက်းလက္ေဒသဖြံၿဖိဳးတိုးတက္ေရးစီမံကိန္းကို ငါးႏွစ္ေဆာင္ရြက္မည္
ဖေဖော်ဝါရီ 17, 2018
By Tachileik News Agency

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) ေက်းလက္ေဒသ ဖြံ႕ၿဖိဳးတိုးတက္ေရးစီမံကိန္းအတြက္ ေက်းလက္ေဒသ ဖြံ႕ၿဖိဳးတိုးတက္ေရး ဦးစီးဌာနနွင့္ Luxembourg Agency for Development Cooperation တုိ႔ ပူးေပါင္းၿပီး ယူရို (၁၀)သန္း သံုးစြဲၿပီး ငါးႏွစ္ၾကာေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ပူးေပါင္းေဆာင္ရြက္မႈအတြက္ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန ေက်းလက္ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးဦးစီးဌာနႏွင့္ Luxembourg Agency for Development Cooperation တို႔ စီမံကိန္းစတင္ျခင္း အခမ္းအနားအား ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕တြင္ ေဖေဖၚဝါရီလ (၁၆)ရက္ေန႔၌ က်င္းပခဲ့ျခင္းျဖစ္သည္။

“ဒီႏွစ္မိုးရာသီတုန္းက ေရျမဳပ္ၿပီး ပ်က္သြားတဲ့လယ္ေျမေတြဆိုရင္ အခုခ်ိန္ထိ ျပန္စိုက္လုိ႔မရေသးဘူး။ ပ်က္စီး သြားတာေတြ။ အဲဒါေတြနဲ႔ လမ္းေတြနဲ႔ ေရေပးေဝေရး စီမံကိန္းေတြကိုေတာ့ စလုပ္ျဖစ္မယ္။ ေနာက္တစ္ခုက ဒီေတာင္ေပၚေဒသမွာ အေတာ္ေလးကို ေနာက္က် က်န္ေနခဲ့ၿပီဆိုေတာ့ သူတို႔ အလုပ္အကုိင္ အခြင့္အလမ္းအတြက္၊ သူတို႔ဘဝေနထုိင္မႈေတြ ပိုမိုျမႇင့္တင္လာဖို႔ လုပ္ကိုင္ေပးဖို႔လည္း ပါတယ္။ ဒါေတြက ေရွရွည္လုပ္ကိုင္ရမွာေတြျဖစ္ေတာ့ ငါးႏွစ္စီမံကိန္း လုပ္ဖို႔ပါ”ဟု က်ဳိင္းတံုမဲဆႏၵနယ္မွ ရွမ္းျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာဝဏၰစိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) ေက်းလက္ေဒသ ဖြံ႕ၿဖိဳးတိုးတက္ေရးစီမံကိန္းကို က်ိဳင္းတံုခရိုင္ႏွင့္ တာခ်ီလိတ္ခရိုင္အတြင္းမွ ေက်းရြာ(၆၅)ရြာတြင္ ကနဦး စီမံကိန္းေဖၚေဆာင္မည္ျဖစ္ၿပီး အျခားလိုအပ္သည့္ ေက်းရြာမ်ားတြင္လည္း ဆက္လက္လုပ္ေဆာင္သြားရန္ လ်ာထားျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ စီမံကိန္းေဖၚေဆာင္သည့္ ေဒသမ်ားတြင္ ေရေကာင္းေရသန္႕မ်ားရရိွေရး၊ လ်ွပ္စစ္ဓါတ္အား ရရိွေရး၊ လမ္းမ်ား ခ်ိတ္ဆက္မႈပိုမိုေကာင္းမြန္လာေရး၊ ကုန္စည္လည္ပတ္စီးဆင္းမႈေကာင္းမြန္ေစေရး၊ စိုက္ပ်ိဳးေရး ထြက္ကုန္ပစၥည္းမ်ား တိုးျမင့္လာေစေရး၊  စာတတ္ေျမာက္မႈႏႈန္း တိုးျမင့္ေရး၊ ေခတ္မီ၍ ေဘးကင္းလံုျခံဳစိတ္ခ်ရေသာ ဆက္သြယ္ေရးနည္းစနစ္ရရိွႏုိင္ေရးတုိ႔အတြက္ လုပ္ေဆာင္မည္ျဖစ္ေၾကာင္း သိရသည္။

စီမံကိန္းအေနျဖင့္ ရွမ္းျပည္နယ္အေရွ႕ပိုင္းရိွ ေဒသခံျပည္သူမ်ားအတြက္ အသက္ေမြးဝမ္းေၾကာင္း လုပ္ငန္းမ်ား ပိုမိုေဖၚေဆာင္ႏုိင္ေရးအတြက္ အရင္းအျမစ္ႏွင့္ နည္းပညာမ်ား တိုးျမႇင့္ေရး၊ အစိုးရအဖြဲ႕အစည္း၏ ပူးေပါင္းပါဝင္ညိႇႏိႈင္းေဆာင္ရြက္ႏုိင္မႈႏွင့္ စြမ္းေဆာင္ရည္ျမႇင့္တင္ေပးေရးတို႔ကို ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - အင္မိုင္ခ
ဓါတ္ပံု - Dr WNS




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် Luxembourg Agency for Development Cooperation တို့ ပူးပေါင်းပြီး ယူရို (၁၀)သန်း သုံးစွဲပြီး ငါးနှစ်ကြာဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းဆောင်ရွက်မှုအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် Luxembourg Agency for Development Cooperation တို့ စီမံကိန်းစတင်ခြင်း အခမ်းအနားအား ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ဖေဖော်ဝါရီလ (၁၆)ရက်နေ့၌ ကျင်းပခဲ့ခြင်းဖြစ်သည်။

“ဒီနှစ်မိုးရာသီတုန်းက ရမြေုပ်ပြီး ပျက်သွားတဲ့လယ်မြေတွေဆိုရင် အခုချိန်ထိ ပြန်စိုက်လို့မရသေးဘူး။ ပျက်စီး သွားတာတွေ။ အဲဒါတွေနဲ့ လမ်းတွေနဲ့ ရေပေးဝေရေး စီမံကိန်းတွေကိုတော့ စလုပ်ဖြစ်မယ်။ နောက်တစ်ခုက ဒီတောင်ပေါ်ဒေသမှာ အတော်လေးကို နောက်ကျ ကျန်နေခဲ့ပြီဆိုတော့ သူတို့ အလုပ်အကိုင် အခွင့်အလမ်းအတွက်၊ သူတို့ဘဝနေထိုင်မှုတွေ ပိုမိုမြှင့်တင်လာဖို့ လုပ်ကိုင်ပေးဖို့လည်း ပါတယ်။ ဒါတွေက ရှေရှည်လုပ်ကိုင်ရမှာတွဖြေစ်တော့ ငါးနှစ်စီမံကိန်း လုပ်ဖို့ပါ”ဟု ကျိုင်းတုံမဲဆန္ဒနယ်မှ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို ကျိုင်းတုံခရိုင်နှင့် တာချီလိတ်ခရိုင်အတွင်းမှ ကျေးရွာ(၆၅)ရွာတွင် ကနဦး စီမံကိန်းဖော်ဆောင်မည်ဖြစ်ပြီး အခြားလိုအပ်သည့် ကျေးရွာများတွင်လည်း ဆက်လက်လုပ်ဆောင်သွားရန် လျာထားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းဖော်ဆောင်သည့် ဒေသများတွင် ရေကောင်းရေသန့်များရရှိရေး၊ လျှပ်စစ်ဓာတ်အား ရရှိရေး၊ လမ်းများ ချိတ်ဆက်မှုပိုမိုကောင်းမွန်လာရေး၊ ကုန်စည်လည်ပတ်စီးဆင်းမှုကောင်းမွန်စေရေး၊ စိုက်ပျိုးရေး ထွက်ကုန်ပစ္စည်းများ တိုးမြင့်လာစေရေး၊ စာတတ်မြောက်မှုနှုန်း တိုးမြင့်ရေး၊ ခေတ်မီ၍ ဘေးကင်းလုံခြုံစိတ်ချရသော ဆက်သွယ်ရေးနည်းစနစ်ရရှိနိုင်ရေးတို့အတွက် လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

စီမံကိန်းအနဖြေင့် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ဒေသခံပြည်သူများအတွက် အသက်မွေးဝမ်းကြောင်း လုပ်ငန်းများ ပိုမိုဖော်ဆောင်နိုင်ရေးအတွက် အရင်းအမြစ်နှင့် နည်းပညာများ တိုးမြှင့်ရေး၊ အစိုးရအဖွဲ့အစည်း၏ ပူးပေါင်းပါဝင်ညှိနှိုင်းဆောင်ရွက်နိုင်မှုနှင့် စွမ်းဆောင်ရည်မြှင့်တင်ပေးရေးတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - အင်မိုင်ခ
ဓာတ်ပုံ - Dr WNS

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~