မိုင်းပွန် အခြေခံပညာအထက်တန်းကျောင်းတွင် တက္ကသိုလ်ဝင်စာမေးပွဲအတွက် စာစစ်ဌာန ဖွင့်မည်

မိုင်းပွန် အခြေခံပညာအထက်တန်းကျောင်းတွင် တက္ကသိုလ်ဝင်စာမေးပွဲအတွက် စာစစ်ဌာန ဖွင့်မည်
ဖေဖော်ဝါရီ 24, 2018
By Tachileik News Agency


မိုင်းပွန်အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်း ကျောင်းတက်နေသည့် ကျောင်းသားများနှင့် ပြင်ပ‌ကျောင်းသား (၂၀) ဦး စုစုပေါင်း (၁၁၃) ဦး ရှိနေပြီး အဆိုပါ ဒေသတွင် အမြဲတမ်း ရဲစခန်းလည်းရှိသည့် အတွက် ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအတွက် စာစစ်ဌာနအသစ် ဖွင့်လှစ်ရန်အတွက် ခွင့်ပြုပေးထားပြီးဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးထံမှ သိရသည်။



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ် မိုင်းပွန် အခြေခံပညာအထက်တန်းကျောင်းတွင် ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသားဦးရေ (၁၁၃)ဦးရှိသည့် အတွက် စာစစ်ဌာန ဖွင့်လှစ် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မိုင်းပွန်အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်း ကျောင်းတက်နေသည့် ကျောင်းသားများနှင့် ပြင်ပ‌ကျောင်းသား (၂၀) ဦး စုစုပေါင်း (၁၁၃) ဦး ရှိနပြေီး အဆိုပါ ဒေသတွင် အမြဲတမ်း ရဲစခန်းလည်းရှိသည့် အတွက် ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအတွက် စာစစ်ဌာနအသစ် ဖွင့်လှစ်ရန်အတွက် ခွင့်ပြုပေးထားပြီးဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးထံမှ သိရသည်။

လွိုင်လင် မဲဆန္ဒနယ်မှ ဦးခင်မောင်သီက မိုင်းပွန်စာစစ်ဌာနဖွင့်လှစ်ခွင့်ပြုမည့် အခြေအနေအား ဖေဖော်ဝါရီလ (၂၃) ရက်နေ့က ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မေးမြန်းထားခြင်း ဖြစ်သည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~