တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အသီးသီးမွ စာသင္ေဆာင္သစ္ ၅၀၀၀ ေက်ာ္တြင္ စာသင္ခံုမ်ား လိုအပ္ေနဆဲ

တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အသီးသီးမွ စာသင္ေဆာင္သစ္ ၅၀၀၀ ေက်ာ္တြင္ စာသင္ခံုမ်ား လိုအပ္ေနဆဲ
ဖေဖော်ဝါရီ 24, 2018
By Tachileik News Agency

တုိင္းေဒသႀကီးႏွင့္ ျပည္နယ္အသီးသီးတြင္ စာသင္ေဆာင္အသစ္ (၅၀၀၀)ေက်ာ္ရွိေသာ္လည္း လိုအပ္သည့္ စာသင္ခုံ အေရအတြက္ကို္ ျပည့္မီစြာ ျဖည့္တင္းေဆာင္႐ြက္ေပးႏိုင္ျခင္း မရွိေသးေၾကာင္း သိရသည္။

“လာမည့္ႏွစ္မ်ားတြင္ တိုးခ်ဲ႕တည္ေဆာက္သည့္ စာသင္ေဆာင္မ်ားႏွင့္အညီ လိုအပ္သည့္ စာသင္ခုံမ်ားႏွင့္ ပ်က္စီးေနသည့္ စာသင္ခုံမ်ားကို ျပင္ဆင္ထိန္းသိမ္းရန္အတြက္ တုိင္းေဒသႀကီး/ ျပည္နယ္အစိုးရအဖြဲ႔မ်ား၊ မိဘမ်ား၊ အုပ္ထိန္းသူမ်ား၊ ျပည္သူမ်ား၊ ပူးေပါင္းၿပီး စနစ္တက် ျဖည့္တင္း ေဆာင္႐ြက္ႏုိင္ေရးကို ပူးေပါင္း ေဆာင္႐ြက္သြားမည္”ဟု ပညာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာမ်ိဳးသိမ္းႀကီးက ျပည္သူ႔လႊတ္ေတာ္တြင္ ေျပာၾကားသြားျခင္း ျဖစ္သည္။

၂၀၁၇-၁၈ ဘ႑ာေရးႏွစ္ ေငြလုံးေငြရင္း ပရိေဘာဂရန္ပုံေငြျဖင့္ ေက်ာင္းေဆာင္မ်ားတြင္လိုအပ္သည့္ အရန္ပရိေဘာဂမ်ား ျဖည့္တင္း ေပးသြားရန္ကိုလည္း စီစဥ္ထားၿပီး ေက်ာင္းသားဦးေရ အလိုက္ လိုအပ္ခ်က္မ်ားကို ခြဲေဝေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

လႈိင္းဘြဲ႔ မဲဆႏၵနယ္မွ ဦးခင္ခ်ိဳက စာသင္ေက်ာင္းေဟာင္းမ်ားအား ေက်ာင္းသူ၊ ေက်ာင္းသား အင္အား၊ စာသင္ခုံမ်ား၊ ပရိေဘာဂမ်ား ေဟာင္းႏြမ္းပ်က္စီးမႈ အေနအထား အေပၚမူတည္၍ ေက်ာင္းသုံး ပရိေဘာဂမ်ားႏွင့္ သင္ေထာက္ကူပစၥည္းမ်ား စိစစ္ခြင့္ျပဳခ်ထားေပးရန္ အစီအစဥ္ရွိ၊ မရွိကို ေဖေဖာ္ဝါရီလ (၂၃) ရက္ေန႔တြင္ က်င္းပေသာ ျပည္သူ႔လႊတ္ေတာ္ အစည္းအေဝးတြင္ ေမးျမန္းျခင္းျဖစ္သည္။


~~~~~~~~⊰❂ unicode ~~~~~~~~

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် စာသင်ဆောင်အသစ် (၅၀၀၀)ကျော်ရှိသော်လည်း လိုအပ်သည့် စာသင်ခုံ အရေအတွက်ကို် ပြည့်မီစွာ ဖြည့်တင်းဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

“လာမည့်နှစ်များတွင် တိုးချဲ့တည်ဆောက်သည့် စာသင်ဆောင်များနှင့်အညီ လိုအပ်သည့် စာသင်ခုံများနှင့် ပျက်စီးနေသည့် စာသင်ခုံများကို ပြင်ဆင်ထိန်းသိမ်းရန်အတွက် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၊ မိဘများ၊ အုပ်ထိန်းသူများ၊ ပြည်သူများ၊ ပူးပေါင်းပြီး စနစ်တကျ ဖြည့်တင်း ဆောင်ရွက်နိုင်ရေးကို ပူးပေါင်း ဆောင်ရွက်သွားမည်”ဟု ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြည်သူ့လွှတ်တော်တွင် ပြောကြားသွားခြင်း ဖြစ်သည်။

၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ပရိဘောဂရန်ပုံငွဖြေင့် ကျောင်းဆောင်များတွင်လိုအပ်သည့် အရန်ပရိဘောဂများ ဖြည့်တင်း ပေးသွားရန်ကိုလည်း စီစဉ်ထားပြီး ကျောင်းသားဦးရေ အလိုက် လိုအပ်ချက်များကို ခွဲဝေဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လှိုင်းဘွဲ့ မဲဆန္ဒနယ်မှ ဦးခင်ချိုက စာသင်ကျောင်းဟောင်းများအား ကျောင်းသူ၊ ကျောင်းသား အင်အား၊ စာသင်ခုံများ၊ ပရိဘောဂများ ဟောင်းနွမ်းပျက်စီးမှု အနေအထား အပေါ်မူတည်၍ ကျောင်းသုံး ပရိဘောဂများနှင့် သင်ထောက်ကူပစ္စည်းများ စိစစ်ခွင့်ပြုချထားပေးရန် အစီအစဉ်ရှိ၊ မရှိကို ဖေဖော်ဝါရီလ (၂၃) ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မေးမြန်းခြင်းဖြစ်သည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~