တာခ်ီလိတ္ခရိုင္အတြင္းရွိ လ၀က ၀န္ထမ္း(၁၈)ဦး ရံုးလုပ္ငန္းသံုး ကြန္ပ်ဴတာကြ်မ္းက်င္မႈဆုိင္ရာ သင္တန္းဆင္း

တာခ်ီလိတ္ခရိုင္အတြင္းရွိ လ၀က ၀န္ထမ္း(၁၈)ဦး ရံုးလုပ္ငန္းသံုး ကြန္ပ်ဴတာကြ်မ္းက်င္မႈဆုိင္ရာ သင္တန္းဆင္း
ဖေဖော်ဝါရီ 23, 2018
By Tachileik News Agency

တာခ်ီလိတ္ခရိုင္လ၀ကဦးစီးမွဴးရံုးတြင္ ေဖေဖာ္၀ါရီလ (၁၀)ရက္ေန႔က စတင္၍ ဖြင့္လွစ္ခဲ့သည့္ e -Government လုပ္ငန္းမ်ား စနစ္တက် ေဆာင္ရြက္ႏုိင္ေရး ရံုးလုပ္ငန္းသံုး ကြန္ပ်ဴတာကြ်မ္းက်င္မႈဆုိင္ရာ သင္တန္း အမွတ္စဥ္ (၁/၂၀၁၈)၏ သင္တန္းဆင္းပဲြအား ေဖေဖာ္၀ါရီလ (၂၃)ရက္ေန႔  ညေန(၃)နာရီ၀န္းက်င္ အခ်ိန္က က်င္းပျပဳလုပ္ၿပီး သင္တန္းဆင္း ေအာင္လက္မွတ္မ်ား ႏွင့္အတူ ဆုမ်ား ေပးအပ္ ခ်ီးျမႇင့္ေၾကာင္း သိရသည္။

လူ၀င္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဆုိင္ရာ ခရုိင္ဦးစီးမွဴး ဒုတိယညႊန္ၾကားေရးမွဴး ဦးေက်ာ္ေမာ္ထြန္းက သင္တန္းတြင္ စာေတြ႕၊ လက္ေတြ႕ထူးခၽြန္ဆုႏွင့္ စိတ္ဓာတ္၊ စည္းကမ္း အေကာင္းဆံုးဆုမ်ားကုိ ခ်ီးျမႇင့္ၿပီး ကြန္ပ်ဴတာသင္တန္းနည္းျပဆရာ ဦးဟန္မင္းထြန္းက သင္တန္းဆင္း ေအာင္လက္မွတ္မ်ားကို ေပးအပ္ရာတြင္ ၿမိဳ႕နယ္အလိုက္ သင္တန္းသား ကိုယ္စားလွယ္မ်ားက လက္ခံရယူခဲ့ၾကသည္။

အဆိုပါ သင္တန္းဖြင့္လွစ္ရျခင္းႏွင့္ ပတ္သက္၍ လူ၀င္မႈႀကီးၾကပ္ေရးလုပ္ငန္း၊ အမ်ဳိးသားမွတ္ပံုတင္ေရးႏွင့္ ႏုိင္ငံသားမွတ္ပံုတင္ ေရးလုပ္ငန္း၊ ျပည္သူ႔အင္အားစာရင္း ေကာက္ယူထိန္းသိမ္းေရးလုပ္ငန္း စသည့္ ရည္မွန္းခ်က္တာ၀န္မ်ားကို အေျခခံၿပီး ျပည္သူ႔အက်ဳိးကုိ ထိေရာက္စြာေဆာင္ရြက္ႏုိင္ရန္၊ ျပည္၀င္ဗီဇာမ်ားကုိ ႏုိင္ငံျခားသားမ်ား  ေခတ္စနစ္ ႏွင့္အညီ အဆင္ေျပေခ်ာေမြ႕စြာ ေလွ်ာက္ထားႏုိင္ေရး၊  အျပည္ျပည္ဆုိင္ရာ ၀င္/ထြက္ဂိတ္မ်ားတြင္ e-Gate မ်ား တပ္ဆင္ၿပီး အဆင့္ျမႇင့္တင္ ေဆာင္ရြက္ျခင္း လုပ္ငန္း၊ Electronic စနစ္ျဖင့္ လူဦးေရမွတ္ပံုတင္ျခင္း စသည့္ လုပ္ငန္းမ်ားကုိ စနစ္တက် ေဆာင္ရြက္ႏုိင္ေရး အတြက္ ျဖစ္ေၾကာင္း ခရိုင္လ၀ကဦးစီးမွဴးရံုးမွ သိရသည္။

သင္တန္းအား ၂၀၁၈ခုႏွစ္ ေဖေဖာ္၀ါရီ (၁၀)ရက္ေန႔မွ (၂၃)ရက္ေန႔အထိ  ဖြင့္လွစ္ခဲ့ျခင္းျဖစ္ၿပီး၊ သင္တန္းသို႔ တာခ်ီလိတ္ခရုိင္အတြင္းရွိ  တာခ်ီလိတ္၊ မုိင္းျဖတ္၊ မုိင္းေယာင္း၊ တာေလ၊ က်ဳိင္းလပ္ၿမဳိ႕မ်ားမွ ၀န္ထမ္း(၁၈)ဦး တက္ေရာက္ေၾကာင္း သိရသည္။

သတင္း - ေ၀ယံလင္း
ဓါတ္ပံု - ယာေဆး




~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်ခရိုင်လဝကဦးစီးမှူးရုံးတွင် ဖေဖော်ဝါရီလ (၁၀)ရက်နေ့က စတင်၍ ဖွင့်လှစ်ခဲ့သည့် e -Government လုပ်ငန်းများ စနစ်တကျ ဆောင်ရွက်နိုင်ရေး ရုံးလုပ်ငန်းသုံး ကွန်ပျူတာကျွမ်းကျင်မှုဆိုင်ရာ သင်တန်း အမှတ်စဉ် (၁/၂၀၁၈)၏ သင်တန်းဆင်းပွဲအား ဖေဖော်ဝါရီလ (၂၃)ရက်နေ့ ညနေ(၃)နာရီဝန်းကျင် အချိန်က ကျင်းပပြုလုပ်ပြီး သင်တန်းဆင်း အောင်လက်မှတ်များ နှင့်အတူ ဆုများ ပေးအပ် ချီးမြှင့်ကြောင်း သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မော်ထွန်းက သင်တန်းတွင် စာတွေ့၊ လက်တွေ့ထူးချွန်ဆုနှင့် စိတ်ဓာတ်၊ စည်းကမ်း အကောင်းဆုံးဆုများကို ချီးမြှင့်ပြီး ကွန်ပျူတာသင်တန်းနည်းပြဆရာ ဦးဟန်မင်းထွန်းက သင်တန်းဆင်း အောင်လက်မှတ်များကို ပေးအပ်ရာတွင် မြို့နယ်အလိုက် သင်တန်းသား ကိုယ်စားလှယ်များက လက်ခံရယူခဲ့ကြသည်။

အဆိုပါ သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်း၊ အမျိုးသားမှတ်ပုံတင်ရေးနှင့် နိုင်ငံသားမှတ်ပုံတင် ရေးလုပ်ငန်း၊ ပြည်သူ့အင်အားစာရင်း ကောက်ယူထိန်းသိမ်းရေးလုပ်ငန်း စသည့် ရည်မှန်းချက်တာဝန်များကို အခြေခံပြီး ပြည်သူ့အကျိုးကို ထိရောက်စွာဆောင်ရွက်နိုင်ရန်၊ ပြည်ဝင်ဗီဇာများကို နိုင်ငံခြားသားများ ခေတ်စနစ် နှင့်အညီ အဆင်ပြေချောမွေ့စွာ လျှောက်ထားနိုင်ရေး၊ အပြည်ပြည်ဆိုင်ရာ ဝင်/ထွက်ဂိတ်များတွင် e-Gate များ တပ်ဆင်ပြီး အဆင့်မြှင့်တင် ဆောင်ရွက်ခြင်း လုပ်ငန်း၊ Electronic စနစ်ဖြင့် လူဦးရေမှတ်ပုံတင်ခြင်း စသည့် လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်နိုင်ရေး အတွက် ဖြစ်ကြောင်း ခရိုင်လဝကဦးစီးမှူးရုံးမှ သိရသည်။

သင်တန်းအား ၂၀၁၈ခုနှစ် ဖေဖော်ဝါရီ (၁၀)ရက်နေ့မှ (၂၃)ရက်နေ့အထိ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး၊ သင်တန်းသို့ တာချီလိတ်ခရိုင်အတွင်းရှိ တာချီလိတ်၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ တာလေ၊ ကျိုင်းလပ်မြို့များမှ ဝန်ထမ်း(၁၈)ဦး တက်ရောက်ကြောင်း သိရသည်။

သတင်း -ေဝယံလင်း
ဓာတ်ပုံ - ယာဆေး

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~