ထိုင္းႏိုင္ငံတြင္ အခမဲ့ သင္ၾကားေပးမည့္ ကြန္ပ်ဴတာျပဳျပင္ျခင္း သင္တန္းႏွင့္ Network ခ်ိတ္ဆက္ျခင္း သင္တန္းသို႔ တာခ်ီလိတ္ႏွင့္က်ဳိင္းတံုမွ ကြန္ပ်ဴတာအေျခခံ တက္ေျမာက္ထားသူမ်ား မတ္လ(၂)ရက္ေန႔ ေနာက္ဆံုးထား စာရင္းေပးသြင္းႏိုင္

ထိုင္းႏိုင္ငံတြင္ အခမဲ့ သင္ၾကားေပးမည့္ ကြန္ပ်ဴတာျပဳျပင္ျခင္း သင္တန္းႏွင့္ Network ခ်ိတ္ဆက္ျခင္း သင္တန္းသို႔ တာခ်ီလိတ္ႏွင့္က်ဳိင္းတံုမွ ကြန္ပ်ဴတာအေျခခံ တက္ေျမာက္ထားသူမ်ား မတ္လ(၂)ရက္ေန႔ ေနာက္ဆံုးထား စာရင္းေပးသြင္းႏိုင္
ဖေဖော်ဝါရီ 27, 2018
By Tachileik News Agency

ထုိင္းႏုိင္ငံ ခ်င္းဆဲန္အျပည္ျပည္ဆုိင္ရာလုပ္သားစြမ္းရည္ဖြံ႕ၿဖိဳးတိုးတက္ေရးအသင္းက ၂၀၁၈ ခုႏွစ္ မတ္လ (၅)ရက္ေန႔မွ (၉)ရက္ေန႔အထိ ထုိင္းႏုိင္ငံတြင္ ဖြင့္လွစ္မည့္ ကြန္ပ်ဴတာျပဳျပင္ျခင္း သင္တန္းႏွင့္အတူ ကြန္ပ်ဴတာ အခ်င္းခ်င္း ကြန္ရက္(Network)ခ်ိတ္ဆက္တပ္ဆင္ျခင္း သင္တန္းအား ကြန္ပ်ဴတာ အေျခခံတတ္ထားသူ ျမန္မာႏိုင္ငံသားမ်ားအား  ပို႔ခ်ေပးသြားမည္ျဖစ္ရာ  မည္သူမဆို တက္ေရာက္ သင္ယူႏိုင္ရန္ အတြက္ တာခ်ီလိတ္နယ္စပ္ကုန္သည္ႀကီးမ်ားအသင္းရံုးတြင္ မတ္လ(၂)ရက္ေန႔ ညေနပိုင္း အခ်ိန္အထိ ေနာက္ဆံုးထား လာေရာက္စာရင္းေပးႏုိင္မည္ျဖစ္ေၾကာင္း သိရသည္။

ေလွ်ာက္ထားလိုသူမ်ား အေနျဖင့္ တာခ်ီလိတ္ၿမိဳ႕၊ ယာဥ္ထိန္းရဲတပ္ဖြဲ႔မွဴးရံုးအနီးရွိ တာခ်ီလိတ္နယ္စပ္ ကုန္သည္ႀကီးမ်ားအသင္းရံုးတြင္ လည္းေကာင္း၊ မေရႊစင္ထြန္း ဖုန္း - 09250474144 သို႔ ျဖစ္ေစ ဆက္သြယ္စံုစမ္းကာ စာရင္းေပးသြင္းႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

ထုိင္းႏိုင္ငံ၌ ဖြင့္လွစ္မည့္ အဆိုပါ သင္တန္းမ်ားတြင္ သင္တန္းသားမ်ား တည္းခိုေနထုိင္ေရး၊ ယာဥ္၊ အစားအေသာက္၊ သင္တန္းသံုးပစၥည္း ကိရိယာမ်ားႏွင့္ ပညာရွင္မ်ားအတြက္ ကုန္က်စရိတ္မ်ားကို ထုိင္းႏုိင္ငံက က်ခံမည္ျဖစ္ၿပီး က်န္ကုန္က် စရိတ္မ်ားကို ျမန္မာဘက္မွ က်ခံသြားမည္ျဖစ္သည့္အတြက္ ကြန္ပ်ဴတာအေျခခံတတ္ေျမာက္ထားသူ မည္သူမဆို သတ္မွတ္ရက္အတြင္း လာေရာက္ စာရင္း ေပးသြင္းရမည္ျဖစ္ၿပီး သတ္မွတ္လူဦးေရထက္ ေက်ာ္လြန္သြားပါက စာရင္းတြင္ ထည့္သြင္းမည္ မဟုတ္ေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံ ချင်းဆဲန်အပြည်ပြည်ဆိုင်ရာလုပ်သားစွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးအသင်းက ၂၀၁၈ ခုနှစ် မတ်လ (၅)ရက်နေ့မှ (၉)ရက်နေ့အထိ ထိုင်းနိုင်ငံတွင် ဖွင့်လှစ်မည့် ကွန်ပျူတာပြုပြင်ခြင်း သင်တန်းနှင့်အတူ ကွန်ပျူတာ အချင်းချင်း ကွန်ရက်(Network)ချိတ်ဆက်တပ်ဆင်ခြင်း သင်တန်းအား ကွန်ပျူတာ အခြေခံတတ်ထားသူ မြန်မာနိုင်ငံသားများအား ပို့ချပေးသွားမည်ဖြစ်ရာ မည်သူမဆို တက်ရောက် သင်ယူနိုင်ရန် အတွက် တာချီလိတ်နယ်စပ်ကုန်သည်ကြီးများအသင်းရုံးတွင် မတ်လ(၂)ရက်နေ့ ညနေပိုင်း အချိန်အထိ နောက်ဆုံးထား လာရောက်စာရင်းပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

လျှောက်ထားလိုသူများ အနဖြေင့် တာချီလိတ်မြို့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးအနီးရှိ တာချီလိတ်နယ်စပ် ကုန်သည်ကြီးများအသင်းရုံးတွင် လည်းကောင်း၊ မရွှေစင်ထွန်း ဖုန်း - 09250474144 သို့ ဖြစ်စေ ဆက်သွယ်စုံစမ်းကာ စာရင်းပေးသွင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ၌ ဖွင့်လှစ်မည့် အဆိုပါ သင်တန်းများတွင် သင်တန်းသားများ တည်းခိုနေထိုင်ရေး၊ ယာဉ်၊ အစားအသောက်၊ သင်တန်းသုံးပစ္စည်း ကိရိယာများနှင့် ပညာရှင်များအတွက် ကုန်ကျစရိတ်များကို ထိုင်းနိုင်ငံက ကျခံမည်ဖြစ်ပြီး ကျန်ကုန်ကျ စရိတ်များကို မြန်မာဘက်မှ ကျခံသွားမည်ဖြစ်သည့်အတွက် ကွန်ပျူတာအခြေခံတတ်မြောက်ထားသူ မည်သူမဆို သတ်မှတ်ရက်အတွင်း လာရောက် စာရင်း ပေးသွင်းရမည်ဖြစ်ပြီး သတ်မှတ်လူဦးရေထက် ကျော်လွန်သွားပါက စာရင်းတွင် ထည့်သွင်းမည် မဟုတ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~