တာချီလိတ်မြို့မဈေး တောင်ဘက် ဆိုင်ကယ်တတ္ကစီဂိတ်မှ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ်အဖြစ် မြို့တွင်း နေ့တစ်ပိုင်း အခမဲ့ ပြေးဆွဲမည်

တာချီလိတ်မြို့မဈေး တောင်ဘက် ဆိုင်ကယ်တတ္ကစီဂိတ်မှ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ်အဖြစ် မြို့တွင်း နေ့တစ်ပိုင်း အခမဲ့ ပြေးဆွဲမည်
ဖေဖော်ဝါရီ 12, 2018
By Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ(၁၃)ရက်နေ့တွင် ကျရောက်မည့် ဗိုလ်ချုပ်အောင်ဆန်း၏ အသက်(၁၀၃)နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ် တာချီလိတ်မြို့မ(ဝမ်ကောင်း)ဈေး၏ တောင်ဘက်ဂိတ် ဆိုင်ကယ် တက္ကစီအဖွဲ့သားများက ဂုဏ်ပြုသောအားဖြင့် ဖေဖော်ဝါရီလ(၁၃)ရက်နေ့ နံနက်(၆)နာရီမှ နေ့လည်(၁၂)နာရီအချိန် အထိ ခရီးသည်များအား မြို့တွင်းသို့ အခမဲ့ လိုက်လံပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~