ရန္ကုန္ရိွ စိတ္က်န္းမာေရးေဆးရံုတြင္ လူဦးေရ ၃၀၀ ေက်ာ္ ေဝဒနာသက္သာသြားေသာ္လည္း ေနရပ္ျပန္ရန္ ျပန္လည္ လက္ခံမည့္သူမ်ားအား ဆက္သြယ္မရျဖစ္ေန

ရန္ကုန္ရိွ စိတ္က်န္းမာေရးေဆးရံုတြင္ လူဦးေရ ၃၀၀ ေက်ာ္ ေဝဒနာသက္သာသြားေသာ္လည္း ေနရပ္ျပန္ရန္ ျပန္လည္ လက္ခံမည့္သူမ်ားအား ဆက္သြယ္မရျဖစ္ေန
ဖေဖော်ဝါရီ 20, 2018
By Tachileik News Agency

ရန္ကုန္ၿမိဳ႕ရိွ စိတ္က်န္းမာေရး ေဆးရံုတြင္ ေဒသအသီးသီးမွ လာေရာက္ ေဆးကုသမႈခံယူၿပီး ေဝဒနာ သက္သာေကာင္းမြန္သြားသည့္  လူဦးေရ(၃၀၀)ေက်ာ္မွာ ျပန္လည္လက္ခံမည့္မိသားစုမ်ားႏွင့္ ဆက္သြယ္၍ မရသျဖင့္ ေနရပ္ျပန္ႏုိင္ျခင္း မရိွေၾကာင္း သိရသည္။

“ေသာင္တင္ေနတဲ့ လူနာေတြလို႔ ေျပာရမွာေပါ့။ ကၽြန္ေတာ္ ေဆးရံုစေရာက္တဲ့အခ်ိန္ကေန အခုထိအခ်ိန္ကာလ ႏွစ္ႏွစ္ေက်ာ္မွာ ပိုမ်ားလာတယ္။ လူနာေတြက အဓိကအားျဖင့္ နယ္ေတြကေန လာပို႔တဲ့လူနာေတြကို အိမ္ျပန္ ပို႔ရ ခက္ခဲတယ္။ သူတို႔အိမ္ေတြက မေစာင့္ေရွာက္ခ်င္တာေတြေၾကာင့္ ေဆးရံုကို လာပို႔ကတည္းက လိပ္စာအမွား၊ ဖုန္းနံပါတ္အမွားေတြ ေပးထားခဲ့တာေတြေၾကာင့္ လူနာေတြ သက္သာသြားသည့္တိုင္ ေနရပ္ေတြကိုျပန္ပို႔ရ ခက္တယ္။ ေဆးရံုမွာပဲ ေသာင္တင္ေနတယ္” ဟု စိတ္က်န္းမာေရးေဆးရံုႀကီး (ရန္ကုန္) ပညာဌာန၊ (ေဆးတကၠသိုလ္ ၁ ) မွ ပါေမာကၡ ေဒါက္တာ တင္ဦးက ေျပာသည္။

စိတ္က်န္းမာေရးလူနာမ်ားအတြက္ လူထုအေျချပဳစိတ္က်န္းမာေရးေစာင့္ေရွာက္မႈ မရွိသေလာက္ နည္းပါးေနရာ လူနာမ်ားအေနျဖင့္ ေဆးရံုသို႔သာ လာေရာက္ကုသမႈခံယူေနၾကရျခင္းျဖစ္ေၾကာင္း သိရသည္။

“အဓိက ကေတာ့ စိတ္က်န္းမာေရးနဲ႔ပတ္သက္တဲ့ လူထုအေျချပဳေစာင့္ေရွာက္ေရးလုပ္ငန္းေတြ၊ စိတ္က်န္းမာ ေရး ေစာင့္ေရွာက္မႈအသိပညာေပးလုပ္ငန္းေတြ ပိုမ်ားမ်ားရွိဖို႔လိုတယ္။ ႏိုင္ငံတကာမွာဆိုရင္ ေဆးရံုႀကီးမွာမွ မဟုတ္ဘဲ နယ္ေတြက ဆရာဝန္ေတြက စိတ္က်န္းမာေရးကို အတိုင္းအတာ တစ္ခုအထိ ကုသဖို႔  ကၽြမ္းက်င္တယ္။ ကုသခြင့္လည္း ရွိတယ္။ ဒီမွာကေတာ့ ဆရာဝန္အေရအတြက္လည္း နည္းတယ္။ အခြင့္လည္း အဲဒီေလာက္ မရွိဘူးဆိုေတာ့ စိတ္ေဝဒနာတစ္ခုခုျဖစ္လာရင္ အိမ္မွာထိန္းသိမ္းၾကတယ္။ ေနာက္ဆံုးမႏိုင္ေတာ့ဘူးဆိုမွ ေဆးရံုကို ေရာက္လာတယ္” ဟု  ပါေမာကၡေဒါက္တာတင္ဦးက ေျပာသည္။

ရန္ကုန္ရိွ စိတ္က်န္းမာေရးေဆးရံုႀကီးမွ လူနာေဆာင္ (၁၁)ေဆာင္တြင္ လူနာဦးေရ (၁၆၀၀)ေက်ာ္ ခန္႔ရွိေနၿပီး လူနာ(၅၀၀)ေက်ာ္အား ေဆးရံုမွ အဟာရေကၽြးေမြးေနျခင္းျဖစ္ရာ ေန႔စဥ္ ကုန္က်စရိတ္ ပ်မ္းမွ် က်ပ္ (၁၅)သိန္းဝန္းက်င္ ကုန္က်ေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရန်ကုန်မြို့ရှိ စိတ်ကျန်းမာရေး ဆေးရုံတွင် ဒေသအသီးသီးမှ လာရောက် ဆေးကုသမှုခံယူပြီး ဝေဒနာ သက်သာကောင်းမွန်သွားသည့် လူဦးရေ(၃၀၀)ကျော်မှာ ပြန်လည်လက်ခံမည့်မိသားစုများနှင့် ဆက်သွယ်၍ မရသဖြင့် နေရပ်ပြန်နိုင်ခြင်း မရှိကြောင်း သိရသည်။

“သောင်တင်နေတဲ့ လူနာတွေလို့ ပြောရမှာပေါ့။ ကျွန်တော် ဆေးရုံစရောက်တဲ့အချိန်ကနေ အခုထိအချိန်ကာလ နှစ်နှစ်ကျော်မှာ ပိုများလာတယ်။ လူနာတွေက အဓိကအားဖြင့် နယ်တွေကနေ လာပို့တဲ့လူနာတွေကို အိမ်ပြန် ပို့ရ ခက်ခဲတယ်။ သူတို့အိမ်တွေက မစောင့်ရှောက်ချင်တာတွေကြောင့် ဆေးရုံကို လာပို့ကတည်းက လိပ်စာအမှား၊ ဖုန်းနံပါတ်အမှားတွေ ပေးထားခဲ့တာတွေကြောင့် လူနာတွေ သက်သာသွားသည့်တိုင် နေရပ်တွေကိုပြန်ပို့ရ ခက်တယ်။ ဆေးရုံမှာပဲ သောင်တင်နေတယ်” ဟု စိတ်ကျန်းမာရေးဆေးရုံကြီး (ရန်ကုန်) ပညာဌာန၊ (ဆေးတက္ကသိုလ် ၁ ) မှ ပါမောက္ခ ဒေါက်တာ တင်ဦးက ပြောသည်။

စိတ်ကျန်းမာရေးလူနာများအတွက် လူထုအခြပြေုစိတ်ကျန်းမာရေးစောင့်ရှောက်မှု မရှိသလောက် နည်းပါးနေရာ လူနာများအနဖြေင့် ဆေးရုံသို့သာ လာရောက်ကုသမှုခံယူနကြေရခြင်းဖြစ်ကြောင်း သိရသည်။

“အဓိက ကတော့ စိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့ လူထုအခြပြေုစောင့်ရှောက်ရေးလုပ်ငန်းတွေ၊ စိတ်ကျန်းမာ ရေး စောင့်ရှောက်မှုအသိပညာပေးလုပ်ငန်းတွေ ပိုများများရှိဖို့လိုတယ်။ နိုင်ငံတကာမှာဆိုရင် ဆေးရုံကြီးမှာမှ မဟုတ်ဘဲ နယ်တွေက ဆရာဝန်တွေက စိတ်ကျန်းမာရေးကို အတိုင်းအတာ တစ်ခုအထိ ကုသဖို့ ကျွမ်းကျင်တယ်။ ကုသခွင့်လည်း ရှိတယ်။ ဒီမှာကတော့ ဆရာဝန်အရေအတွက်လည်း နည်းတယ်။ အခွင့်လည်း အဲဒီလောက် မရှိဘူးဆိုတော့ စိတ်ဝေဒနာတစ်ခုခုဖြစ်လာရင် အိမ်မှာထိန်းသိမ်းကြတယ်။ နောက်ဆုံးမနိုင်တော့ဘူးဆိုမှ ဆေးရုံကို ရောက်လာတယ်” ဟု ပါမောက္ခဒေါက်တာတင်ဦးက ပြောသည်။

ရန်ကုန်ရှိ စိတ်ကျန်းမာရေးဆေးရုံကြီးမှ လူနာဆောင် (၁၁)ဆောင်တွင် လူနာဦးရေ (၁၆၀၀)ကျော် ခန့်ရှိနပြေီး လူနာ(၅၀၀)ကျော်အား ဆေးရုံမှ အဟာရကျွေးမွေးနခြေင်းဖြစ်ရာ နေ့စဉ် ကုန်ကျစရိတ် ပျမ်းမျှ ကျပ် (၁၅)သိန်းဝန်းကျင် ကုန်ကျကြောင်း သိရသည်။

သတင်း #နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~