ပုပၸါးေတာင္ကလပ္တြင္ Cable Car တပ္ဆင္မည့္ စီမံကိန္းအား ေဒသခံမ်ား ကန္႔ကြက္

ပုပၸါးေတာင္ကလပ္တြင္ Cable Car တပ္ဆင္မည့္ စီမံကိန္းအား ေဒသခံမ်ား ကန္႔ကြက္
ဖေဖော်ဝါရီ 12, 2018
By Tachileik News Agency

မႏၱေလးတိုင္းေဒသႀကီး ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္အတြင္းရိွ ပုပၸါးေတာင္ကလပ္တြင္ အိႏၵိယအေျခစိုက္ Damodar Ropeways & Infer Limited ကုမၸဏီမွ Cable Car တပ္ဆင္မည့္ စီမံကိန္းအား ေဒသခံမ်ားက ကန္႔ကြက္လွ်က္ရိွေၾကာင္း သိရသည္။

ပုပၸါးေတာင္ကလပ္တြင္ ေကဘယ္လ္ကားတပ္ဆင္ပါက ပုပၸါးေတာင္၏ သဘာဝအလွမ်ား ပ်က္စီးမည္ႏွင့္ ေတာင္ကိုမီွခိုေနသည့္ ေဒသခံမ်ား၏ အလုပ္အကိုင္မ်ား ေပ်ာက္ကြယ္မည္ကိုစိုးရိမ္၍ ကန္႔ကြက္ၾကျခင္း ျဖစ္ေၾကာင္း သိရသည္။

"ေကဘယ္ကား တပ္ဆင္လိုက္မယ္ဆိုရင္ ဘုရားဖူးဧည့္သည္ေတြဟာ အဲဒီကားနဲ႔ပဲတက္ၾကေတာ့မွာျဖစ္လို႔ ေတာင္တက္ေစာင္းတန္းတစ္ေလွ်ာက္ ေစ်းေရာင္းေနၾကတဲ႔ေစ်းသည္ေတြမွာ ေစ်းေရာင္းၾက ရေတာ႔မွာ မဟုတ္ပါဘူး။ ေဒသခံေတြမွာ ဒီေတာင္ကိုပဲ မီွခိုေနၾကရတဲ႔အတြက္ အဲဒီကားႀကီးတပ္လိုက္လို႔ ေတာင္ၿပိဳမႈျဖစ္ပြားမွာကိုလည္း စိုးရိမ္ရပါတယ္"ဟု ပုပၸါးေတာင္ကလပ္မွ ေဒသခံတစ္ဦးျဖစ္သည့္ ေဒၚသန္းေစာက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ပုပၸါးေက်းရြာအုပ္စုရွိ ပုပၸားရြာ၊ ပုပၸါးေတာင္ကလပ္၊ ေတာဇႏွင့္ သံဘိုေခ်ာင္းဖ်ားစသည္႔ ေက်းရြာမ်ားမွ ေဒသခံ (၅၀၀၀) ေက်ာ္မွာ ပုပၸါးေတာင္ကို အမွီျပဳ၍ အလုပ္အကိုင္လုပ္ကိုင္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

"ေတာင္ကလပ္က တက္ရခက္ေတာ႔ ကေလးေတြေတာင္ သိပ္မတက္ခ်င္ၾကဘူး။ ေဒသခံေတြ လည္း လက္ခံမယ္။ ျပည္တြင္းေရာ ျပည္ပကဧည္႔သည္ေတြအတြက္လည္း အဆင္ေျပမယ္႔ စက္ေလွကား ေသာ္လည္းေကာင္း၊ဓာတ္ေလွကားေသာ္လည္းေကာင္း တပ္ဆင္မယ္ဆိုရင္ ပိုၿပီးစည္ကားလာႏိုင္မယ္လို႔ ထင္ပါတယ္။ ဒါေပမဲ့ အဲဒါေတြလုပ္လိုက္လို႔ ေတာင္ေတာ္ႀကီးပ်က္ဆီးသြားမွာမ်ိဳးေတာ႔ မျဖစ္ေစခ်င္ပါဘူး" ဟု ပုပၸါးေတာင္ကလပ္ေဂါပကအဖြဲ႔ အတြင္းေရးမွဴး ဦးသက္က ေျပာသည္။

ပုပၸါးေတာင္သည္ မီးေတာင္ေက်ာက္တံုးမ်ားျဖင္႔ တဲြဆက္ထားသည္႔ ေတာင္အမ်ိဳးအစားျဖစ္၍ အလႈပ္မခံသျဖင္႔ ဘူမိေဗဒအျမင္အရ ေတာင္ကလပ္တြင္ Cable Car တပ္ဆင္ရန္မွာ မျဖစ္ႏိုင္ေၾကာင္း ဘူမိေဗဒပညာရွင္တစ္ဦးက သံုးသပ္သည္။

"လုပ္ပံုကိုင္ပံုမွားလို႔ ေတာင္ကလပ္ၿပိဳဆင္းသြားရင္ သမိုင္းတရားခံေတြျဖစ္ကုန္မွာ။ အေသးစိတ္ တိုင္းတာေနစရာ မလိုဘဲ အၾကမ္းသေဘာေျပာရမယ္ ဆိုရင္ကို သိပ္မေကာင္းလွဘူး။ ေတာင္ကလပ္ ေပၚမွာ Cable Car အတြက္ ဆံုလည္ထိုင္ဖို႔ေနရာနဲ႔ အဲဒီအတြက္ အေဆာက္အဦေနရာေတြ အတြက္လည္း အခက္အခဲရိွတယ္။ တုန္ခါမႈေၾကာင္႔လည္း ေတာင္မွာအႏၱရာယ္ရိွႏိုင္တယ္။ ေတာင္ရဲ႕ အလွလည္း ပ်က္မယ္"ဟု ဘူမိေဗဒပညာရွင္ ဦးသန္းထြန္းက သံုးသပ္ေျပာၾကားသည္။

အိႏိၵယအေျခစိုက္ကုမၸဏီ Damodar Ropeways & Infar Limited မွ သြယ္တန္းတပ္ဆင္မည့္ ေကာင္းကင္ ေကဘယ္လ္ကားစီမံကိန္းအား ကန္႔ကြက္ေၾကာင္း ေဒသခံ (၄၀၀) ေက်ာ္က လက္မွတ္ထိုး ကန္႔ကြက္ထားသည့္စာကို မႏၱေလးတိုင္းေဒသႀကီး အစိုးရအဖဲြ႔ ဝန္ႀကီးခ်ဳပ္ထံ ေဖေဖာ္ဝါရီ (၇) ရက္က ေပးပို႔ထားေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု #ဖီးနစ္



~~~~~~~~⊰❂ unicode ~~~~~~~~

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ပုပ္ပါးတောင်ကလပ်တွင် အိန္ဒိယအခြေစိုက် Damodar Ropeways & Infer Limited ကုမ္ပဏီမှ Cable Car တပ်ဆင်မည့် စီမံကိန်းအား ဒေသခံများက ကန့်ကွက်လျှက်ရှိကြောင်း သိရသည်။

ပုပ္ပါးတောင်ကလပ်တွင် ကေဘယ်လ်ကားတပ်ဆင်ပါက ပုပ္ပါးတောင်၏ သဘာဝအလှများ ပျက်စီးမည်နှင့် တောင်ကိုမှီခိုနေသည့် ဒေသခံများ၏ အလုပ်အကိုင်များ ပျောက်ကွယ်မည်ကိုစိုးရိမ်၍ ကန့်ကွက်ကြခြင်း ဖြစ်ကြောင်း သိရသည်။

"ကေဘယ်ကား တပ်ဆင်လိုက်မယ်ဆိုရင် ဘုရားဖူးဧည့်သည်တွေဟာ အဲဒီကားနဲ့ပဲတက်ကြတော့မှာဖြစ်လို့ တောင်တက်စောင်းတန်းတစ်လျှောက် ဈေးရောင်းနကြေတဲ့ဈေးသည်တွေမှာ ဈေးရောင်းကြ ရတော့မှာ မဟုတ်ပါဘူး။ ဒေသခံတွေမှာ ဒီတောင်ကိုပဲ မှီခိုနကြေရတဲ့အတွက် အဲဒီကားကြီးတပ်လိုက်လို့ တောင်ပြိုမှုဖြစ်ပွားမှာကိုလည်း စိုးရိမ်ရပါတယ်"ဟု ပုပ္ပါးတောင်ကလပ်မှ ဒေသခံတစ်ဦးဖြစ်သည့် ဒေါ်သန်းစောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပုပ္ပါးကျေးရွာအုပ်စုရှိ ပုပ္ပါးရွာ၊ ပုပ္ပါးတောင်ကလပ်၊ တောဇနှင့် သံဘိုချောင်းဖျားစသည့် ကျေးရွာများမှ ဒေသခံ (၅၀၀၀) ကျော်မှာ ပုပ္ပါးတောင်ကို အမှီပြု၍ အလုပ်အကိုင်လုပ်ကိုင်နခြေင်းဖြစ်ကြောင်း သိရသည်။

"တောင်ကလပ်က တက်ရခက်တော့ ကလေးတွေတောင် သိပ်မတက်ချင်ကြဘူး။ ဒေသခံတွေ လည်း လက်ခံမယ်။ ပြည်တွင်းရော ပြည်ပကဧည့်သည်တွေအတွက်လည်း အဆင်ပြေမယ့် စက်လှေကား သော်လည်းကောင်း၊ဓာတ်လှေကားသော်လည်းကောင်း တပ်ဆင်မယ်ဆိုရင် ပိုပြီးစည်ကားလာနိုင်မယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ အဲဒါတွေလုပ်လိုက်လို့ တောင်တော်ကြီးပျက်ဆီးသွားမှာမျိုးတော့ မဖြစ်စေချင်ပါဘူး" ဟု ပုပ္ပါးတောင်ကလပ်ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးသက်က ပြောသည်။

ပုပ္ပါးတောင်သည် မီးတောင်ကျောက်တုံးများဖြင့် တွဲဆက်ထားသည့် တောင်အမျိုးအစားဖြစ်၍ အလှုပ်မခံသဖြင့် ဘူမိဗေဒအမြင်အရ တောင်ကလပ်တွင် Cable Car တပ်ဆင်ရန်မှာ မဖြစ်နိုင်ကြောင်း ဘူမိဗေဒပညာရှင်တစ်ဦးက သုံးသပ်သည်။

"လုပ်ပုံကိုင်ပုံမှားလို့ တောင်ကလပ်ပြိုဆင်းသွားရင် သမိုင်းတရားခံတွဖြေစ်ကုန်မှာ။ အသေးစိတ် တိုင်းတာနေစရာ မလိုဘဲ အကြမ်းသဘောပြောရမယ် ဆိုရင်ကို သိပ်မကောင်းလှဘူး။ တောင်ကလပ် ပေါ်မှာ Cable Car အတွက် ဆုံလည်ထိုင်ဖို့နေရာနဲ့ အဲဒီအတွက် အဆောက်အဦနေရာတွေ အတွက်လည်း အခက်အခဲရှိတယ်။ တုန်ခါမှုကြောင့်လည်း တောင်မှာအန္တရာယ်ရှိနိုင်တယ်။ တောင်ရဲ့ အလှလည်း ပျက်မယ်"ဟု ဘူမိဗေဒပညာရှင် ဦးသန်းထွန်းက သုံးသပ်ပြောကြားသည်။

အိနိ္ဒယအခြေစိုက်ကုမ္ပဏီ Damodar Ropeways & Infar Limited မှ သွယ်တန်းတပ်ဆင်မည့် ကောင်းကင် ကေဘယ်လ်ကားစီမံကိန်းအား ကန့်ကွက်ကြောင်း ဒေသခံ (၄၀၀) ကျော်က လက်မှတ်ထိုး ကန့်ကွက်ထားသည့်စာကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ထံ ဖေဖော်ဝါရီ (၇) ရက်က ပေးပို့ထားကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~