မေကြးတြင္ Book CLUB စာေပစကားဝိုင္းမ်ားကို ေဖေဖာ္ဝါရီလမွစ၍ တစ္လႏွစ္ႀကိမ္ျပဳလုပ္မည္

မေကြးတြင္ Book CLUB စာေပစကားဝိုင္းမ်ားကို ေဖေဖာ္ဝါရီလမွစ၍ တစ္လႏွစ္ႀကိမ္ျပဳလုပ္မည္
ဖေဖော်ဝါရီ 5, 2018
By 🌸
စာဖတ္ရိွန္ျမွင္႔တင္ေရးႏွင္႔ သုတ/ရသစာေပဖံြ႔ၿဖိဳး တိုးတက္ေစေရးတို႔အတြက္ ေဖေဖာ္ဝါရီ(၁၁)ရက္ေန႔မွစတင္၍ စာေပစကားဝိုင္းမ်ားကို မေကြးၿမိဳ႕တြင္ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း BOOK CLUB ေကာ္မတီထံမွ သိရသည္။

"BOOK CLUB ရဲ႕ အဓိကဦးတည္ခ်က္ျဖစ္တဲ႔ လူငယ္ေတြေရာ လူႀကီးေတြပါ စာေပဖတ္ရႈမႈ အားေကာင္းလာေစဖို႔နဲ႔ တိမ္ျမဳပ္လုမတတ္ျဖစ္ေနတဲ႔ သုတနဲ႔ ရသစာေပ ရွင္သန္ဖံြ႔ၿဖိဳးလာေစေရးတို႔အတြက္ လာမယ္႔ေဖေဖာ္ဝါရီ (၁၁) ရက္ေန႔ကစတင္ၿပီး (၁၅) ရက္တစ္ႀကိမ္ စာေပစကားဝိုင္းေတြ ျပဳလုပ္သြားမွာျဖစ္ပါတယ္။ ပထမဆံုးအႀကိမ္ျပဳလုပ္မယ့္ စာေပစကားဝိုင္းကို တိုင္းျပန္/ဆက္ Community စင္တာမွာ ျပဳလုပ္မွာျဖစ္ၿပီး အသင္းဝင္ေတြေရာ မဝင္ရေသးသူ မည္သူမဆို တက္ေရာက္လို႔ရပါတယ္"ဟု BOOK CLUB ေကာ္မတီ ျပန္ၾကားေရးတာဝန္ခံ ဦးေဌးလင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ BOOK CLUB အား နာယက( ၅)ဦး၊ အႀကံေပး (၆)ဦး၊ ေကာ္မတီ(၁၉)ဦးတို႔ျဖင္႔ ဇန္နဝါရီလ ( ၇ ) ရက္ေန႔တြင္ စတင္ဖဲြ႔စည္းခဲ႔ျခင္းျဖစ္ၿပီး မေကြးတိုင္းအတြင္း ၿမိဳ႕ေပၚႏွင္႔ေက်းရြာအသီးသီးမွ အသင္းဝင္မ်ား ပါဝင္လာေစေရး စည္းရံုး ဖိတ္ေခၚသြားမည္ျဖစ္ေၾကာင္း သိရသည္။

"စာေပဝိုင္းစတင္ျပဳလုပ္တဲ႔ေန႔မတိုင္မီမွာပဲ အသင္းဝင္လိုသူေတြကို လူကိုယ္တိုင္သာမဟုတ္ဘဲ အြန္လိုင္းကေန အသင္းဝင္ေဖာင္ျဖည္႔တင္ႏိုင္ေအာင္ ေဆာင္ရြက္သြားမွာပါ။ အသင္းရန္ပံုေငြအတြက္ အသင္းဝင္ေတြအေနနဲ႔ လစဥ္ေၾကး တစ္ေထာင္က်ပ္ ေပးသြင္းရမွာျဖစ္ေပမဲ့ မျဖစ္မေန ေပးသြင္းရမွာမ်ိဳးေတာ႔မဟုတ္ပါဘူး"ဟု အသင္း အတြင္းေရးမွဴး ဦးကိုကိုႏိုင္ကေျပာသည္။

BOOK CLUB အေနျဖင္႔ တိုင္းအတြင္း ၿမိဳ႕ေပၚႏွင္႔ ၿမိဳ႕နယ္အသီးသီးရိွ စာၾကည္႔တိုက္မ်ားဖံြ႔ၿဖိဳးတိုး တက္ေစေရး၊ ရပ္ကြက္ေက်းရြာမ်ား၊ အစိုးရေက်ာင္းမ်ား၊ ပုဂၢလိကေက်ာင္းမ်ား၊ ဘုန္းေတာ္ႀကီးသင္ေက်ာင္းႏွင္႔ သီလရွင္စာ သင္ေက်ာင္းမ်ားက ဖိတ္ေခၚပါက ပညာေရးႏွင္႔ပတ္သက္၍လည္းေကာင္း၊ သုတ/ရသစာေပႏွင္႔ပတ္ သက္၍လည္းေကာင္း ေဟာေျပာပဲြမ်ား ျပဳလုပ္ေပးမည္ျဖစ္ၿပီး စာေပ၊ ပန္းခ်ီ၊ ပံုေျပာ၊ က်ပန္းစကား ေျပာၿပိဳင္ပဲြမ်ားကိုလည္း ျပဳလုပ္ေပးသြားရန္ ရည္ရြယ္ထားေၾကာင္း သိရသည္။

သတင္း #ဖီးနစ္

~~~~~~~~⊰❂ unicode ~~~~~~~~
မကွေးတွင် Book CLUB စာပေစကားဝိုင်းများကို ဖေဖော်ဝါရီလမှစ၍ တစ်လနှစ်ကြိမ်ပြုလုပ်မည်
************
စာဖတ်ရှိန်မြှင့်တင်ရေးနှင့် သုတ/ရသစာပေဖွံ့ဖြိုး တိုးတက်စေရေးတို့အတွက် ဖေဖော်ဝါရီ(၁၁)ရက်နေ့မှစတင်၍ စာပေစကားဝိုင်းများကို မကွေးမြို့တွင်ပြုလုပ်သွားမည်ဖြစ်ကြောင်း BOOK CLUB ကော်မတီထံမှ သိရသည်။

"BOOK CLUB ရဲ့ အဓိကဦးတည်ချက်ဖြစ်တဲ့ လူငယ်တွေရော လူကြီးတွေပါ စာပေဖတ်ရှုမှု အားကောင်းလာစေဖို့နဲ့ တိမ်မြုပ်လုမတတ်ဖြစ်နေတဲ့ သုတနဲ့ ရသစာပေ ရှင်သန်ဖွံ့ဖြိုးလာစေရေးတို့အတွက် လာမယ့်ဖေဖော်ဝါရီ (၁၁) ရက်နေ့ကစတင်ပြီး (၁၅) ရက်တစ်ကြိမ် စာပေစကားဝိုင်းတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ပထမဆုံးအကြိမ်ပြုလုပ်မယ့် စာပေစကားဝိုင်းကို တိုင်းပြန်/ဆက် Community စင်တာမှာ ပြုလုပ်မှာဖြစ်ပြီး အသင်းဝင်တွေရော မဝင်ရသေးသူ မည်သူမဆို တက်ရောက်လို့ရပါတယ်"ဟု BOOK CLUB ကော်မတီ ပြန်ကြားရေးတာဝန်ခံ ဦးဌေးလင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ BOOK CLUB အား နာယက( ၅)ဦး၊ အကြံပေး (၆)ဦး၊ ကော်မတီ(၁၉)ဦးတို့ဖြင့် ဇန်နဝါရီလ ( ရ ) ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး မကွေးတိုင်းအတွင်း မြို့ပေါ်နှင့်ကျေးရွာအသီးသီးမှ အသင်းဝင်များ ပါဝင်လာစေရေး စည်းရုံး ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း သိရသည်။

"စာပေဝိုင်းစတင်ပြုလုပ်တဲ့နေ့မတိုင်မီမှာပဲ အသင်းဝင်လိုသူတွေကို လူကိုယ်တိုင်သာမဟုတ်ဘဲ အွန်လိုင်းကနေ အသင်းဝင်ဖောင်ဖြည့်တင်နိုင်အောင် ဆောင်ရွက်သွားမှာပါ။ အသင်းရန်ပုံငွေအတွက် အသင်းဝင်တွေအနေနဲ့ လစဉ်ကြေး တစ်ထောင်ကျပ် ပေးသွင်းရမှာဖြစ်ပေမဲ့ မဖြစ်မနေ ပေးသွင်းရမှာမျိုးတော့မဟုတ်ပါဘူး"ဟု အသင်း အတွင်းရေးမှူး ဦးကိုကိုနိုင်ကပြောသည်။

BOOK CLUB အနေဖြင့် တိုင်းအတွင်း မြို့ပေါ်နှင့် မြို့နယ်အသီးသီးရှိ စာကြည့်တိုက်များဖွံ့ဖြိုးတိုး တက်စေရေး၊ ရပ်ကွက်ကျေးရွာများ၊ အစိုးရကျောင်းများ၊ ပုဂ္ဂလိကကျောင်းများ၊ ဘုန်းတော်ကြီးသင်ကျောင်းနှင့် သီလရှင်စာ သင်ကျောင်းများက ဖိတ်ခေါ်ပါက ပညာရေးနှင့်ပတ်သက်၍လည်းကောင်း၊ သုတ/ရသစာပေနှင့်ပတ် သက်၍လည်းကောင်း ဟောပြောပွဲများ ပြုလုပ်ပေးမည်ဖြစ်ပြီး စာပေ၊ ပန်းချီ၊ ပုံပြော၊ ကျပန်းစကား ပြောပြိုင်ပွဲများကိုလည်း ပြုလုပ်ပေးသွားရန် ရည်ရွယ်ထားကြောင်း သိရသည်။

သတင်း #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~