{ေဆာင္းပါး} ႀကီးျမတ္ထြဋ္ေခါင္ ဇလံုေတာင္

{ေဆာင္းပါး} ႀကီးျမတ္ထြဋ္ေခါင္ ဇလံုေတာင္
ဖေဖော်ဝါရီ 16, 2018
By Tachileik News Agency
  ႀကီးျမတ္ထြဋ္ေခါင္ ဇလံုေတာင္ ။   ။ ေဆာင္းပါးရွင္ -  ေမာင္ယဥ္ေက်း

ဒီဇင္ဘာ ေနာက္ဆံုးပတ္မို႔ ရာသီဥတုက ေအးျမလွ်က္ရွိသလို ဝန္းက်င္တခြင္ နွင္းမႈန္မ်ားက ရစ္သိုင္းလို႔ေနသည္။

ရွမ္းႏွင့္ ကဒူးတိုင္းရင္းသားတို႕ေမြ႕ေပ်ာ္ရာ ဗန္းေမာက္ၿမိဳ႕သည္ စစ္ကိုင္းတိုင္းေဒသႀကီး ကသာခရိုင္အတြင္း တည္ရွိၿပီး  ယခင္က သစ္လုပ္ငန္း ၊ လယ္ယာစိုက္ပ်ိဳးေရးလုပ္ငန္းမ်ားျဖင့္ အသက္ေမြး၀မ္းေက်ာင္း ျပဳၾကကာ လမ္းပန္းဆက္သြယ္ေရး အခက္အခဲေၾကာင့္ မထင္မရွားသာ ရပ္တည္ခဲ့ရာမွ  ႀကီးျမတ္ထြ႗္ေခါင္ ဇလံုေတာင္ေစတီေတာ္ေၾကာင့္ ယခုဆယ္စုႏွစ္အတြင္း အထူးပင္ ထင္ရွားလာေသာ ၿမိဳ႕ေလးတစ္ၿမိဳ႕ျဖစ္ေပသည္။

ကၽြန္ေတာ္တို႔အဖြဲ႕ ယမန္ေန႔က မႏၱေလးၿမိဳ႕မွ နံနက္ ၇ နာရီခန္႔တြင္ မႏၱေလး - တေကာင္း - ထီးခ်ိဳင့္လမ္း အတိုင္း ပါတ္၀န္းက်င္၏ အလွအပမ်ားကို ၾကည့္ရႈခံစားရင္း ခပ္မွန္မွန္ေလး ေမာ္ေတာ္ယာဥ္ကို ေမာင္းႏွင္လာခဲ့ၾကရာ ေန႔လယ္စာ စားခ်ိန္တြင္ေတာ့ ဧရာ၀တီျမစ္အေနာက္ဖက္ကမ္းရွိ ထီးခ်ိဳင့္ၿမိဳ႕သို႔ ေရာက္ရွိကာ ေန႕လယ္စာစားရင္း ေခတၱအနားယူၾကသည္။

ထီးခ်ိဳင့္မွ ဆက္ထြက္လာခဲ့ရာ (၁၈) မိုင္ခန္႔ အကြာအေ၀းအေရာက္တြင္ ေရႊဘို - ျမစ္ႀကီးနား မဟာဗ်ဴဟာလမ္းမႀကီးႏွင့္ ေပါင္းဆံုသြားၿပီး ယင္းလမ္းမႀကီးအတိုင္း ဆက္လက္ေမာင္းႏွင္လာခဲ့ၾကရာ အင္းေတာ္ၿမိဳ႕ေလးသို႔ ေရာက္ရွိခဲ့ၿပီး လမ္းခြဲမွ တဆင့္ အေနာက္ေျမာက္ဖက္သို႕ ဆက္လက္ ေမာင္းႏွင္လာခဲ့ၾကရာ အင္းေတာ္ၿမိဳ႕ႏွင့္ (၄၃) ကီလိုမီတာကြာ ေဝးေသာ ဗန္းေမာက္ၿမိဳ႕ေလးသို႕ ေနမေစာင္းခင္ ေရာက္ရွိခဲ့ၾကသည္။

လမ္းပန္းဆက္သြယ္ေရးမ်ားကား အေတာ္ေလးပင္ တိုးတက္ေကာင္းမြန္လာၿပီျဖစ္သည္။ အင္းေတာ္ႏွင့္ ဗန္းေမာက္ၿမိဳ႕ အၾကားတြင္ေတာ့ လမ္းအနည္းငယ္ ၾကမ္းတမ္းေသးေသာ္လည္း ေဆာက္လုပ္ေရး ၀န္ႀကီးဌာနမွ လမ္း - တံတားမ်ား ျပဳျပင္ ေဆာင္ရြက္ေနသည္ကို ေတြ႕ရွိရသည့္အတြက္ မၾကာမီ ေကာင္းမြန္လာေတာ့မည္ျဖစ္သည္။

ဗန္းေမာက္ၿမိဳ႕ေလးကား ဇလံုေတာင္ေစတီေတာ္ႀကီးေၾကာင့္ ခရီးသည္ ၀င္ထြက္မႈ မ်ားျပားလာၿပီျဖစ္သည့္ အတြက္ ဧည့္ရိပ္သာအခ်ိဳ႕ ရွိေနၿပီျဖစ္ေသာ္လည္း အဆင့္မီဟိုတယ္၊ မိုတယ္မ်ားေတာ့ လိုအပ္ေနေပေသးသည္။

Golden Top ဧည့္ရိပ္သာတြင္ ကြ်န္ေတာ္တို႔အဖြဲ႕ တည္းခိုၾကေတာ့ ႏွစ္ေယာက္အိပ္ခန္းတစ္ခန္းကို က်ပ္ေျခာက္ေထာင္သာ က်သင့္သည္မို႕ အံ့ၾသမိရပါသည္။ သန္္႕ရွင္းသပ္ရပ္ၿပီး ဆက္ဆံေရးလည္း ခ်ိဳသာၾကေပသည္။ ( ၂၀၁၇ခုႏွစ္ ဒီဇင္ဘာလအတြင္းက ျဖစ္သည္ )

ခဏတျဖဳတ္နားေနၾကၿပီး ဗန္းေမာက္ၿမိဳ႕ထဲ လမ္းေလွ်ာက္ထြက္ကာ ညစာစားၾကေတာ့ ႏွစ္(၂၀) ခန္႔ ကြဲကြာေနခဲ့ရသည့္ ဟင္းေလွာ္ - ဟင္းေပါင္းေတြကိုေတြ႕ေတာ့ အားရပါးရစားၾကျပန္သည္။

က်သင့္ေငြရွင္းေတာ့လည္း လူေလးေယာက္စားတာ က်ပ္ငါးေထာင္ပင္မေက်ာ္။ ဒီေဒသတြင္ ေငြေၾကးအေတာ္အသင့္ တန္ဘိုးရွိေသးသည္ကို ေတြ႕ရသည္။ ထမင္းစားၿပီးေနာက္ ဗန္းေမာက္ ေခါပုပ္မီးကင္ပူပူေလးကို အေၾကာ္စံု ၊ မုန္႕ေပါင္းေတြႏွင့္စားၾကျပန္ ေတာ့လည္း ေစ်းနႈန္းက အလြန္ခ်ိဳသာေနျပန္သည္။

ေဒသခံမ်ားႏွင့္ စကားစျမည္ေျပာၾကည့္ရာ  ရိုးသားျဖဴစင္ၾကသည္ကိုေတြ႕ရသည္။ ေမ့မရေသာ ညတစ္ညပင္ျဖစ္သည္။

လြန္ခဲ့ေသာ ႏွစ္(၂၀)ခန္႕က  ကဒူး - ကနန္း တိုင္းရင္းသားတို႕ေပ်ာ္စံရာေဒသတြင္ ေနထိုင္ခဲ့ရသည့္ ငယ္ဘ၀ကို ျပန္ေျပာင္းသတိရမိသည္။ ဗန္းေမာက္ၿမိဳ႕သူၿမိဳ႕သားမ်ားႏွင့္ေတြ႕ဆံုရသည္ကို ကြဲကြာေနေသာ ေဆြမ်ိဳး မ်ားႏွင့္ ျပန္လည္ဆံုဆည္းရသလိုပင္ ခံစားရသည္။

ေနာက္တစ္ရက္ နံနက္ေစာေစာတြင္  ဆန္စီးေခါက္ဆြဲႏွင့္ လက္ဖက္ရည္က်ဆိမ့္ေလးေသာက္ၿပီး ဇလံုေတာင္ေစတီေတာ္သို႔ သြားေရာက္ဖူးေမွ်ာ္ရန္ ထြက္ခြာခဲ့ၾကသည္။ ေမာ္ေတာ္ယာဥ္အား ႏွင္းမႈန္ ဖြဲဖြဲၾကားမွ မွန္မွန္ေလးေမာင္းႏွင္လာခဲ့ၾကရာ မိနစ္ (၂၀) ခန႔္အၾကာတြင္ တယ္ပင္ျပန္႔စခန္းသို႔ ေရာက္ရွိလာသည္။

တယ္ပင္ျပန္႔စခန္းတြင္ ကၽြန္ေတာ္တို႔၏ ေမာ္ေတာ္ယာဥ္မ်ားကို ထားခဲ့ၿပီး ေတာင္တက္ယာဥ္လိုင္းမွ ေမာ္ေတာ္ယာဥ္ျဖင့္ တက္ရမည္ျဖစ္သည္။ ျမင့္မားမတ္ေစာက္ၿပီး အခ်ိဳးအေကြ႕လည္းမ်ားသလို ေရတိုက္စားထားသည့္ ေျမသားလမ္းအေတာ္မ်ားမ်ား ရွိေနသည့္အတြက္ စက္အားေကာင္းလွသည့္ 4x4 ယာဥ္မ်ားကို လမ္းအထာ ကၽြမ္းက်င္သည့္ ယာဥ္ေမာင္းမ်ားမွ ေမာင္းႏွင္မွသာ ဘုရားဖူးခရီးသည္မ်ား အႏၱရာယ္ကင္းမည္ ျဖစ္သည္။

ယာဥ္စီးခ တစ္ဦးကို က်ပ္သံုးေထာင္ေပးရပါသည္။ အသြား - အျပန္ဆိုလွ်င္ က်ပ္ေျခာက္ေထာင္က်သင့္ၿပီး ယာဥ္တစ္စီးလွ်င္ (၁၅) ဦးသာတင္ပါသည္။ ဒီေနရာတြင္ တစ္ခုေျပာလိုသည္မွာ ဤယာဥ္လိုင္းသည္ သက္တမ္းႏုနယ္ေသးေသာ္လည္း စီမံခန္႕ခြဲမႈအပိုင္းတြင္ စနစ္က်နသည့္ အတြက္ ခရီးသည္မ်ား က်ိဳက္ထီးရိုးေတာင္တက္ရသလို အလုအယက္တက္ရသည္မ်ိဳးမရွိေပ။ ခ်ိီးက်ဴးမိပါ၏။

ေမာ္ေတာ္ယာဥ္ထြက္လာသည့္အခါ ယာဥ္စီးခသံုးေထာင္မွာ အလြန္ပင္တန္ေၾကာင္း ေတြ႔ရွိရေပသည္။

တကယ့္ကို မတ္ေစာက္ေသာ ေတာင္ႀကီးေတြကို ရင္တဖိုဖို အသည္းတယားယားျဖင့္တက္ရေပသည္။ အခ်ိဳ႕ေနရာမ်ားမွ ေခြးတေမာ့ စိုင္တေမာ့ပမာ  (၄၅) ဒီဂရီမွ် မတ္ေစာက္လြန္းလွသျဖင့္ တစ္စီးၿပီးမွ တစ္စီးေမာင္းႏွင္ရသလို  အတက္အဆင္းယာဥ္မ်ား အႏၱရာယ္ကင္းေစရန္ တာ၀န္ရွိသူမ်ားက စကားေျပာစက္ျဖင့္ ထိန္းညႇိကြပ္ကဲေပးေနၾကရပါသည္။ ဒါ့ေၾကာင့္လည္း ရွစ္မိုင္မွ်သာရွိေသာခရီးကို (၄၅) မိနစ္ တစ္နာရီနီးပါး ေမာင္းႏွင္ရျခင္းျဖစ္ေပသည္။

သဘာ၀ေတာေတာင္မ်ားကား ႀကီးမားစြာ မပ်က္ယြင္းေသးသည့္အတြက္ ႏိုင္ငံျခားသားမ်ား အထူးႏွစ္ၿခိဳက္ႏိုင္သည့္ သဘာ၀ အေျခခံခရီးသြားလုပ္ငန္းကို ထူေထာင္ရန္ အလြန္သင့္ေလ်ာ္ေသာ ေဒသတစ္ခုျဖစ္ေပသည္။

ျမင့္မားမိႈင္းညိဳ႕ေနသည့္ သဘာ၀သစ္ေတာႀကီးေတြက တကယ္ပင္ေအးခ်မ္းလွေပသည္။  အကယ္၍ ဤေဒသအား ခရီးသြားလုပ္ငန္းေဆာင္ရြက္မည္ဆိုပါက လွ်ပ္စစ္မီးႏွင့္ ေမာ္ေတာ္ကားလမ္းကိုသာ ေကာင္းမြန္ေအာင္ေဆာင္ရြက္ၿပီး က်န္သဘာ၀အလွမ်ားကိုေတာ့ ေဂဟစနစ္မပ်က္စီးေစရန္ သဘာ၀အတိုင္းထားေစလိုပါသည္။

ဘုရားဖူးေမာ္ေတာ္ယာဥ္မ်ားသည္ ဇလံုေတာင္မေရာက္မီ လမ္းခုလတ္ရွိ ေက်ာက္မ႑ပ္သို႕ ဦးစြာပို႕ေပးပါသည္။ ႀကီးမားက်ယ္ျပန္႔လွေသာ ေက်ာက္ဖ်ာႀကီးအုပ္မိုးထားသည့္ ေက်ာက္မ႑ပ္ႀကီးကလည္း တကယ့္ကို ရင္သပ္ရႈေမာဖြယ္ရာပင္။ ေက်ာက္မ႑ပ္ေစတီေတာ္အတြက္ အလွဴေငြမ်ား ထည့္ဝင္လွဴဒါန္းၿပီးေနာက္ ဧည့္ခံေကၽြးေမြးသည့္ ဇီးျဖဴသီးဆားရည္စိမ္ေလးက အေမာေျပေစသလို  ဂ်င္းလကၻက္သုပ္ႏွင့္ ေရေႏြးၾကမ္းကလည္း ေတာေခါင္ေခါင္မွ နတ္သုဒၵါေလးပင္ျဖစ္ေပသည္။

ေက်ာက္မ႑ပ္မွ ဆက္လက္ထြက္ခြာလာၾကေတာ့ လမ္းကပိုမို၍ပင္ မတ္ေစာက္လာေပေတာ့သည္။

တစ္ခ်ိန္က ဤေနရာေဒသသည္ ေသာင္းက်န္းသူတို႔လႊမ္းမိုးရာ ေဒသျဖစ္ခဲ့သည့္ အတြက္ လူသူအေရာက္အေပါက္ နည္းလွသည့္ ပီဘိေတာႀကီးမ်က္မည္းျဖစ္ေလသည္။ ၁၉၉၀ ခုႏွစ္တြင္ ေဒသခံ သံဃာေတာ္မ်ားက ခက္ခဲစြာ ရွာေဖြေဖၚထုတ္ႏိုင္ခဲ့သည့္အတြက္ ယခုအခါ လူအမ်ားလြယ္ကူစြာ သြားေရာက္ဖူးေမွ်ာ္ႏိုင္ၾကျခင္းျဖစ္ေပသည္။

ေကာဇာသကၠရာဇ္ ၁၂၃ ခု ၊ ၀ါေတာ္ ၂၀ အရတြင္ ေဂါတမဗုဒၶဘုရားရွင္သည္ ေနာက္ပါရဟႏၱာ အရွင္သူျမတ္ငါးရာၿခံရံလ်က္ သိၾကားမင္းဖန္ဆင္းအပ္ေသာ နတ္ပန္းရထားျဖင့္ ေကာင္းကင္ခရီးမွ ၾကြျမန္းလာခဲ့ရာ အေရွ႕အရပ္တြင္ ဧရာ၀တီ ၊ အေနာက္အရပ္တြင္ သလႅာ၀တီစသည့္ျမစ္ႏွစ္သြယ္တို႕၏ အလယ္ဗဟိုတြင္ ရွိေသာ ေဂါေဒါပလႅင္ေတာင္ေတာ္တြင္ ဧရာပထနတ္နဂါးမင္းသားအဖ၏ ေလွ်ာက္ထား ေတာင္းပန္မႈေၾကာင့္ (၇)ရက္တာမွ် သီတင္းသံုးေတာ္မူကာ နတ္နဂါးမင္းသားအဖကပ္လွဴသည့္ဆြမ္းအား ဘုဥ္းေပးသံုးေဆာင္ ေတာ္မူပါသည္။

ဆြမ္းဘုဥ္းေပးၿပီးေနာက္ က်န္ရွိေသာ ဆြမ္းထမင္းဟင္းမ်ားအား စိန္ေရႊေငြေက်ာက္သံ ပတၱျမားမ်ား ျဖစ္ပါေစသားဟု အဓိဌာန္ျပဳလွ်က္ ေဂါေဒါပလႅင္ေတာင္၏ ၀ဲယာေရွ႕ ေနာက္အား ႀကဲျဖန္႕ေတာ္မူေလသည္။

ထို႕ေၾကာင့္လည္း ဤေတာင္ႀကီးအား ဗဟိုျပဳလွ်က္ ေျမာက္ဖက္ရွိ ဖားကန္႕ေဒသတြင္ ေက်ာက္စိမ္းတြင္းမ်ား၊ အေရွ႕ ၊ အေနာက္ ၊ေတာင္အရပ္တို႕တြင္ ေရႊတြင္းမ်ား ေပါမ်ားစြာတည္ရွိေနသလို အဖိုးတန္ရတနာ ကၽြန္းသစ္မ်ားလည္း လြန္စြာေပါမ်ားလွျခင္း ျဖစ္သည္ဟု ေဒသခံမ်ားက ယံုၾကည္ၾကေပသည္။

ထို႔အျပင္ ဗုဒၶဘုရားရွင္သည္ “ညီဘြား အာနႏၵာ .. ပြင့္ေတာ္မူလတၱံ ့ေသာ အရိမိေတၱယ်ဘုရားရွင္သည္  ေအာင္ေျမေခၚအပ္ ဤေဂါေဒါပလႅင္ေတာင္ကလပ္တြင္ ငါဘုရားကဲ့သို႕ အလွဴခံယူေတာ္မူကာ တရားထူးကိုေဟာၾကားေတာ္မူလိမ့္မည္ဟု .. ဗ်ာဒိတ္ေတာ္ေပးခဲ့သည့္အတြက္ သံေတာင္ (၄၄၄) ေတာင္အျမင့္ရွိသည့္ ဤေတာင္ေတာ္အား မေတၱယ်ဘုရားရွင္ တရားဦးေဟာမည့္ သလြန္ေတာင္ဟု တြင္ခဲ့ေပသည္။ ေနာင္မွ ေဒသခံမ်ားကဇလံုႀကီးေမွာက္ထားသည့္ အသြင္ရွိသည့္အတြက္ ဇလံုေတာင္ဟု ေခၚေ၀ၚခဲ့ၾကသည္မွာ ယေန႕တိုင္ေအာင္ပင္ ျဖစ္ေပသည္။

 သကၠရာဇ္ (၄၉၂)ခုႏွစ္တြင္ ရွင္အရဟံဟု ျမန္မာ့သမိုင္းတြင္ထင္ရွားသည့္ ရွင္ဓမၼဒႆီႏွင့္  တပည့္ျဖစ္သူ ရွင္အာစရတို႕သည္ ဇလံုေတာင္သို႕ၾကြေရာက္လာၾကၿပီး ဣ စၦာသရ လိုတရခ်မ္းသာႀကီး ေအာင္ေတာ္မူ-ေအာင္ဆု ယူေစတီမ်ားအား ပထမဦးစြာတည္ထားေတာ္မူေလသည္။  တဖန္ သကၠရာဇ္ ၁၂၁၁ခုႏွစ္တြင္ ၀ိဇၨာမဟိဒၵၶိအရွင္ဟုထင္ရွားသည့္ ဘုန္းေတာ္ႀကီးဦးသာေအးမွ ေအာင္ေတာ္မူ - ေအာင္ဆုယူ ေစတီေတာ္မ်ားအား ျပန္လည္ျပဳျပင္မြမ္းမံကာ "ေအာင္ေက်ာ္ေအးေအာင္ ဇလံုေတာင္"ဟု သာသနာ့ေမာ္ကြန္းတင္ခဲ့ေလသည္။

ဇလံုေတာင္ဟု ထင္ရွားသည့္ ေက်ာက္ေတာင္ေတာ္ႀကီးမွာ ခမည္းေတာ္ေတာင္ႏွင့္ မယ္ေတာ္ေတာင္ဟူ၍ ႀကီးမားေသာေတာင္ႀကီးႏွစ္လံုး ပူးတြဲတည္ရွိေနၿပီး ထိုေတာင္ႀကီးႏွစ္လံုး၏အေရွ႕ ၀ဲယာတြင္ အနည္းငယ္ေသးေသာ သမီးေတာ္ေတာင္ႏွင့္ သားေတာ္ေတာင္ဟုေခၚတြင္ေသာ ေတာင္ႏွစ္လံုး ပူးတြဲတည္ရွိပါသည္။

လြန္ခဲ့ေသာ ႏွစ္ (၅၀)ခန္႕ကသမီးေတာ္ေတာင္ဟုေခၚတြင္ေသာ ေက်ာက္ေတာင္ႀကီးၿပိဳက်သြားခဲ့ရာ ဗန္းေမာက္နယ္ တစ္နယ္လံုး သိမ့္သိမ့္တုန္ျမည္ဟည္းသြားခဲ့ၿပီး သမီးေတာ္မွာ ခိုးရာလိုက္ေျပးသည္ဟု ေဒသခံမ်ားက ယံုၾကည္ၾကပါသည္။

 သကၠရာဇ္ ၁၂၇၆ ခုႏွစ္တြင္ ကန္ရြာေက်ာင္းဆရာေတာ္ႏွင့္ တိုက္နယ္သူႀကီး ဦးေရႊသီး တို႔က ဦးေဆာင္ကာ ရပ္နီးရပ္ေ၀းမွ ဒါယကာမ်ား၏ကုသိုလ္ေကာင္းမႈျဖင့္ ေၾကးခ်ိန္ (၂၅) ပိႆာရွိေသာ ေခါင္းေလာင္းသြန္းလုပ္လွဴဒါန္းျခင္း ၊ ၁၂၉၇ ခုတြင္ ေသာင္သြတ္နယ္ ဝဲတက္ရြာဇာတိ အရွင္ကုေဝရမွ သားေတာ္ေတာင္တြင္ ဂႏၶကုဋိတိုက္ေစတီ (၅) ဆူတည္ထားျခင္း ၊ ဥာဏ္ေတာ္ (၄) ေပရွိ ပဥၥေလာဟာ ဗ်ာဒိတ္ေပး လိုတိုင္းျပည့္ဗုဒၶရုပ္ပြားေတာ္ သြန္းေလာင္းလွဴဒါန္းျခင္းတို႕ျဖင့္ တတိယအႀကိမ္ သာသနာျပဳေတာ္မူခဲ့ေလသည္။

 တဖန္ ၁၃၁၁ ခုနွစ္တြင္ စက္ေတာကုန္းရိုးႀကီးေက်ာင္းဆရာေတာ္ႀကီးမွ ဦးေဆာင္ကာ ေအာင္ဆုယူ-ေအာင္ေတာ္မူ ေစတီေတာ္မ်ားအား မြမ္းမံကာ ေရႊထီးေတာ္အသစ္တင္လွဴ၍သာသနာျပဳခဲ့ၾကပါသည္။ ယခုလက္ရွိ ဇလံုေတာင္သာသနာ့နယ္ေျမ စည္ပင္ထြန္းကားေရးအတြက္ အားသြန္ခြန္စိုက္ ႀကိဳးပမ္း ေဆာင္ရြက္ေနေတာ္မူသည္မွာ မႏၱေလးၿမိဳ႕ ဥပုသ္ေတာ္ရပ္ စတုဘုမၼိကဆရာေတာ္  အဂၢမဟာ ကမၼဌာနာစရိယ ဘဒၵႏၱ၀ိဇယ အရွင္သူျမတ္ျဖစ္၏။ ဆရာေတာ္ႀကီးသည္ အေနာက္ေျမာက္တိုင္း စစ္ဌာနခ်ဳပ္တိုင္းမွဴး ဗိုလ္ခ်ဳပ္သာေအး ႏွင့္ တပည့္ဒါယကာ ဒါယိကာမမ်ား၏ သာသနာ့ႏုဂၢဟျဖင့္ ဇလံုေတာင္သာသနာ့နယ္ေျမ စည္ပင္ထြန္းကားလာေရးအတြက္ ဘက္ေပါင္းစံုမွ ႀကိဳးပမ္းေဆာင္ရြက္ခဲ့ေလသည္။

ယခင္က ေတာတိုးသြားလာခဲ့ၾကရာမွ ၂၀၀၄ ခုႏွစ္မွစတင္ကာ လမ္းအူေၾကာင္းသစ္ရွာေဖြျခင္းမ်ား ေဆာင္ရြက္ခဲ့ရာ ယခုအခါ ေတာင္ေျခတယ္ပင္ျပန္႕သို႕အေရာက္ေမာ္ေတာ္ကားလမ္းေပါက္ေနၿပီျဖစ္ကာ  ကတၱရာလမ္း ၊ ကြန္ကရစ္လမ္းမ်ားအဆင့္ထိ ဆက္လက္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရွိရပါသည္။
(ယခင္က ပင္လယ္ဘူးၿမိဳ႕ဖက္မွေန၍ ဘုရားဖူးမ်ားမွာ ခက္ခဲစြာေတာတိုးသြားလာခဲ့ရေၾကာင္း ေဒသခံမ်ားထံမွ သိရွိရပါသည္။ - စကားခ်ပ္ )

 “ဇလံုေတာင္အရွင္ စာရင္းမဝင္ရင္ ေမတၱာရွင္နဲ႕ လြဲရမယ္ “ဟု ဤေဒသတြင္ စာဆိုရွိေပသည္။

ဆိုလိုသည္မွာ ခမည္းေတာ္ေတာင္ႏွင့္ မယ္ေတာ္ေတာင္ဟူသည့္ ေက်ာက္ေတာင္ႀကီးႏွစ္ခုအၾကားတြင္ မတ္ေစာက္၍ ေကြ႕၀ိုက္ကာတက္ရသည့္ က်ဥ္းၾကပ္သည့္ ေက်ာက္တံခါးရွိေလသည္။

အဆိုပါ ေက်ာက္တံခါးအား  အကုသိုလ္မ်ားသူမ်ား မဝင္နိုင္ဟု အယူရွိပါသည္။ အမွန္တကယ္လည္း ေက်ာက္တံခါးအား မျဖတ္ေက်ာ္ႏိုင္သျဖင့္ ငိုယိုကာျပန္သြားရသူမ်ား အေျမာက္အမ်ားရွိေၾကာင္း ေဒသခံမ်ားမွ ရွင္းျပပါသည္။

အဆိုပါ ေက်ာက္တံခါး အားျဖတ္ေက်ာ္၍ ေတာင္ထိပ္ေပၚတြင္ စံပၸါယ္ေတာ္မူေနသည့္ ဗုဒၶရုပ္ပြားေတာ္မ်ားအား ဖူးေမွ်ာ္ႏိုင္မွသာလွ်င္ ေနာင္ပြင့္ေတာ္မူလတ္ေသာ အရိမေတၱယ်ဘုရားရွင္အား ဖူးေမွ်ာ္ခြင့္ရရွိၾကမည္ဟု အဆိုရွိကာ ေတာင္ေတာ္အားေစာင့္ေရွာက္ကာ သာသနာျပဳေနသည့္ ဇလံုေတာင္ အရွင္ႀကီးအားလည္း ရိုေသၾကသည္ကို ေတြ႕ရွိခဲ့ရေပသည္။

ဗန္းေမာက္ ၊ ပင္လယ္ဘူး ၊ အင္းေတာ္ ၊ ကသာၿမိဳ႕တို႕အနီးတြင္တည္ရွိၿပီး  နက္ရိႈင္းလွသည့္ ေတာေတာင္လွ်ိဳေျမာင္တို႕၏အၾကား ပင္လယ္ေရမ်က္ႏွာျပင္အထက္ ေပ (၃၀၉၀)ေက်ာ္တြင္ ထူးျခားသပၸါယ္စြာ စံပယ္ေတာ္မူေနသည့္ ႀကီးျမတ္ထြဋ္ေခါင္ ဇလံုေတာင္ေစတီေတာ္ႀကီးကား ယခုအခါ လမ္းပန္းဆက္သြယ္ေရးမ်ား တိုးတက္ေကာင္းမြန္ေနၿပီျဖစ္သည့္ အတြက္ ေန ့ ည မျပတ္ ဘုရားဖူးမ်ားျဖင့္ စည္ကားလွ်က္ရွိေနၿပီျဖစ္သလို  အသစ္အသစ္ေသာ ဘုရားဖူးမ်ားကို ၀ဲတဲတဲစကားသံေလးမ်ားျဖင့္ ႀကိဳဆိုေနၾကေသာ ကဒူးတိုင္းရင္းသူေလးမ်ား၏ ခ်စ္စရာ ယဥ္ေက်းမႈမ်ားကိုလည္းေလ့လာရင္း  ဘုရားလည္းဖူး  အပန္းလည္းေျပေစဖို႕ တခါတေခါက္လာေရာက္ၾကပါရန္ ဖိတ္ေခၚလိုက္ရေပသည္။

ေဆာင္းပါးရွင္ - ေမာင္ယဥ္ေက်း


~~~~~~~~⊰❂ unicode ~~~~~~~~

ဒီဇင်ဘာ နောက်ဆုံးပတ်မို့ ရာသီဥတုက အေးမြလျှက်ရှိသလို ဝန်းကျင်တခွင် နှင်းမှုန်များက ရစ်သိုင်းလို့နေသည်။

ရှမ်းနှင့် ကဒူးတိုင်းရင်းသားတို့မွေ့ပျော်ရာ ဗန်းမောက်မြို့သည် စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်အတွင်း တည်ရှိပြီး ယခင်က သစ်လုပ်ငန်း၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်း ပြုကြကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် မထင်မရှားသာ ရပ်တည်ခဲ့ရာမှ ကြီးမြတ်ထွဋ္ဋ်ခေါင် ဇလုံတောင်စေတီတော်ကြောင့် ယခုဆယ်စုနှစ်အတွင်း အထူးပင် ထင်ရှားလာသော မြို့လေးတစ်မြို့ဖြစ်ပေသည်။

ကျွန်တော်တို့အဖွဲ့ ယမန်နေ့က မန္တလေးမြို့မှ နံနက် ၇ နာရီခန့်တွင် မန္တလေး - တကောင်း - ထီးချိုင့်လမ်း အတိုင်း ပါတ်ဝန်းကျင်၏ အလှအပများကို ကြည့်ရှုခံစားရင်း ခပ်မှန်မှန်လေး မော်တော်ယာဉ်ကို မောင်းနှင်လာခဲ့ကြရာ နေ့လယ်စာ စားချိန်တွင်တော့ ဧရာဝတီမြစ်အနောက်ဖက်ကမ်းရှိ ထီးချိုင့်မြို့သို့ ရောက်ရှိကာ နေ့လယ်စာစားရင်း ခေတ္တအနားယူကြသည်။

ထီးချိုင့်မှ ဆက်ထွက်လာခဲ့ရာ (၁၈) မိုင်ခန့် အကွာအေဝးအရောက်တွင် ရွှေဘို - မြစ်ကြီးနား မဟာဗျူဟာလမ်းမကြီးနှင့် ပေါင်းဆုံသွားပြီး ယင်းလမ်းမကြီးအတိုင်း ဆက်လက်မောင်းနှင်လာခဲ့ကြရာ အင်းတော်မြို့လေးသို့ ရောက်ရှိခဲ့ပြီး လမ်းခွဲမှ တဆင့် အနောက်မြောက်ဖက်သို့ ဆက်လက် မောင်းနှင်လာခဲ့ကြရာ အင်းတော်မြို့နှင့် (၄၃) ကီလိုမီတာကွာ ဝေးသော ဗန်းမောက်မြို့လေးသို့ နေမစောင်းခင် ရောက်ရှိခဲ့ကြသည်။

လမ်းပန်းဆက်သွယ်ရေးများကား အတော်လေးပင် တိုးတက်ကောင်းမွန်လာပြီဖြစ်သည်။ အင်းတော်နှင့် ဗန်းမောက်မြို့ အကြားတွင်တော့ လမ်းအနည်းငယ် ကြမ်းတမ်းသေးသော်လည်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ လမ်း - တံတားများ ပြုပြင် ဆောင်ရွက်နေသည်ကို တွေ့ရှိရသည့်အတွက် မကြာမီ ကောင်းမွန်လာတော့မည်ဖြစ်သည်။

ဗန်းမောက်မြို့လေးကား ဇလုံတောင်စေတီတော်ကြီးကြောင့် ခရီးသည် ဝင်ထွက်မှု များပြားလာပြီဖြစ်သည့် အတွက် ဧည့်ရိပ်သာအချို့ ရှိနပြေီဖြစ်သော်လည်း အဆင့်မီဟိုတယ်၊ မိုတယ်များတော့ လိုအပ်နေပေသေးသည်။

Golden Top ဧည့်ရိပ်သာတွင် ကျွန်တော်တို့အဖွဲ့ တည်းခိုကြတော့ နှစ်ယောက်အိပ်ခန်းတစ်ခန်းကို ကျပ်ခြောက်ထောင်သာ ကျသင့်သည်မို့ အံ့သြမိရပါသည်။ သန့်ရှင်းသပ်ရပ်ပြီး ဆက်ဆံရေးလည်း ချိုသာကြပေသည်။ ( ၂၀၁၇ခုနှစ် ဒီဇင်ဘာလအတွင်းက ဖြစ်သည် )

ခဏတဖြုတ်နားနကြပြေီး ဗန်းမောက်မြို့ထဲ လမ်းလျှောက်ထွက်ကာ ညစာစားကြတော့ နှစ်(၂၀) ခန့် ကွဲကွာနေခဲ့ရသည့် ဟင်းလှော် - ဟင်းပေါင်းတွေကိုတွေ့တော့ အားရပါးရစားကြပြန်သည်။

ကျသင့်ငွေရှင်းတော့လည်း လူလေးယောက်စားတာ ကျပ်ငါးထောင်ပင်မကျော်။ ဒီဒေသတွင် ငွေကြေးအတော်အသင့် တန်ဘိုးရှိသေးသည်ကို တွေ့ရသည်။ ထမင်းစားပြီးနောက် ဗန်းမောက် ခေါပုပ်မီးကင်ပူပူလေးကို အကြော်စုံ၊ မုန့်ပေါင်းတွေနှင့်စားကြပြန် တော့လည်း ဈေးနှုန်းက အလွန်ချိုသာနပြေန်သည်။

ဒေသခံများနှင့် စကားစမြည်ပြောကြည့်ရာ ရိုးသားဖြူစင်ကြသည်ကိုတွေ့ရသည်။ မေ့မရသော ညတစ်ညပင်ဖြစ်သည်။

လွန်ခဲ့သော နှစ်(၂၀)ခန့်က ကဒူး - ကနန်း တိုင်းရင်းသားတို့ပျော်စံရာဒေသတွင် နေထိုင်ခဲ့ရသည့် ငယ်ဘဝကို ပြန်ပြောင်းသတိရမိသည်။ ဗန်းမောက်မြို့သူမြို့သားများနှင့်တွေ့ဆုံရသည်ကို ကွဲကွာနေသော ဆွေမျိုး များနှင့် ပြန်လည်ဆုံဆည်းရသလိုပင် ခံစားရသည်။

နောက်တစ်ရက် နံနက်စောစောတွင် ဆန်စီးခေါက်ဆွဲနှင့် လက်ဖက်ရည်ကျဆိမ့်လေးသောက်ပြီး ဇလုံတောင်စေတီတော်သို့ သွားရောက်ဖူးမျှော်ရန် ထွက်ခွာခဲ့ကြသည်။ မော်တော်ယာဉ်အား နှင်းမှုန် ဖွဲဖွဲကြားမှ မှန်မှန်လေးမောင်းနှင်လာခဲ့ကြရာ မိနစ် (၂၀) ခန့်အကြာတွင် တယ်ပင်ပြန့်စခန်းသို့ ရောက်ရှိလာသည်။

တယ်ပင်ပြန့်စခန်းတွင် ကျွန်တော်တို့၏ မော်တော်ယာဉ်များကို ထားခဲ့ပြီး တောင်တက်ယာဉ်လိုင်းမှ မော်တော်ယာဉ်ဖြင့် တက်ရမည်ဖြစ်သည်။ မြင့်မားမတ်စောက်ပြီး အချိုးအကွေ့လည်းများသလို ရေတိုက်စားထားသည့် မြေသားလမ်းအတော်များများ ရှိနေသည့်အတွက် စက်အားကောင်းလှသည့် 4x4 ယာဉ်များကို လမ်းအထာ ကျွမ်းကျင်သည့် ယာဉ်မောင်းများမှ မောင်းနှင်မှသာ ဘုရားဖူးခရီးသည်များ အန္တရာယ်ကင်းမည် ဖြစ်သည်။

ယာဉ်စီးခ တစ်ဦးကို ကျပ်သုံးထောင်ပေးရပါသည်။ အသွား - အပြန်ဆိုလျှင် ကျပ်ခြောက်ထောင်ကျသင့်ပြီး ယာဉ်တစ်စီးလျှင် (၁၅) ဦးသာတင်ပါသည်။ ဒီနေရာတွင် တစ်ခုပြောလိုသည်မှာ ဤယာဉ်လိုင်းသည် သက်တမ်းနုနယ်သေးသော်လည်း စီမံခန့်ခွဲမှုအပိုင်းတွင် စနစ်ကျနသည့် အတွက် ခရီးသည်များ ကျိုက်ထီးရိုးတောင်တက်ရသလို အလုအယက်တက်ရသည်မျိုးမရှိပေ။ ချိီးကျူးမိပါ၏။

မော်တော်ယာဉ်ထွက်လာသည့်အခါ ယာဉ်စီးခသုံးထောင်မှာ အလွန်ပင်တန်ကြောင်း တွေ့ရှိရပေသည်။

တကယ့်ကို မတ်စောက်သော တောင်ကြီးတွေကို ရင်တဖိုဖို အသည်းတယားယားဖြင့်တက်ရပေသည်။ အချို့နေရာများမှ ခွေးတမော့ စိုင်တမော့ပမာ (၄၅) ဒီဂရီမျှ မတ်စောက်လွန်းလှသဖြင့် တစ်စီးပြီးမှ တစ်စီးမောင်းနှင်ရသလို အတက်အဆင်းယာဉ်များ အန္တရာယ်ကင်းစေရန် တာဝန်ရှိသူများက စကားပြောစက်ဖြင့် ထိန်းညှိကွပ်ကဲပေးနကြေရပါသည်။ ဒါ့ကြောင့်လည်း ရှစ်မိုင်မျှသာရှိသောခရီးကို (၄၅) မိနစ် တစ်နာရီနီးပါး မောင်းနှင်ရခြင်းဖြစ်ပေသည်။

သဘာဝတောတောင်များကား ကြီးမားစွာ မပျက်ယွင်းသေးသည့်အတွက် နိုင်ငံခြားသားများ အထူးနှစ်ခြိုက်နိုင်သည့် သဘာဝ အခြေခံခရီးသွားလုပ်ငန်းကို ထူထောင်ရန် အလွန်သင့်လျော်သော ဒေသတစ်ခုဖြစ်ပေသည်။

မြင့်မားမှိုင်းညို့နေသည့် သဘာဝသစ်တောကြီးတွေက တကယ်ပင်အေးချမ်းလှပေသည်။ အကယ်၍ ဤဒေသအား ခရီးသွားလုပ်ငန်းဆောင်ရွက်မည်ဆိုပါက လျှပ်စစ်မီးနှင့် မော်တော်ကားလမ်းကိုသာ ကောင်းမွန်အောင်ဆောင်ရွက်ပြီး ကျန်သဘာဝအလှများကိုတော့ ဂေဟစနစ်မပျက်စီးစေရန် သဘာဝအတိုင်းထားစေလိုပါသည်။

ဘုရားဖူးမော်တော်ယာဉ်များသည် ဇလုံတောင်မရောက်မီ လမ်းခုလတ်ရှိ ကျောက်မဏ္ဍပ်သို့ ဦးစွာပို့ပေးပါသည်။ ကြီးမားကျယ်ပြန့်လှသော ကျောက်ဖျာကြီးအုပ်မိုးထားသည့် ကျောက်မဏ္ဍပ်ကြီးကလည်း တကယ့်ကို ရင်သပ်ရှုမောဖွယ်ရာပင်။ ကျောက်မဏ္ဍပ်စေတီတော်အတွက် အလှူငွေများ ထည့်ဝင်လှူဒါန်းပြီးနောက် ဧည့်ခံကျွေးမွေးသည့် ဇီးဖြူသီးဆားရည်စိမ်လေးက အမောပြေစေသလို ဂျင်းလက္ဘက်သုပ်နှင့် ရေနွေးကြမ်းကလည်း တောခေါင်ခေါင်မှ နတ်သုဒ္ဒါလေးပင်ဖြစ်ပေသည်။

ကျောက်မဏ္ဍပ်မှ ဆက်လက်ထွက်ခွာလာကြတော့ လမ်းကပိုမို၍ပင် မတ်စောက်လာပေတော့သည်။

တစ်ချိန်က ဤနေရာဒေသသည် သောင်းကျန်းသူတို့လွှမ်းမိုးရာ ဒေသဖြစ်ခဲ့သည့် အတွက် လူသူအရောက်အပေါက် နည်းလှသည့် ပီဘိတောကြီးမျက်မည်းဖြစ်လေသည်။ ၁၉၉၀ ခုနှစ်တွင် ဒေသခံ သံဃာတော်များက ခက်ခဲစွာ ရှာဖွေဖော်ထုတ်နိုင်ခဲ့သည့်အတွက် ယခုအခါ လူအများလွယ်ကူစွာ သွားရောက်ဖူးမျှော်နိုင်ကြခြင်းဖြစ်ပေသည်။

ကောဇာသက္ကရာဇ် ၁၂၃ ခု၊ ဝါတော် ၂၀ အရတွင် ဂေါတမဗုဒ္ဓဘုရားရှင်သည် နောက်ပါရဟန္တာ အရှင်သူမြတ်ငါးရာခြံရံလျက် သိကြားမင်းဖန်ဆင်းအပ်သော နတ်ပန်းရထားဖြင့် ကောင်းကင်ခရီးမှ ကြွမြန်းလာခဲ့ရာ အရှေ့အရပ်တွင် ဧရာဝတီ၊ အနောက်အရပ်တွင် သလ္လာဝတီစသည့်မြစ်နှစ်သွယ်တို့၏ အလယ်ဗဟိုတွင် ရှိသော ဂေါဒေါပလ္လင်တောင်တော်တွင် ဧရာပထနတ်နဂါးမင်းသားအဖ၏ လျှောက်ထား တောင်းပန်မှုကြောင့် (၇)ရက်တာမျှ သီတင်းသုံးတော်မူကာ နတ်နဂါးမင်းသားအဖကပ်လှူသည့်ဆွမ်းအား ဘုဉ်းပေးသုံးဆောင် တော်မူပါသည်။

ဆွမ်းဘုဉ်းပေးပြီးနောက် ကျန်ရှိသော ဆွမ်းထမင်းဟင်းများအား စိန်ရွှေငွေကျောက်သံ ပတ္တမြားများ ဖြစ်ပါစေသားဟု အဓိဌာန်ပြုလျှက် ဂေါဒေါပလ္လင်တောင်၏ ဝဲယာရှေ့ နောက်အား ကြဲဖြန့်တော်မူလေသည်။

ထို့ကြောင့်လည်း ဤတောင်ကြီးအား ဗဟိုပြုလျှက် မြောက်ဖက်ရှိ ဖားကန့်ဒေသတွင် ကျောက်စိမ်းတွင်းများ၊ အရှေ့၊ အနောက်၊တောင်အရပ်တို့တွင် ရွှေတွင်းများ ပေါများစွာတည်ရှိနေသလို အဖိုးတန်ရတနာ ကျွန်းသစ်များလည်း လွန်စွာပေါများလှခြင်း ဖြစ်သည်ဟု ဒေသခံများက ယုံကြည်ကြပေသည်။

ထို့အပြင် ဗုဒ္ဓဘုရားရှင်သည် “ညီဘွား အာနန္ဒါ .. ပွင့်တော်မူလတ္တံ့သော အရိမိတ္တယျေဘုရားရှင်သည် အောင်မြေခေါ်အပ် ဤဂေါဒေါပလ္လင်တောင်ကလပ်တွင် ငါဘုရားကဲ့သို့ အလှူခံယူတော်မူကာ တရားထူးကိုဟောကြားတော်မူလိမ့်မည်ဟု .. ဗျာဒိတ်တော်ပေးခဲ့သည့်အတွက် သံတောင် (၄၄၄) တောင်အမြင့်ရှိသည့် ဤတောင်တော်အား မတ္တယျေဘုရားရှင် တရားဦးဟောမည့် သလွန်တောင်ဟု တွင်ခဲ့ပေသည်။ နောင်မှ ဒေသခံများကဇလုံကြီးမှောက်ထားသည့် အသွင်ရှိသည့်အတွက် ဇလုံတောင်ဟု ခေါ်ဝါ်ခဲ့ကြသည်မှာ ယနေ့တိုင်အောင်ပင် ဖြစ်ပေသည်။

 သက္ကရာဇ် (၄၉၂)ခုနှစ်တွင် ရှင်အရဟံဟု မြန်မာ့သမိုင်းတွင်ထင်ရှားသည့် ရှင်ဓမ္မဒဿီနှင့် တပည့်ဖြစ်သူ ရှင်အာစရတို့သည် ဇလုံတောင်သို့ကြွရောက်လာကြပြီး ဣ စ္ဆာသရ လိုတရချမ်းသာကြီး အောင်တော်မူ-အောင်ဆု ယူစေတီများအား ပထမဦးစွာတည်ထားတော်မူလေသည်။ တဖန် သက္ကရာဇ် ၁၂၁၁ခုနှစ်တွင် ဝိဇ္ဇာမဟိဒ္ဒ္ဓိအရှင်ဟုထင်ရှားသည့် ဘုန်းတော်ကြီးဦးသာအေးမှ အောင်တော်မူ - အောင်ဆုယူ စေတီတော်များအား ပြန်လည်ပြုပြင်မွမ်းမံကာ "အောင်ကျော်အေးအောင် ဇလုံတောင်"ဟု သာသနာ့မော်ကွန်းတင်ခဲ့လေသည်။

ဇလုံတောင်ဟု ထင်ရှားသည့် ကျောက်တောင်တော်ကြီးမှာ ခမည်းတော်တောင်နှင့် မယ်တော်တောင်ဟူ၍ ကြီးမားသောတောင်ကြီးနှစ်လုံး ပူးတွဲတည်ရှိနပြေီး ထိုတောင်ကြီးနှစ်လုံး၏အရှေ့ ဝဲယာတွင် အနည်းငယ်သေးသော သမီးတော်တောင်နှင့် သားတော်တောင်ဟုခေါ်တွင်သော တောင်နှစ်လုံး ပူးတွဲတည်ရှိပါသည်။

လွန်ခဲ့သော နှစ် (၅၀)ခန့်ကသမီးတော်တောင်ဟုခေါ်တွင်သော ကျောက်တောင်ကြီးပြိုကျသွားခဲ့ရာ ဗန်းမောက်နယ် တစ်နယ်လုံး သိမ့်သိမ့်တုန်မြည်ဟည်းသွားခဲ့ပြီး သမီးတော်မှာ ခိုးရာလိုက်ပြေးသည်ဟု ဒေသခံများက ယုံကြည်ကြပါသည်။

 သက္ကရာဇ် ၁၂၇၆ ခုနှစ်တွင် ကန်ရွာကျောင်းဆရာတော်နှင့် တိုက်နယ်သူကြီး ဦးရွှေသီး တို့က ဦးဆောင်ကာ ရပ်နီးရပေ်ဝးမှ ဒါယကာများ၏ကုသိုလ်ကောင်းမှုဖြင့် ကြေးချိန် (၂၅) ပိဿါရှိသော ခေါင်းလောင်းသွန်းလုပ်လှူဒါန်းခြင်း၊ ၁၂၉၇ ခုတွင် သောင်သွတ်နယ် ဝဲတက်ရွာဇာတိ အရှင်ကုဝေရမှ သားတော်တောင်တွင် ဂန္ဓကုဋိတိုက်စေတီ (၅) ဆူတည်ထားခြင်း၊ ဉါဏ်တော် (၄) ပေရှိ ပဉ္စလောဟာ ဗျာဒိတ်ပေး လိုတိုင်းပြည့်ဗုဒ္ဓရုပ်ပွားတော် သွန်းလောင်းလှူဒါန်းခြင်းတို့ဖြင့် တတိယအကြိမ် သာသနာပြုတော်မူခဲ့လေသည်။

 တဖန် ၁၃၁၁ ခုနှစ်တွင် စက်တောကုန်းရိုးကြီးကျောင်းဆရာတော်ကြီးမှ ဦးဆောင်ကာ အောင်ဆုယူ-အောင်တော်မူ စေတီတော်များအား မွမ်းမံကာ ရွှေထီးတော်အသစ်တင်လှူ၍သာသနာပြုခဲ့ကြပါသည်။ ယခုလက်ရှိ ဇလုံတောင်သာသနာ့နယ်မြေ စည်ပင်ထွန်းကားရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်နေတော်မူသည်မှာ မန္တလေးမြို့ ဥပုသ်တော်ရပ် စတုဘုမ္မိကဆရာတော် အဂ္ဂမဟာ ကမ္မဌာနာစရိယ ဘဒ္ဒန္တဝိဇယ အရှင်သူမြတ်ဖြစ်၏။ ဆရာတော်ကြီးသည် အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သာအေး နှင့် တပည့်ဒါယကာ ဒါယိကာမများ၏ သာသနာ့နုဂ္ဂဟဖြင့် ဇလုံတောင်သာသနာ့နယ်မြေ စည်ပင်ထွန်းကားလာရေးအတွက် ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်ခဲ့လေသည်။

ယခင်က တောတိုးသွားလာခဲ့ကြရာမှ ၂၀၀၄ ခုနှစ်မှစတင်ကာ လမ်းအူကြောင်းသစ်ရှာဖွခြေင်းများ ဆောင်ရွက်ခဲ့ရာ ယခုအခါ တောင်ခြေတယ်ပင်ပြန့်သို့အရောက်မော်တော်ကားလမ်းပေါက်နပြေီဖြစ်ကာ ကတ္တရာလမ်း၊ ကွန်ကရစ်လမ်းများအဆင့်ထိ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
(ယခင်က ပင်လယ်ဘူးမြို့ဖက်မှနေ၍ ဘုရားဖူးများမှာ ခက်ခဲစွာတောတိုးသွားလာခဲ့ရကြောင်း ဒေသခံများထံမှ သိရှိရပါသည်။ - စကားချပ် )

 “ဇလုံတောင်အရှင် စာရင်းမဝင်ရင် မေတ္တာရှင်နဲ့ လွဲရမယ် “ဟု ဤဒေသတွင် စာဆိုရှိပေသည်။

ဆိုလိုသည်မှာ ခမည်းတော်တောင်နှင့် မယ်တော်တောင်ဟူသည့် ကျောက်တောင်ကြီးနှစ်ခုအကြားတွင် မတ်စောက်၍ ကွေ့ဝိုက်ကာတက်ရသည့် ကျဉ်းကြပ်သည့် ကျောက်တံခါးရှိလေသည်။

အဆိုပါ ကျောက်တံခါးအား အကုသိုလ်များသူများ မဝင်နိုင်ဟု အယူရှိပါသည်။ အမှန်တကယ်လည်း ကျောက်တံခါးအား မဖြတ်ကျော်နိုင်သဖြင့် ငိုယိုကာပြန်သွားရသူများ အမြောက်အများရှိကြောင်း ဒေသခံများမှ ရှင်းပြပါသည်။

အဆိုပါ ကျောက်တံခါး အားဖြတ်ကျော်၍ တောင်ထိပ်ပေါ်တွင် စံပ္ပါယ်တော်မူနေသည့် ဗုဒ္ဓရုပ်ပွားတော်များအား ဖူးမျှော်နိုင်မှသာလျှင် နောင်ပွင့်တော်မူလတ်သော အရိမတ္တယျေဘုရားရှင်အား ဖူးမျှော်ခွင့်ရရှိကြမည်ဟု အဆိုရှိကာ တောင်တော်အားစောင့်ရှောက်ကာ သာသနာပြုနေသည့် ဇလုံတောင် အရှင်ကြီးအားလည်း ရိုသကြေသည်ကို တွေ့ရှိခဲ့ရပေသည်။

ဗန်းမောက်၊ ပင်လယ်ဘူး၊ အင်းတော်၊ ကသာမြို့တို့အနီးတွင်တည်ရှိပြီး နက်ရှိုင်းလှသည့် တောတောင်လျှိုမြောင်တို့၏အကြား ပင်လယ်ရေမျက်နှာပြင်အထက် ပေ (၃၀၉၀)ကျော်တွင် ထူးခြားသပ္ပါယ်စွာ စံပယ်တော်မူနေသည့် ကြီးမြတ်ထွဋ်ခေါင် ဇလုံတောင်စေတီတော်ကြီးကား ယခုအခါ လမ်းပန်းဆက်သွယ်ရေးများ တိုးတက်ကောင်းမွန်နပြေီဖြစ်သည့် အတွက် နေ့ ည မပြတ် ဘုရားဖူးများဖြင့် စည်ကားလျှက်ရှိနပြေီဖြစ်သလို အသစ်အသစ်သော ဘုရားဖူးများကို ဝဲတဲတဲစကားသံလေးများဖြင့် ကြိုဆိုနကြေသော ကဒူးတိုင်းရင်းသူလေးများ၏ ချစ်စရာ ယဉ်ကျေးမှုများကိုလည်းလေ့လာရင်း ဘုရားလည်းဖူး အပန်းလည်းပြေစေဖို့ တခါတခေါက်လာရောက်ကြပါရန် ဖိတ်ခေါ်လိုက်ရပေသည်။

ဆောင်းပါးရှင် - မောင်ယဉ်ကျေး

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~