Update News

“ဝ”တိုင္းရင္းသားမ်ားကို က်ိဳင္းတံု - မိုင္းလားလမ္းေၾကာင္း ျဖတ္သန္းသြားလာခြင့္ တားျမစ္ထားဆဲ


ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕ႏွင့္ “ဝ”ေဒသ မုိင္းလားၿမိဳ႕ၾကား စစ္ေဆးေရးဂိတ္မ်ားတြင္ မွတ္ပံုတင္စစ္ေဆးေနၿပီး “ဝ” တုိင္းရင္းသားမ်ားကို ျဖတ္သန္းသြားလာခြင့္ တားျမစ္ထားသည္မွာ (၁၀)ရက္ေက်ာ္ၿပီ ျဖစ္ေသာ္လည္း တားျမစ္ရသည့္ အေၾကာင္းရင္း မသိရေသးဘဲ ေဖေဖၚဝါရီလ (၁၁)ရက္ေန႔အထိ သြားလာခြင့္ မျပဳေသးေၾကာင္း သိရသည္။

“ေလာေလာဆယ္ေတာ့ သူတို႔ေဆြးေႏြးေနတုန္းလုိ႔ေတာ့ အဲဒီလိုၾကားတယ္။ တစ္ခ်ိဳ႕ကေတာ့ “လြယ္လ”ဆိုတာ ကၽြန္ေတာ္တုိ႔ “ဝ” ပဲေလ။ သူတို႔ေတာ့ရတယ္လို႔ ဒီေန႔ၾကားတယ္။ “ဝ” ေတြေတာ့ မရဘူးတဲ့။ အခုက လဝကနဲ႔ ရဲကေတာ့ မလုပ္ဘူး။ ဒါက တစ္ႏုိင္ငံလံုးသြားလုိ႔ရတယ္ေလ။ တားလို႔မရဘူး။ ဒါက တပ္နဲ႔ျဖစ္တာ။ ဒီဘက္ျခမ္း တန္႔ယန္းကို လာလုိ႔ရတယ္။ ဟိုဘက္ က်ိဳင္းတံုဘက္သြားလုိ႔မရတာ” ဟု မက္မန္းမဲဆႏၵနယ္မွ ရွမ္းျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးညီနပ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

က်ိဳင္းတံု - မုိင္းလားလမ္းေၾကာင္းရိွ စစ္ေဆးေရးဂိတ္မ်ားက မွတ္ပံုတင္စစ္ေဆးၿပီး “ဝ”တိုင္းရင္းသားမ်ားအား ျဖတ္သန္းခြင့္မျပဳသျဖင့္  ေဒသခံမ်ားမွာ အခက္အခဲျဖစ္ေနေၾကာင္း သိရသည္။

“ကၽြန္ေတာ့္မိတ္ေဆြဆို တာခ်ီလိတ္မွာ ေနတယ္။ မိုင္းပ်ဥ္းကေန နာေရးရိွလုိ႔သြားတာ အျပန္မွာ က်ိဳင္းတံုဘက္ကေန ျပန္လုိ႔မရေတာ့ဘူး။ တာခ်ီလိတ္မွာေနတဲ့ မိသားစုပါဆိုလည္း မရဘူး။ တပ္က ခြင့္မျပဳဘူးတဲ့။ ဒါနဲ႔ သူတုိ႔က မုိင္းယုရတယ္ထင္ၿပီး သြားၾကေတာ့လည္း ပိတ္တယ္တဲ့။ ဒါနဲ႔ ပန္ဆန္းဘက္ျပန္လာၿပီး လားရိႈးကေန တာခ်ီလိတ္ကို သူတို႔ေျခာက္ေယာက္ ေလယာဥ္နဲ႔ ျပန္ၾကရတယ္”ဟု မက္မန္းမဲဆႏၵနယ္မွ ရွမ္းျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးညီနပ္က ဆိုသည္။

က်ိဳင္းတံုမွ မိုင္းလားဘက္သို႔သြားသည့္ လမ္းေၾကာင္းမ်ားအားလံုးတြင္ တားဆီးလုိက္ျခင္းျဖစ္ၿပီး မိုင္းယုလမ္းတြင္လည္း စိစစ္တားဆီးေနေၾကာင္း သိရသည္။

“ဒီလမ္းပိုင္းမွာ “ဝ” လူမ်ိဳးမွတ္ပံုတင္ကိုင္တဲ့သူဆိုရင္ ကိုယ္ပိုင္ကားပဲျဖစ္ျဖစ္၊ ခရီးသည္တင္ကားနဲ႔ျဖစ္ျဖစ္ သြားလာခြင့္မရိွဘူးလို႔ ၾကားရတယ္။ ကၽြန္ေတာ္တုိ႔ သိသေလာက္ေတာ့ အခုခ်ိန္ထိလည္း မထူးေသးဘူး။ ပိတ္ေနတုန္းပဲ။ အခုလိုအခ်ိန္ စာေမးပြဲကာလေတြ တရုတ္ႏွစ္သစ္ကူးကာလလို အသြားအလာ မ်ားတဲ့ကာလမွာ ပိတ္လုိက္ေတာ့ အခက္အခဲေတြ ျဖစ္ကုန္တာေပါ့ေနာ္။ ဒီဘက္ေတာင္ပိုင္းမွာရိွတဲ့ “ဝ” လူမ်ိဳးေတြက တစ္သိန္းေက်ာ္ေလာက္ရိွတယ္။ အဲဒီလို သြားလာခြင့္ပိတ္လုိက္ေတာ့ သူတို႔တပ္က ဂိတ္ေတြမရိွတဲ့ဘက္ေတြ လွည့္ပတ္သြားကုန္ၾကရတာေပါ့” ဟု UWSA လားရိႈး ဆက္ဆံေရးရံုးတာဝန္ခံ ဦးညီရန္းက တာခ်ီလိတ္ သတင္းေအဂ်င္စီသို႔ ေျပာသည္။

ယင္းကဲ့သို႔ “ဝ”တုိင္းရင္းသားမ်ားအား စိစစ္တားျမစ္ျခင္းကို ယခင္က လုပ္ေဆာင္ခဲ့ဖူးျခင္းမရိွဘဲ တားျမစ္ စိစစ္ျခင္းမ်ား လုပ္ေဆာင္သည့္အေၾကာင္းရင္းကိုလည္း မသိရေၾကာင္း ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္က ဆိုသည္။

“မိုင္းခတ္ - မုိင္းယန္းလမ္းမွာ တားတာ။ ဟိုဘက္(က်ိဳင္းတံု)ကလာရင္ မိုင္းယန္းကတည္းက တားၿပီ။ ဘာျဖစ္သလဲေတာ့ မသိဘူး။ တပ္ဘက္ကပိတ္တယ္။ လဝကတို႔ ရဲတုိ႔မသိဘူးလို႔ ေျပာတယ္။ က်ိဳင္းတံုဘက္က လာရင္ မိုင္းယန္းကို အရင္ေရာက္တယ္ေပါ့။ အဲဒီက တပ္ရင္းမွဴးက လႊတ္ေပး ခ်င္တယ္ေပါ့။ ကၽြန္ေတာ္ဖုန္းဆက္ေတာ့ ဒါေပမဲ့ သူလႊတ္ေပးလုိက္လည္း မုိင္းခတ္မွာ တားၿပီး ျပန္လႊတ္မွာ ဆိုေတာ့ သူလည္း မလႊတ္ေပးေတာ့ဘူးေပါ့။ ဝမ္တာပံုမွာလည္း ပိတ္တယ္။ အဲဒီလမ္းပိုင္းမွာ တပ္က သံုးခုရိွတာကိုး။ မိုင္းယုလမ္းလည္း ပိတ္တယ္တဲ့။ သံလြင္အေရွ႕ျခမ္းမွာ ပိတ္တာ။ ဒီဘက္ျခမ္းေတာ့ မပိတ္ဘူး။ သူတို႔ေဆြးေႏြးေနၾကတယ္လုိ႔ေျပာတာပဲၾကားတယ္။ တပ္ကကိစၥဆိုေတာ့ ကၽြန္ေတာ္တို႔လည္း မသိဘူးေနာ္။ (၁၀)ရက္ေက်ာ္သြားၿပီ။ အရင္က အခုလို တစ္ခါမွ မျဖစ္ဖူးဘူး။ ဒီ ဝဘက္မွာကလည္း အထက္ပိုင္း အဖြဲ႕အစည္းမွာ အေျပာင္းအလဲလည္းရိွေတာ့ အဲဒါလည္း သူတို႔ ေစာင့္ၾကည့္တာမ်ား ပါမလားမသိဘူးေပါ့။ ကၽြန္ေတာ္က လႊတ္ေတာ္ဘက္ပဲဆိုေတာ့ အဲဒီဘက္ေတာ့ မသိဘူးေပါ့ေနာ္” ဟုမက္မန္းမဲဆႏၵနယ္မွ ရွမ္းျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးညီနပ္က ဆိုသည္။

က်ိဳင္းတံုႏွင့္ မုိင္းလား လမ္းေၾကာင္းမ်ားတြင္ တားဆီးျခင္းျဖစ္ေသာ္လည္း တာခ်ီလိတ္ႏွင့္ က်ိဳင္းတံုၾကားတြင္ ယင္းကဲ့သို႔ စိစစ္တားဆီးျခင္းမရိွေၾကာင္း သိရသည္။

“တာခ်ီလိတ္ကေန က်ိဳင္းတံုထိေတာ့ အဲဒီလို တားတာေတြေတာ့ မရိွပါဘူး။ ကားဂိတ္ေတြကိုေတာ့ စာပို႔ညႊန္ၾကားတာတို႔ ဘာတို႔ေတာ့ မရိွဘူး။ က်ိဳင္းတံုထိေတာ့ သြားလို႔ရတယ္။ မုိင္းလားဘက္ေတာ့ သြားလို႔မရဘူး။ လမ္းမွာစစ္တယ္”ဟု က်ိဳင္းတံု - မိုင္းလား ခရီးသည္ပို႔ေဆာင္ေရးယာဥ္လုိင္းမွ တာဝန္ရိွသူတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

က်ိဳင္းတံုမွ မိုင္းလားဘက္သို႔ ခရီးသည္ပို႔ေဆာင္ေနသည့္ယာဥ္မ်ားတြင္ “ဝ”တုိင္းရင္းသား မွတ္ပံုတင္ကိုင္ေဆာင္သူမ်ားအား တင္ေဆာင္ျခင္းမျပဳရန္ အေၾကာင္းၾကားကန္႔သတ္ျခင္းမရိွေသာ္လည္း လမ္းပိုင္းရိွ ဂိတ္မ်ားတြင္ စိစစ္မႈမ်ားရိွေနဆဲျဖစ္ေၾကာင္း က်ိဳင္းတံုၿမိဳ႕မွ ခရီးသြားယာဥ္လုိင္းမ်ားထံမွ သိရသည္။

သတင္း #အင္မိုင္ခ





~~~~~~~~⊰❂ unicode ~~~~~~~~


ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နှင့် “ဝ”ဒေသ မိုင်းလားမြို့ကြား စစ်ဆေးရေးဂိတ်များတွင် မှတ်ပုံတင်စစ်ဆေးနပြေီး “ဝ” တိုင်းရင်းသားများကို ဖြတ်သန်းသွားလာခွင့် တားမြစ်ထားသည်မှာ (၁၀)ရက်ကျော်ပြီ ဖြစ်သော်လည်း တားမြစ်ရသည့် အကြောင်းရင်း မသိရသေးဘဲ ဖေဖော်ဝါရီလ (၁၁)ရက်နေ့အထိ သွားလာခွင့် မပြုသေးကြောင်း သိရသည်။

“လောလောဆယ်တော့ သူတို့ဆွေးနွေးနေတုန်းလို့တော့ အဲဒီလိုကြားတယ်။ တစ်ချို့ကတော့ “လွယ်လ”ဆိုတာ ကျွန်တော်တို့ “ဝ” ပဲလေ။ သူတို့တော့ရတယ်လို့ ဒီနေ့ကြားတယ်။ “ဝ” တွေတော့ မရဘူးတဲ့။ အခုက လဝကနဲ့ ရဲကတော့ မလုပ်ဘူး။ ဒါက တစ်နိုင်ငံလုံးသွားလို့ရတယ်လေ။ တားလို့မရဘူး။ ဒါက တပ်နဲ့ဖြစ်တာ။ ဒီဘက်ခြမ်း တန့်ယန်းကို လာလို့ရတယ်။ ဟိုဘက် ကျိုင်းတုံဘက်သွားလို့မရတာ” ဟု မက်မန်းမဲဆန္ဒနယ်မှ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးညီနပ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျိုင်းတုံ - မိုင်းလားလမ်းကြောင်းရှိ စစ်ဆေးရေးဂိတ်များက မှတ်ပုံတင်စစ်ဆေးပြီး “ဝ”တိုင်းရင်းသားများအား ဖြတ်သန်းခွင့်မပြုသဖြင့် ဒေသခံများမှာ အခက်အခဲဖြစ်နေကြောင်း သိရသည်။

“ကျွန်တော့်မိတ်ဆွေဆို တာချီလိတ်မှာ နေတယ်။ မိုင်းပျဉ်းကနေ နာရေးရှိလို့သွားတာ အပြန်မှာ ကျိုင်းတုံဘက်ကနေ ပြန်လို့မရတော့ဘူး။ တာချီလိတ်မှာနေတဲ့ မိသားစုပါဆိုလည်း မရဘူး။ တပ်က ခွင့်မပြုဘူးတဲ့။ ဒါနဲ့ သူတို့က မိုင်းယုရတယ်ထင်ပြီး သွားကြတော့လည်း ပိတ်တယ်တဲ့။ ဒါနဲ့ ပန်ဆန်းဘက်ပြန်လာပြီး လားရှိုးကနေ တာချီလိတ်ကို သူတို့ခြောက်ယောက် လေယာဉ်နဲ့ ပြန်ကြရတယ်”ဟု မက်မန်းမဲဆန္ဒနယ်မှ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးညီနပ်က ဆိုသည်။

ကျိုင်းတုံမှ မိုင်းလားဘက်သို့သွားသည့် လမ်းကြောင်းများအားလုံးတွင် တားဆီးလိုက်ခြင်းဖြစ်ပြီး မိုင်းယုလမ်းတွင်လည်း စိစစ်တားဆီးနေကြောင်း သိရသည်။

“ဒီလမ်းပိုင်းမှာ “ဝ” လူမျိုးမှတ်ပုံတင်ကိုင်တဲ့သူဆိုရင် ကိုယ်ပိုင်ကားပဲဖြစ်ဖြစ်၊ ခရီးသည်တင်ကားနဲ့ဖြစ်ဖြစ် သွားလာခွင့်မရှိဘူးလို့ ကြားရတယ်။ ကျွန်တော်တို့ သိသလောက်တော့ အခုချိန်ထိလည်း မထူးသေးဘူး။ ပိတ်နေတုန်းပဲ။ အခုလိုအချိန် စာမေးပွဲကာလတွေ တရုတ်နှစ်သစ်ကူးကာလလို အသွားအလာ များတဲ့ကာလမှာ ပိတ်လိုက်တော့ အခက်အခဲတွေ ဖြစ်ကုန်တာပေါ့နော်။ ဒီဘက်တောင်ပိုင်းမှာရှိတဲ့ “ဝ” လူမျိုးတွေက တစ်သိန်းကျော်လောက်ရှိတယ်။ အဲဒီလို သွားလာခွင့်ပိတ်လိုက်တော့ သူတို့တပ်က ဂိတ်တွေမရှိတဲ့ဘက်တွေ လှည့်ပတ်သွားကုန်ကြရတာပေါ့” ဟု UWSA လားရှိုး ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။

ယင်းကဲ့သို့ “ဝ”တိုင်းရင်းသားများအား စိစစ်တားမြစ်ခြင်းကို ယခင်က လုပ်ဆောင်ခဲ့ဖူးခြင်းမရှိဘဲ တားမြစ် စိစစ်ခြင်းများ လုပ်ဆောင်သည့်အကြောင်းရင်းကိုလည်း မသိရကြောင်း ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်က ဆိုသည်။

“မိုင်းခတ် - မိုင်းယန်းလမ်းမှာ တားတာ။ ဟိုဘက်(ကျိုင်းတုံ)ကလာရင် မိုင်းယန်းကတည်းက တားပြီ။ ဘာဖြစ်သလဲတော့ မသိဘူး။ တပ်ဘက်ကပိတ်တယ်။ လဝကတို့ ရဲတို့မသိဘူးလို့ ပြောတယ်။ ကျိုင်းတုံဘက်က လာရင် မိုင်းယန်းကို အရင်ရောက်တယ်ပေါ့။ အဲဒီက တပ်ရင်းမှူးက လွှတ်ပေး ချင်တယ်ပေါ့။ ကျွန်တော်ဖုန်းဆက်တော့ ဒါပေမဲ့ သူလွှတ်ပေးလိုက်လည်း မိုင်းခတ်မှာ တားပြီး ပြန်လွှတ်မှာ ဆိုတော့ သူလည်း မလွှတ်ပေးတော့ဘူးပေါ့။ ဝမ်တာပုံမှာလည်း ပိတ်တယ်။ အဲဒီလမ်းပိုင်းမှာ တပ်က သုံးခုရှိတာကိုး။ မိုင်းယုလမ်းလည်း ပိတ်တယ်တဲ့။ သံလွင်အရှေ့ခြမ်းမှာ ပိတ်တာ။ ဒီဘက်ခြမ်းတော့ မပိတ်ဘူး။ သူတို့ဆွေးနွေးနကြေတယ်လို့ပြောတာပဲကြားတယ်။ တပ်ကကိစ္စဆိုတော့ ကျွန်တော်တို့လည်း မသိဘူးနော်။ (၁၀)ရက်ကျော်သွားပြီ။ အရင်က အခုလို တစ်ခါမှ မဖြစ်ဖူးဘူး။ ဒီ ဝဘက်မှာကလည်း အထက်ပိုင်း အဖွဲ့အစည်းမှာ အပြောင်းအလဲလည်းရှိတော့ အဲဒါလည်း သူတို့ စောင့်ကြည့်တာများ ပါမလားမသိဘူးပေါ့။ ကျွန်တော်က လွှတ်တော်ဘက်ပဲဆိုတော့ အဲဒီဘက်တော့ မသိဘူးပေါ့နော်” ဟုမက်မန်းမဲဆန္ဒနယ်မှ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးညီနပ်က ဆိုသည်။

ကျိုင်းတုံနှင့် မိုင်းလား လမ်းကြောင်းများတွင် တားဆီးခြင်းဖြစ်သော်လည်း တာချီလိတ်နှင့် ကျိုင်းတုံကြားတွင် ယင်းကဲ့သို့ စိစစ်တားဆီးခြင်းမရှိကြောင်း သိရသည်။

“တာချီလိတ်ကနေ ကျိုင်းတုံထိတော့ အဲဒီလို တားတာတွေတော့ မရှိပါဘူး။ ကားဂိတ်တွေကိုတော့ စာပို့ညွှန်ကြားတာတို့ ဘာတို့တော့ မရှိဘူး။ ကျိုင်းတုံထိတော့ သွားလို့ရတယ်။ မိုင်းလားဘက်တော့ သွားလို့မရဘူး။ လမ်းမှာစစ်တယ်”ဟု ကျိုင်းတုံ - မိုင်းလား ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျိုင်းတုံမှ မိုင်းလားဘက်သို့ ခရီးသည်ပို့ဆောင်နေသည့်ယာဉ်များတွင် “ဝ”တိုင်းရင်းသား မှတ်ပုံတင်ကိုင်ဆောင်သူများအား တင်ဆောင်ခြင်းမပြုရန် အကြောင်းကြားကန့်သတ်ခြင်းမရှိသော်လည်း လမ်းပိုင်းရှိ ဂိတ်များတွင် စိစစ်မှုများရှိနေဆဲဖြစ်ကြောင်း ကျိုင်းတုံမြို့မှ ခရီးသွားယာဉ်လိုင်းများထံမှ သိရသည်။

သတင်း #အင်မိုင်ခ



 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~


« PREV
NEXT »

No comments

Post a Comment

:::::::::: လႈိက္လွဲစြာ ေက်းဇုူးတင္ရွိပါသည္ ::::::::::