ဂျာမဏီ နှင့် မြန်မာနိုင်ငံမှ ဆရာဝန်များဖြင့် တာချီလိတ်တွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ နှင့် မီးလောင်ဒဏ်ရာလူနာများအား အခမဲ့ ခွဲစိတ်ကုသပေးမှု စတင်

ဂျာမဏီ နှင့် မြန်မာနိုင်ငံမှ ဆရာဝန်များဖြင့် တာချီလိတ်တွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ နှင့် မီးလောင်ဒဏ်ရာလူနာများအား အခမဲ့ ခွဲစိတ်ကုသပေးမှု စတင်
ဖေဖော်ဝါရီ 26, 2018
By Tachileik News Agency

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ မြန်မာနိုင်ငံစားဖိုမှူးများအသင်း နှင့် ရှမ်းပြည်နယ် အရှေ့ပိုင်း ပရဟိအဖွဲ့များမှ ပူးပေါင်းဆောင်ရွက်သည့် ဂျာမဏီနိုင်ငံနှင့် မြန်မာနိုင်ငံမှ ဆရာဝန်ကြီးများဖြင့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ နှင့် မီးလောင်ဒဏ်ရာလူနာများအား အခမဲ့ ခွဲစိတ်ကုသပေးမှု အဖြစ် ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ(၂၆)ရက်နေ့တွင် တာချီလိတ်ခရိုင် ကုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံ၌ စတင် ခွဲစိတ်ကုသ ပေးနေပြီး မတ်လ(၇)ရက်နေ့အထိ အခမဲ့ ခွဲစိတ်ကုသပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီလ(၂၆)ရက်နေ့ နံနက်ပိုင်းက စ၍ စမ်းသပ်ခွဲစိတ်ကုသပေးမှုများကို ပြုလုပ်ပေးနေပြီး လာရောက် ကုသခံသည့် ဝေဒနာရှင်များထဲတွင် ခွဲစိတ်ကုသ၍ရမည့် လူနာများ အနေဖြင့် စောင့်ဆိုင်း နိုင်ရန် အတွက်  တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက်တွင်းရှိ ဂေါ်ရခါးမဂ္ဂရိပ်သာဓမ္မာရုံတွင် တည်းခိုနိုင်ရန်  စီစဉ်ပေးထားပြီး ၎င်းတို့အတွက် စားသောက်မှုများနှင့်အခြားလိုအပ်မည့် အရာများအတွက် စေတနာရှင်များမှ ပါဝင်လှူဒါန်း ကူညီပေးထားကြောင်း သိရသည်။

" လောလောဆယ် တစ်နေ့ကို နှုတ်ခမ်းကွဲနဲ့အဆီအကြိတ်ကို (၁၀)ဦး၊ လည်ပင်ကြီးဝေဒနာရှင် (၂)ဦး အဲ့လို သတ်မှတ်ပြီး ခွဲစိတ်ကုသပေးနေပါတယ်၊ လာတဲ့သူတွေထဲမှာ ခွဲစိတ်လို့ ရ မရဆိုတာတွေကို စမ်းသပ် ပေးနေပြီး မရတဲ့သူတွေကတော့ ပြန်ရမှာပါ၊ ခွဲစိတ်လို့ရမဲ့ ဝေဒနာရှင်တွေကိုတော့  ဂေါ်ရခါး မဂ္ဂရိပ်သာဓမ္မာရုံမှာ ကုသစဉ်ကာလအတွင်း နေထိုင်နိုင်ဖို့နဲ့ သတ်မှတ်ကာလ အတွင်း လိုအပ်ချက်များ အတွက် စေတနာရှင်များက လှူဒါန်းပေးထားကြပါတယ်"ဟု အဆိုပါ အခမဲ့ ခွဲစိပ်ကုသမှု အစီအစဉ်တွင် ပါဝင်ကူညီပေးနေသည့် တာချီလိတ်မြို့ မဇ္ဈိမလူမှုကူညီရေးအသင်းမှ ကိုနေမျိုးက ပြောသည်။

လာရောက်၍ ခွဲစိတ်မှုခံယူသည့် ဝေဒနာရှင်များနှင့် ပတ်သက်၍ တာချီလိတ်တွင် စောင့်ဆိုင်းနေစဉ် ကာလအတွင်း ရှိလာမည့် ကုန်ကျမှုများအတွက် ဖေဖော်ဝါရီလ(၂၆)ရက်နေ့ နေ့လည်ပိုင်းအချိန်အထိ တာချီလိတ်မြို့မှ မင်မင်ကုန်စုံဆိုင်၊ မန်းမန်းစတိုး၊ ယုံးကြည်စတိုး၊ ကျုံးကုန်ဆုံဆိုင် နှင့် မန်းမန်းဆေးဆိုင် မောင်နှမတစ်စုမှ ထိုင်းဘတ်ငွေ(၁)သိန်း၊ ကျောက်စိမ်းကန်မွေးမြူရေးလုပ်ငန်း နှင့် ရွှေသရဖူမီနီမတ် မိသားစုမှ ထိုင်းဘတ်ငွေ (၂၅၀၀၀)ဘတ်၊ ဦးမြင့်ဦး(မုတ်ဆိတ်) + ဒေါ်နန်းသောင်း မိသားစုမှ ထိုင်းဘတ်ငွေ (၅၀၀၀)ဘတ်နှင့် ဦးကျော်နန္ဒ(မြို့နယ်မြေစာရင်း) + ဒေါ်သန္တာမြင့် မိသားစုမှ ထိုင်းဘတ်ငွေ (၃၀၀၀)ဘတ် ပါဝင်လှူဒါန်းပေးထားကြောင်း သိရသည်။

ခွဲစိတ်ကုသနေစဉ်အတွင်း လူနာများအတွက် အရေးပေါ်သွေးများ လိုအပ်လာသည့်အခါ အဆင်သင့် အသုံးပြုနိုင်ရန်အတွက် မည်သည့်သွေးအမျိုးအစားမဆို လှူဒါန်းလိုသူများအနေဖြင့် ဖေဖော်ဝါရီလ(၂၆)ရက်နေ့က စ၍ ခွဲစိတ်ကုသမည့် တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံသို့ လာရောက်လှူဒါန်းနိုင်ကြောင်းလည်း အသိပေးထားရှိသည်။

သွေးလှူဒါန်းလိုသူများ နှင့် ကုသမှုခံယူလိုသည့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲနှင့် လည်ပင်းကြီး ဝေဒနာရှင်များ အနေဖြင့် ဖုန်း 095241342၊ 0941003219 နှင့် 09250859585 သို့ ဆက်သွယ်၍ အသေးစိတ် စုံစမ်း မေးမြန်းနိုင်မှာ ဖြစ်ကြောင်း နှင့် သွေးလှူဒါန်းလိုသူများ အနေဖြင့်လည်း သွေးလာရောက် လှူဒါန်းရန် သွားလာရ ခက်ခဲပါက ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်စေလိုကြောင်း အသိပေးထားရှိသည်။


ဖေဖော်ဝါရီလ(၂၆)ရက်နေ့မှ မတ်လ(၇)ရက်နေ့အထိ အခမဲ့ခွဲစိတ်ကုသပေးနိုင်ရန် စီစဉ်ထားရှိရာတွင် လတ်တလော၌ ကယားပြည်နယ်မှ (၂၆)ဦး၊ မိုင်းဖြတ်မြို့နယ်မှ (၃၁)ဦး အပါအ၀င် တာချီလိတ်မြို့နယ် အတွင်းမှ ဝေဒနာရှင်များလည်း ပါဝင်ကြောင်း သိရသည်။

ဓါတ်ပုံ - ဇောင်းညီ



~~~~~~~~⊰❂ unicode ~~~~~~~~

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ မြန်မာနိုင်ငံစားဖိုမှူးများအသင်း နှင့် ရှမ်းပြည်နယ် အရှေ့ပိုင်း ပရဟိအဖွဲ့များမှ ပူးပေါင်းဆောင်ရွက်သည့် ဂျာမဏီနိုင်ငံနှင့် မြန်မာနိုင်ငံမှ ဆရာဝန်ကြီးများဖြင့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ နှင့် မီးလောင်ဒဏ်ရာလူနာများအား အခမဲ့ ခွဲစိတ်ကုသပေးမှု အဖြစ် ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ(၂၆)ရက်နေ့တွင် တာချီလိတ်ခရိုင် ကုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံ၌ စတင် ခွဲစိတ်ကုသ ပေးနပြေီး မတ်လ(၇)ရက်နေ့အထိ အခမဲ့ ခွဲစိတ်ကုသပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီလ(၂၆)ရက်နေ့ နံနက်ပိုင်းက စ၍ စမ်းသပ်ခွဲစိတ်ကုသပေးမှုများကို ပြုလုပ်ပေးနပြေီး လာရောက် ကုသခံသည့်ေဝဒနာရှင်များထဲတွင် ခွဲစိတ်ကုသ၍ရမည့် လူနာများ အနဖြေင့် စောင့်ဆိုင်း နိုင်ရန် အတွက် တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်တွင်းရှိ ဂေါ်ရခါးမဂ္ဂရိပ်သာဓမ္မာရုံတွင် တည်းခိုနိုင်ရန် စီစဉ်ပေးထားပြီး၎င်းတို့အတွက် စားသောက်မှုများနှင့်အခြားလိုအပ်မည့် အရာများအတွက် စေတနာရှင်များမှ ပါဝင်လှူဒါန်း ကူညီပေးထားကြောင်း သိရသည်။

" လောလောဆယ် တစ်နေ့ကို နှုတ်ခမ်းကွဲနဲ့အဆီအကြိတ်ကို (၁၀)ဦး၊ လည်ပင်ကြီးေဝဒနာရှင် (၂)ဦး အဲ့လို သတ်မှတ်ပြီး ခွဲစိတ်ကုသပေးနေပါတယ်၊ လာတဲ့သူတွေထဲမှာ ခွဲစိတ်လို့ ရ မရဆိုတာတွေကို စမ်းသပ် ပေးနပြေီး မရတဲ့သူတွေကတော့ ပြန်ရမှာပါ၊ ခွဲစိတ်လို့ရမဲ့ေဝဒနာရှင်တွေကိုတော့ ဂေါ်ရခါး မဂ္ဂရိပ်သာဓမ္မာရုံမှာ ကုသစဉ်ကာလအတွင်း နေထိုင်နိုင်ဖို့နဲ့ သတ်မှတ်ကာလ အတွင်း လိုအပ်ချက်များ အတွက် စေတနာရှင်များက လှူဒါန်းပေးထားကြပါတယ်"ဟု အဆိုပါ အခမဲ့ ခွဲစိပ်ကုသမှု အစီအစဉ်တွင် ပါဝင်ကူညီပေးနေသည့် တာချီလိတ်မြို့ မဇ္ဈိမလူမှုကူညီရေးအသင်းမှ ကိုနေမျိုးက ပြောသည်။

လာရောက်၍ ခွဲစိတ်မှုခံယူသည့်ေဝဒနာရှင်များနှင့် ပတ်သက်၍ တာချီလိတ်တွင် စောင့်ဆိုင်းနေစဉ် ကာလအတွင်း ရှိလာမည့် ကုန်ကျမှုများအတွက် ဖေဖော်ဝါရီလ(၂၆)ရက်နေ့ နေ့လည်ပိုင်းအချိန်အထိ တာချီလိတ်မြို့မှ မင်မင်ကုန်စုံဆိုင်၊ မန်းမန်းစတိုး၊ ယုံးကြည်စတိုး၊ ကျုံးကုန်ဆုံဆိုင် နှင့် မန်းမန်းဆေးဆိုင် မောင်နှမတစ်စုမှ ထိုင်းဘတ်ငွေ(၁)သိန်း၊ ကျောက်စိမ်းကန်မွေးမြူရေးလုပ်ငန်း နှင့် ရွှေသရဖူမီနီမတ် မိသားစုမှ ထိုင်းဘတ်ငွေ (၂၅၀၀၀)ဘတ်၊ ဦးမြင့်ဦး(မုတ်ဆိတ်) + ဒေါ်နန်းသောင်း မိသားစုမှ ထိုင်းဘတ်ငွေ (၅၀၀၀)ဘတ်နှင့် ဦးကျော်နန္ဒ(မြို့နယ်မြေစာရင်း) + ဒေါ်သန္တာမြင့် မိသားစုမှ ထိုင်းဘတ်ငွေ (၃၀၀၀)ဘတ် ပါဝင်လှူဒါန်းပေးထားကြောင်း သိရသည်။

ခွဲစိတ်ကုသနေစဉ်အတွင်း လူနာများအတွက် အရေးပေါ်သွေးများ လိုအပ်လာသည့်အခါ အဆင်သင့် အသုံးပြုနိုင်ရန်အတွက် မည်သည့်သွေးအမျိုးအစားမဆို လှူဒါန်းလိုသူများအနဖြေင့် ဖေဖော်ဝါရီလ(၂၆)ရက်နေ့က စ၍ ခွဲစိတ်ကုသမည့် တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံသို့ လာရောက်လှူဒါန်းနိုင်ကြောင်းလည်း အသိပေးထားရှိသည်။

သွေးလှူဒါန်းလိုသူများ နှင့် ကုသမှုခံယူလိုသည့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲနှင့် လည်ပင်းကြီး ဝေဒနာရှင်များ အနဖြေင့် ဖုန်း 095241342၊ 0941003219 နှင့် 09250859585 သို့ ဆက်သွယ်၍ အသေးစိတ် စုံစမ်း မေးမြန်းနိုင်မှာ ဖြစ်ကြောင်း နှင့် သွေးလှူဒါန်းလိုသူများ အနဖြေင့်လည်း သွေးလာရောက် လှူဒါန်းရန် သွားလာရ ခက်ခဲပါက ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်စေလိုကြောင်း အသိပေးထားရှိသည်။

လည်ပင်းကြီး၊ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ နှင့် အဆီကြိတ်များအား အခမဲ့ ကုသခွဲစိတ်ပေးနိုင်ရန်အတွက် မြန်မာနိုင်ငံစားဖိုမှူးများအသင်းမှ ဂျာမနီနိုင်ငံ ဆရာဝန်ကြီးများ ဆရာဝန်များ နှင့်အဖွဲ့သည့် ဖေဖော်ဝါရီလ(၂၅)ရက်နေ့တွင် တာချီလိတ်သို့ စတင်ရောက်ရှိလာပြီး ဖေဖော်ဝါရီလ(၂၆)ရက်နေ့ နံနက်ပိုင်းတွင် တာချီလိတ်ခရိုင် ကုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံ၌ ဖွင့်ပွဲအခမ်းအနားဖြင့် ပြုလုပ်ရာ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် နှင့် တာချီလိတ်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်း တို့မှ တက်ရောက်လာခဲ့ကြပြီး ဖိတ်ကြား ထားသူများလည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဖေဖော်ဝါရီလ(၂၆)ရက်နေ့မှ မတ်လ(၇)ရက်နေ့အထိ အခမဲ့ခွဲစိတ်ကုသပေးနိုင်ရန် စီစဉ်ထားရှိရာတွင် လတ်တလော၌ ကယားပြည်နယ်မှ (၂၆)ဦး၊ မိုင်းဖြတ်မြို့နယ်မှ (၃၁)ဦး အပါအဝင် တာချီလိတ်မြို့နယ် အတွင်းမှေဝဒနာရှင်များလည်း ပါဝင်ကြောင်း သိရသည်။

ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~