တာခ်ီလိတ္တြင္ လူငယ္တစ္ဦး မိမိကိုယ္မိမိ တူမီးေသနတ္ျဖင့္ ပစ္ခတ္မႈျဖစ္ပြား

တာခ်ီလိတ္တြင္ လူငယ္တစ္ဦး မိမိကိုယ္မိမိ တူမီးေသနတ္ျဖင့္ ပစ္ခတ္မႈျဖစ္ပြား
ဖေဖော်ဝါရီ 18, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္ ၊ မုိင္းကုိးေက်းရြာအုပ္စု ရန္ရွင္း(၃) ေက်းရြာတြင္ တူမီးေသနတ္ျဖင့္ မိမိကိုယ္မိမိ ပစ္ခတ္ခဲ့သည့္ လူငယ္အား ေဆးရံုတင္ပို႔ကုသႏိုင္ခဲ့ေၾကာင္း သိရသည္။

ရန္ရွင္း(၄)ေက်းရြာႏွင့္ ေလးမိုင္ခန္႔အကြာရိွ ေတာင္ယာတြင္ ေဖေဖၚဝါရီလ (၁၇)ရက္ေန႔က အသက္ (၂၃)ႏွစ္အရြယ္ ေမာင္ေဆသသည္ ဖခင္ျဖစ္သူႏွင့္အတူ ေတာင္ယာလုပ္ငန္းလုပ္ကိုင္ေနၿပီး ေန႔လယ္ (၁၁)နာရီဝန္းက်င္တြင္ ေတာင္ယာတဲအတြင္း တစ္ဦးထဲသြားေရာက္အနားယူရာမွ ေသနတ္ပစ္ခတ္မႈ ျဖစ္ပြားျခင္းျဖစ္ေၾကာင္း သိရသည္။

ေတာင္ယာတဲမွ တူမီးေသနတ္သံၾကားသျဖင့္ ဖခင္ျဖစ္သူက သြားေရာက္ၾကည့္ရွဳရာ ေမာင္ေဆသမွာ တူမီး ေသနတ္ေျပာင္းကုိ ပါးစပ္တြင္ တပ္လ်က္၊ ထုိင္လ်က္ အေနအထားျဖင့္ မိမိကုိယ္ကုိပစ္ခတ္ထားသည့္ အေနအထားကုိေတြ႕ရွိရသျဖင့္ ဖခင္ျဖစ္သူ ဦးက်ေလာက တာခ်ီလိတ္ခရုိင္ျပည္သူ႕ေဆးရံုသုိ႕ ပုိ႕ေဆာင္ကုသေစခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

မိမိကုိယ္ကုိ တူမီးေသနတ္ျဖင့္ပစ္ခတ္သူ ေမာင္ေဆသအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၄၉/၂၀၁၈ ၊ရာဇသတ္ၾကီး ဥပေဒ ပုဒ္မ ၃၀၇ အရ အမႈဖြင့္ထားေၾကာင္း သိရသည္။

ဓါတ္ပံု - မုိင္းကုိးေထြ/အုပ္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု ရန်ရှင်း(၃) ကျေးရွာတွင် တူမီးသေနတ်ဖြင့် မိမိကိုယ်မိမိ ပစ်ခတ်ခဲ့သည့် လူငယ်အား ဆေးရုံတင်ပို့ကုသနိုင်ခဲ့ကြောင်း သိရသည်။

ရန်ရှင်း(၄)ကျေးရွာနှင့် လေးမိုင်ခန့်အကွာရှိ တောင်ယာတွင် ဖေဖော်ဝါရီလ (၁၇)ရက်နေ့က အသက် (၂၃)နှစ်အရွယ် မောင်ဆေသသည် ဖခင်ဖြစ်သူနှင့်အတူ တောင်ယာလုပ်ငန်းလုပ်ကိုင်နပြေီး နေ့လယ် (၁၁)နာရီဝန်းကျင်တွင် တောင်ယာတဲအတွင်း တစ်ဦးထဲသွားရောက်အနားယူရာမှ သေနတ်ပစ်ခတ်မှု ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။

တောင်ယာတဲမှ တူမီးသေနတ်သံကြားသဖြင့် ဖခင်ဖြစ်သူက သွားရောက်ကြည့်ရှုရာ မောင်ဆေသမှာ တူမီး သေနတ်ပြောင်းကို ပါးစပ်တွင် တပ်လျက်၊ ထိုင်လျက် အနေအထားဖြင့် မိမိကိုယ်ကိုပစ်ခတ်ထားသည့် အနေအထားကိုတွေ့ရှိရသဖြင့် ဖခင်ဖြစ်သူ ဦးကျလောက တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသစေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မိမိကိုယ်ကို တူမီးသေနတ်ဖြင့်ပစ်ခတ်သူ မောင်ဆေသအား တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၄၉/၂၀၁၈၊ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၇ အရ အမှုဖွင့်ထားကြောင်း သိရသည်။

ဓာတ်ပုံ - မိုင်းကိုးထွေ/အုပ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~