ပင္းတယၿမိဳ႕နယ္အတြင္း ပထမဆံုးအႀကိမ္ ေတာင္ရိုးအမ်ိဳးသားစံုညီပြဲေတာ္ သံုးရက္ၾကာက်င္းပေန

ပင္းတယၿမိဳ႕နယ္အတြင္း ပထမဆံုးအႀကိမ္ ေတာင္ရိုးအမ်ိဳးသားစံုညီပြဲေတာ္ သံုးရက္ၾကာက်င္းပေန
ဖေဖော်ဝါရီ 15, 2018
By 🌸
နဝမအႀကိမ္ ေတာင္ရိုးအမ်ိဳးသားစံုညီပြဲေတာ္ကို ရွမ္းျပည္နယ္(ေတာင္ပိုင္း) ပင္းတယၿမိဳ႕နယ္အတြင္း က်ားကုန္းေက်းရြာအုပ္စု တည္ပင္ရြာတြင္ ေဖေဖၚဝါရီလ (၁၅)ရက္ေန႔မွစ၍ သံုးရက္ၾကာ က်င္းပေနရာ ပင္းတယၿမိဳ႕နယ္အတြင္း ပထမဆံုးအႀကိမ္ က်ငး္ပျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါပြဲေတာ္သို႔ ေတာင္ရိုးတုိင္းရင္းသားမ်ား ေနထုိင္ရာေဒသအသီးသီးမွ တက္ေရာက္ၾကျခင္းျဖစ္ၿပီး ေတာင္ရိုးစာေပႏွင့္ ယဥ္ေက်းမႈအသင္းမ်ားက ေခတ္ေပၚႏွင့္ ရိုးရာ အဆို၊ အကမ်ား၊ အလွမယ္ေရြးပြဲမ်ားလည္း ပါဝင္မည္ျဖစ္ေၾကာင္း သိရသည္။

“ေခတ္ေပၚေရာ ရိုးရာေရာ ၿပိဳင္ပြဲဝင္မယ့္အဖြဲ႕ေပါင္း (၁၅၀)ရိွပါတယ္။ လူဦးေရကေတာ့ စုစုေပါင္း တစ္ေသာင္းေက်ာ္ေက်ာ္ ေလာက္ရိွတယ္။ ေဒသအတြင္းမွာ ႏွစ္စဥ္ အလွည့္က် က်င္းပတာပါ။ ပင္းတယၿမိဳ႕နယ္အတြက္ကေတာ့ ဒါက ပထမဆုံုးက်င္းပတာပါ”ဟု ၿပိဳင္ပြဲတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ေတာင္ရိုးယဥ္ေက်းမႈအဖြဲ႕မွ ကိုခင္ေမာင္ေထြးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ပါဝင္ယွဥ္ၿပိဳင္မည့္အဖြဲ႕မ်ားအား အမွတ္စဥ္ မဲႏိႈက္ေရြးခ်ယ္ျခင္းကို ေဖေဖၚဝါရီလ (၁၄)ရက္ေန႔ညက ျပဳလုပ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ပြဲေတာ္အား ေဒသတြင္းၿမိဳ႕နယ္မ်ားတြင္ ႏွစ္စဥ္အလွည့္က် က်င္းပျခင္းျဖစ္ၿပီး ၂၀၁၈ ခုႏွစ္တြင္ ပင္းတယၿမိဳ႕နယ္အတြင္း ပထမဆံုး က်င္းပျခင္းျဖစ္ေၾကာင္းသိရၿပီး ေခတ္ေပၚ၊ ရိုးရာ အဆို၊အကအပါအဝင္ စုစုေပါင္း ၿပိဳင္ပြဲေပါင္း (၆)ခုပါဝင္ေၾကာင္း သိရသည္။

သတင္း #အင္မို္င္ခ
ဓါတ္ပံု #KMH

~~~~~~~~⊰❂ unicode ~~~~~~~~
ပင်းတယမြို့နယ်အတွင်း ပထမဆုံးအကြိမ် တောင်ရိုးအမျိုးသားစုံညီပွဲတော် သုံးရက်ကြာကျင်းပနေ
***********
နဝမအကြိမ် တောင်ရိုးအမျိုးသားစုံညီပွဲတော်ကို ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်းတယမြို့နယ်အတွင်း ကျားကုန်းကျေးရွာအုပ်စု တည်ပင်ရွာတွင် ဖေဖေါ်ဝါရီလ (၁၅)ရက်နေ့မှစ၍ သုံးရက်ကြာ ကျင်းပနေရာ ပင်းတယမြို့နယ်အတွင်း ပထမဆုံးအကြိမ် ကျငး်ပခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါပွဲတော်သို့ တောင်ရိုးတိုင်းရင်းသားများ နေထိုင်ရာဒေသအသီးသီးမှ တက်ရောက်ကြခြင်းဖြစ်ပြီး တောင်ရိုးစာပေနှင့် ယဉ်ကျေးမှုအသင်းများက ခေတ်ပေါ်နှင့် ရိုးရာ အဆို၊ အကများ၊ အလှမယ်ရွေးပွဲများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

“ခေတ်ပေါ်ရော ရိုးရာရော ပြိုင်ပွဲဝင်မယ့်အဖွဲ့ပေါင်း (၁၅၀)ရှိပါတယ်။ လူဦးရေကတော့ စုစုပေါင်း တစ်သောင်းကျော်ကျော် လောက်ရှိတယ်။ ဒေသအတွင်းမှာ နှစ်စဉ် အလှည့်ကျ ကျင်းပတာပါ။ ပင်းတယမြို့နယ်အတွက်ကတော့ ဒါက ပထမဆုုံးကျင်းပတာပါ”ဟု ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် တောင်ရိုးယဉ်ကျေးမှုအဖွဲ့မှ ကိုခင်မောင်ထွေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပါဝင်ယှဉ်ပြိုင်မည့်အဖွဲ့များအား အမှတ်စဉ် မဲနှိုက်ရွေးချယ်ခြင်းကို ဖေဖေါ်ဝါရီလ (၁၄)ရက်နေ့ညက ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပွဲတော်အား ဒေသတွင်းမြို့နယ်များတွင် နှစ်စဉ်အလှည့်ကျ ကျင်းပခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် ပင်းတယမြို့နယ်အတွင်း ပထမဆုံး ကျင်းပခြင်းဖြစ်ကြောင်းသိရပြီး ခေတ်ပေါ်၊ ရိုးရာ အဆို၊အကအပါအဝင် စုစုပေါင်း ပြိုင်ပွဲပေါင်း (၆)ခုပါဝင်ကြောင်း သိရသည်။

သတင်း #အင်မို်င်ခ
ဓါတ်ပုံ  #KMH

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~