ကျိုင်းတုံမြို့တွင်းလမ်း ဖုန်ထမှုများကြောင့် ထွက်ပေါ်နေသည့် ဝေဖန်မှုများနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များက တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး

ကျိုင်းတုံမြို့တွင်းလမ်း ဖုန်ထမှုများကြောင့် ထွက်ပေါ်နေသည့် ဝေဖန်မှုများနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များက တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး
ဖေဖော်ဝါရီ 26, 2018
By Tachileik News Agency
ကျိုင်းတုံမြို့တွင်း၌ သော်တာဝင်းကုမ္ပဏီမှ တာဝန်ယူ၍ လမ်းခင်းနေမှုများ ဆောင်ရွက်နေရာတွင် ဖုန်ထခြင်းများကြောင့် ကျိုင်းတုံနေ ပြည်သူများအနြေ့ဖင့် ယာဉ်သွားယာဉ်လာနှင့်အတူ လမ်းအနီးရှိ နေအိမ်များမှ အခက်အခဲများ ဖြစ်ပေါ်ခဲ့သည့် အတွက် ကျိုင်းတုံနေ ပြည်သူများ၏ ဝေဖန်မှုများ ထွက်ပေါ်နေလျက်ရှိသည့်အတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူများ တွေ့ဆုံကာ ညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။





~~~~~~~~⊰❂ unicode ~~~~~~~~

ကျိုင်းတုံမြို့တွင်း၌ သော်တာဝင်းကုမ္ပဏီမှ တာဝန်ယူ၍ လမ်းခင်းနေမှုများ ဆောင်ရွက်နေရာတွင် ဖုန်ထခြင်းများကြောင့် ကျိုင်းတုံနေ ပြည်သူများအနြေ့ဖင့် ယာဉ်သွားယာဉ်လာနှင့်အတူ လမ်းအနီးရှိ နေအိမ်များမှ အခက်အခဲများ ဖြစ်ပေါ်ခဲ့သည့် အတွက် ကျိုင်းတုံနေ ပြည်သူများ၏ေဝဖန်မှုများ ထွက်ပေါ်နေလျက်ရှိသည့်အတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူများ တွေ့ဆုံကာ ညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ လမ်းတစ်လျှောက် ဖုန်ထခြင်းများနှင့် ပတ်သက်၍ ရှမ်းပြည်နယ်လွှတ်တော် ဒေသန္တရစီမံကိန်းနှင့်ဘဏ္ဍာရေး စီစစ်ရေးကော်မတီ ဥက္ကဌ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့် နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုး၊ ကျိုင်းတုံ NLD မှ ဦးကျော်သီဟ အပါအဝင် သော်တာဝင်း ကုမ္ပဏီမှ ဦးတိုးအောင်တို့မှ ဖေဖော်ဝါရီလ(၂၆)ရက်နေ့က ကျိုင်းတုံမြို့ရှိ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ် ညွှန်ကြားရေးမှူးရုံးတွင် တွေ့ဆုံကာ ဌာနမှ တာဝန်ရှိသူများနှင့်အတူ ဆွေးနွေးညှိနှိုင်းခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - Kyaw Thi Ha၊ Wunna Soe

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~