ကြတ္ခိုင္ၿမိဳ႕နယ္ ဆိုင္းေခါင္ႏွင့္ တာခိုင္ေက်း႐ြာမ်ားမွ စစ္ေဘးေရွာင္မ်ား ေနရပ္မျပန္ႏုိင္ေသး

ကြတ္ခိုင္ၿမိဳ႕နယ္ ဆိုင္းေခါင္ႏွင့္ တာခိုင္ေက်း႐ြာမ်ားမွ စစ္ေဘးေရွာင္မ်ား ေနရပ္မျပန္ႏုိင္ေသး
ဖေဖော်ဝါရီ 11, 2018
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) သိႏၷီၿမိဳ႕နယ္၊ နမၼတူေခ်ာင္းအေရွ႕ဘက္ျခမ္းရိွ မိုင္းပါး၊ ေကာင္းအိုင္ေက်း႐ြာႏွင့္ နမၼတူေခ်ာင္းအေနာက္ဘက္ျခမ္း ကြတ္ခိုင္ၿမိဳ႕နယ္ ေခါက္ကြဲေက်းရြာတို႔တြင္ စစ္ေဘးေရွာင္ေနသည့္ ေဒသခံမ်ားမွာ နယ္ေျမၿငိမ္သက္မႈအေျခအေနကို ေစာင့္ၾကည့္ေနရဆဲျဖစ္သျဖင့္ ေဖေဖၚဝါရီလ (၁၁)ရက္ေန႔အထိ ေနရပ္မျပန္ႏုိင္ေသးေၾကာင္း သိရသည္။

“သူတို႔တိမ္းေရွာင္လာတာကေတာ့ တစ္ပတ္ေလာက္ေတာ့ ရိွၿပီ။ ေလာေလာဆယ္ေတာ့ သူတို႔ရြာေတြဘက္ကို တပ္မေတာ္စစ္ေၾကာင္းေတြ ေရာက္ေနၿပီေတာ့ ၾကားေတာ့ အေျခအေနေကာင္းမလားေပါ့။ ဒါေပမဲ့ တပ္မေတာ္ စစ္ေၾကာင္းမရိွခ်ိန္ ဘယ္အဖြဲ႕ေတြထပ္ၿပီးလာမလဲဆိုၿပီးေတာ့  စိုးရိမ္တယ္လို႔ ဆိုၾကတယ္။ ေလာေလာဆယ္ေတာ့ ကေလးေတြက စာေမးပြဲနီးေနတယ္ဆိုေပမဲ့ သူတို႔အသက္အႏၱရာယ္အတြက္ပဲ စိတ္ပူေနၾကတာ။ သူတုိ႔ ဘယ္လိုေရွ႕ဆက္မလဲဆိုတာပဲ ေခါင္းထဲရိွၾကေတာ့ မစဥ္းစားႏုိင္ၾကဘူး။ ေလာေလာဆယ္ထိေတာ့ စားနပ္ရိကၡာေတာ့ လံုေလာက္ေနပါတယ္။ ေစာင္နည္းနည္းပါးပါးေတာ့ လိုတယ္လို႔ သိရတယ္။ သူတို႔ထဲမွာ အရင္ကရြာက လြန္ခဲ့တဲ့သံုးေလးငါးႏွစ္က စစ္ျဖစ္လို႔ ဒီရြာမွာ လာအေျခခ်ကာမွ ဒီရြာမွာ ထပ္ျဖစ္လို႔ ေျပးရတယ္ဆိုေတာ့ ေတာ္ေတာ္စိတ္ဓါတ္က် ငိုယိုေနတဲ့သူေတြလည္း ေတြ႔ရတယ္။ သူတုိ႔မွာ ေျပးလာေတာ့ ဘာမွလည္း ယူလာရတာမရိွဘူးဆိုၿပီး ျပန္ၿပီးထူေထာင္ဖို႔က စိတ္ပူၾကတာေပါ့။ ဒါေၾကာင့္ ကေလးေတြပါတာေတာင္ ကေလးေတြကိစၥကို ဘယ္သူမွ မေဆြးေႏြးခ်င္ၾကဘူး”ဟု ရွမ္းျပည္နယ္ မဲဆႏၵနယ္အမွတ္(၃)မွ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ စိုင္းဝမ္းလိႈင္းခမ္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ကြတ္ခိုင္ၿမိဳ႕နယ္ ဆိုင္းေခါင္ႏွင့္ တာခိုင္ေက်း႐ြာမ်ားအနီးတြင္ တုိက္ပြဲျဖစ္သျဖင့္ ေဒသခံ (၁၇၅)ဦးသည္ သိႏၷီၿမိဳ႕နယ္၊ နမၼတူေခ်ာင္းအေရွ႕ဘက္ျခမ္းရိွ မိုင္းပါး၊ ေကာင္းအိုင္ေက်း႐ြာႏွင့္ ေဒသခံ (၅၁)ဦးသည္ နမၼတူေခ်ာင္း အေနာက္ဘက္ျခမ္း ကြတ္ခိုင္ၿမိဳ႕နယ္ထဲရိွ ေခါက္ကြဲေက်း႐ြာ ဘုန္းႀကီးေက်ာင္းတို႔တြင္ စစ္ေဘးတိမ္းေရွာင္ ခိုလံႈေနၾကျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ စစ္ေဘးေရွာင္မ်ားတြင္ လြန္ခဲ့သည့္ ေလးႏွစ္ခန္႔က နမ့္ဖူးရြာတြင္ တုိက္ပြဲမ်ားျဖစ္သျဖင့္ ဆိုင္းေခါင္ရြာသို႔ ေရႊ႕ေျပာင္းေနထုိင္သူမ်ားလည္းပါဝင္ကာ စစ္ေဘးေရွာင္မ်ားမွာ ပစၥည္းအနည္းငယ္စီျဖင့္ တိမ္းေရွာင္လာၾကရၿပီး ေနရပ္ျပန္ရန္ အေျခအေနေစာင့္ၾကည့္ေနၾကရဆဲျဖစ္ေၾကာင္း သိရသည္။

အဆိုပါ စစ္ေဘးေရွာင္မ်ားအား အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ႏွင့္အဖြဲ႕က ေဖေဖၚဝါရီလ (၁၁)ရက္ေန႔တြင္ သြားေရာက္ေတြ႕ဆံုၿပီး ေနရပ္ျပန္ေရးအေျခအေနမ်ားကို ေဆြးေႏြးၾကျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း #အင္မိုင္ခ
ဓါတ္ပံု #SOLK

~~~~~~~~⊰❂ unicode ~~~~~~~~
ကွတ်ခိုင်မြို့နယ် ဆိုင်းခေါင်နှင့် တာခိုင်ကျေးရွာများမှ စစ်ဘေးရှောင်များ နေရပ်မပြန်နိုင်သေး
**********
ရှမ်းပြည်နယ်(မြောက်ပိုင်း) သိန္နီမြို့နယ်၊ နမ္မတူချောင်းအရှေ့ဘက်ခြမ်းရှိ မိုင်းပါး၊ ကောင်းအိုင်ကျေးရွာနှင့် နမ္မတူချောင်းအနောက်ဘက်ခြမ်း ကွတ်ခိုင်မြို့နယ် ခေါက်ကွဲကျေးရွာတို့တွင် စစ်ဘေးရှောင်နေသည့် ဒေသခံများမှာ နယ်မြေငြိမ်သက်မှုအခြေအနေကို စောင့်ကြည့်နေရဆဲဖြစ်သဖြင့် ဖေဖေါ်ဝါရီလ (၁၁)ရက်နေ့အထိ နေရပ်မပြန်နိုင်သေးကြောင်း သိရသည်။

“သူတို့တိမ်းရှောင်လာတာကတော့ တစ်ပတ်လောက်တော့ ရှိပြီ။ လောလောဆယ်တော့ သူတို့ရွာတွေဘက်ကို တပ်မတော်စစ်ကြောင်းတွေ ရောက်နေပြီတော့ ကြားတော့ အခြေအနေကောင်းမလားပေါ့။ ဒါပေမဲ့ တပ်မတော် စစ်ကြောင်းမရှိချိန် ဘယ်အဖွဲ့တွေထပ်ပြီးလာမလဲဆိုပြီးတော့  စိုးရိမ်တယ်လို့ ဆိုကြတယ်။ လောလောဆယ်တော့ ကလေးတွေက စာမေးပွဲနီးနေတယ်ဆိုပေမဲ့ သူတို့အသက်အန္တရာယ်အတွက်ပဲ စိတ်ပူနေကြတာ။ သူတို့ ဘယ်လိုရှေ့ဆက်မလဲဆိုတာပဲ ခေါင်းထဲရှိကြတော့ မစဉ်းစားနိုင်ကြဘူး။ လောလောဆယ်ထိတော့ စားနပ်ရိက္ခာတော့ လုံလောက်နေပါတယ်။ စောင်နည်းနည်းပါးပါးတော့ လိုတယ်လို့ သိရတယ်။ သူတို့ထဲမှာ အရင်ကရွာက လွန်ခဲ့တဲ့သုံးလေးငါးနှစ်က စစ်ဖြစ်လို့ ဒီရွာမှာ လာအခြေချကာမှ ဒီရွာမှာ ထပ်ဖြစ်လို့ ပြေးရတယ်ဆိုတော့ တော်တော်စိတ်ဓါတ်ကျ ငိုယိုနေတဲ့သူတွေလည်း တွေ့ရတယ်။ သူတို့မှာ ပြေးလာတော့ ဘာမှလည်း ယူလာရတာမရှိဘူးဆိုပြီး ပြန်ပြီးထူထောင်ဖို့က စိတ်ပူကြတာပေါ့။ ဒါကြောင့် ကလေးတွေပါတာတောင် ကလေးတွေကိစ္စကို ဘယ်သူမှ မဆွေးနွေးချင်ကြဘူး”ဟု ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလှိုင်းခမ်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကွတ်ခိုင်မြို့နယ် ဆိုင်းခေါင်နှင့် တာခိုင်ကျေးရွာများအနီးတွင် တိုက်ပွဲဖြစ်သဖြင့် ဒေသခံ (၁၇၅)ဦးသည် သိန္နီမြို့နယ်၊ နမ္မတူချောင်းအရှေ့ဘက်ခြမ်းရှိ မိုင်းပါး၊ ကောင်းအိုင်ကျေးရွာနှင့် ဒေသခံ (၅၁)ဦးသည် နမ္မတူချောင်း အနောက်ဘက်ခြမ်း ကွတ်ခိုင်မြို့နယ်ထဲရှိ ခေါက်ကွဲကျေးရွာ ဘုန်းကြီးကျောင်းတို့တွင် စစ်ဘေးတိမ်းရှောင် ခိုလှုံနေကြခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်ဘေးရှောင်များတွင် လွန်ခဲ့သည့် လေးနှစ်ခန့်က နမ့်ဖူးရွာတွင် တိုက်ပွဲများဖြစ်သဖြင့် ဆိုင်းခေါင်ရွာသို့ ရွှေ့ပြောင်းနေထိုင်သူများလည်းပါဝင်ကာ စစ်ဘေးရှောင်များမှာ ပစ္စည်းအနည်းငယ်စီဖြင့် တိမ်းရှောင်လာကြရပြီး နေရပ်ပြန်ရန် အခြေအနေစောင့်ကြည့်နေကြရဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်ဘေးရှောင်များအား အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နှင့်အဖွဲ့က ဖေဖေါ်ဝါရီလ (၁၁)ရက်နေ့တွင် သွားရောက်တွေ့ဆုံပြီး နေရပ်ပြန်ရေးအခြေအနေများကို ဆွေးနွေးကြခြင်းဖြစ်ကြောင်း သိရသည်။

သတင်း #အင်မိုင်ခ
ဓါတ်ပုံ #SOLK

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~