တာခ်ီလိတ္တြင္ က်င္းပသည့္ (၇၁)ႏွစ္ေျမာက္ ရွမ္းျပည္နယ္ေန႔ အထိမ္းအမွတ္အခမ္းအနားသို႔ တိုင္းရင္းသား ယဥ္ေက်းမႈအဖြဲ႕မ်ားတက္ေရာက္ ေဖ်ာ္ေျဖ

တာခ်ီလိတ္တြင္ က်င္းပသည့္ (၇၁)ႏွစ္ေျမာက္ ရွမ္းျပည္နယ္ေန႔ အထိမ္းအမွတ္အခမ္းအနားသို႔ တိုင္းရင္းသား ယဥ္ေက်းမႈအဖြဲ႕မ်ားတက္ေရာက္ ေဖ်ာ္ေျဖ
ဖေဖော်ဝါရီ 7, 2018
By 🌸
(၇၁)ႏွစ္ေျမာက္ ရွမ္းျပည္နယ္ေန႔ အထိမ္းအမွတ္အခမ္းအနားကုိ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ ေအာင္ျမတ္ခန္းမ၌ ေဖေဖဝါရီလ (၇)ရက္ေန႔က က်င္းပရာ တာခ်ီလိတ္ရိွ တုိင္းရင္းသား ယဥ္ေက်းမႈအဖြဲ႕ (၄)ဖြဲ႕က ပါဝင္ေဖ်ာ္ေျဖၾကေၾကာင္း သိရသည္။

အဆိုပါ အခမ္းအနားတြင္ ရွမ္းတုိင္းရင္းသား ယဥ္ေက်းမႈအဖဲြ႕၊ လားဟူတုိင္းရင္းသား ယဥ္ေက်းမႈအဖဲြ႕၊ အာခါတုိင္းရင္းသား ယဥ္ေက်းမႈအဖဲြ႕၊ ဗမာယဥ္ေက်းမႈအဖဲြ႕ႏွင့္ သဘင္အစည္းအရံုးတုိ႔က တုိင္းရင္းသားရုိးရာယဥ္ေက်းမႈ အဆိုအကမ်ားျဖင့္ ေဖ်ာ္ေျဖခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

(၇၁)ႏွစ္ေျမာက္ ရွမ္းျပည္နယ္ေန႔အထိမ္းအမွတ္အခမ္းအနားသုိ႔ ျပည္ေထာင္စုသမၼတျမန္မာႏုိင္ငံေတာ္၊ ႏုိင္ငံေတာ္သမၼတ ဦးထင္ေက်ာ္က ေပးပုိ႔လာသည့္ သ၀ဏ္လႊာအား တာခ်ီလိတ္ခရုိင္ စီမံခန္႔ခဲြမႈ ေကာ္မတီဥကၠ႒ ခရုိင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊ က ဖတ္ၾကားကာ ရွမ္းျပည္နယ္အစုိးရအဖဲြ႕၊ ျပည္နယ္၀န္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က ေပးပုိ႔သည့္ သ၀ဏ္လႊာအား ဒုတိယၿမဳိ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးမင္းေအာင္က ဖတ္ၾကားခဲ့ၾကကာ ရွမ္းျပည္နယ္ေန႔ျဖစ္ေပၚလာပံုသမိုင္းေၾကာင္းအား ေဒၚနန္းေငြျမက ရွင္းလင္းခဲ့ေၾကာင္း သိရသည္။

အခမ္းအနားသုိ႔ စစ္ဗ်ဴဟာအဖဲြ႕(အေျခခ်)တာခ်ီလိတ္မွ စစ္ဗ်ဴဟာမွဴး ဗုိလ္မွဴးႀကီး ေအးမင္းဦး ၊ ခရုိင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊ ႏွင့္ ဌာနဆုိင္ရာမ်ား၊ ႏုိင္ငံေရးပါတီမ်ား၊ လူမႈေရးအသင္းအဖဲြ႕မ်ား၊ ဆရာ၊ ဆရာမမ်ား၊ ေက်ာင္းသားေက်ာင္းသူမ်ားႏွင့္ ေဒသခံအခ်ိဳ႕ တက္ေရာက္ေၾကာင္း သိရသည္။

သတင္း #ေဝယံလင္း
ဓါတ္ပံု #ယာေဆး

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်တွင် ကျင်းပသည့် (၇၁)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနားသို့ တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များတက်ရောက် ဖျော်ဖြေ
*****************
(၇၁)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနားကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌ ဖေဖေဝါရီလ (၇)ရက်နေ့က ကျင်းပရာ တာချီလိတ်ရှိ တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့ (၄)ဖွဲ့က ပါဝင်ဖျော်ဖြေကြကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ရှမ်းတိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့၊ လားဟူတိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့၊ အာခါတိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့၊ ဗမာယဉ်ကျေးမှုအဖွဲ့နှင့် သဘင်အစည်းအရုံးတို့က တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အဆိုအကများဖြင့် ဖျော်ဖြေခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

(၇၁)နှစ်မြောက် ရှမ်းပြည်နယ်နေ့အထိမ်းအမှတ်အခမ်းအနားသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ပေးပို့လာသည့် သဝဏ်လွှာအား တာချီလိတ်ခရိုင် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ က ဖတ်ကြားကာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပေးပို့သည့် သဝဏ်လွှာအား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က ဖတ်ကြားခဲ့ကြကာ ရှမ်းပြည်နယ်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းအား ဒေါ်နန်းငွေမြက ရှင်းလင်းခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အေးမင်းဦး ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် ဒေသခံအချို့ တက်ရောက်ကြောင်း သိရသည်။

သတင်း #ဝေယံလင်း
ဓါတ်ပုံ #ယာဆေး

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~