တာခ်ီလိတ္တြင္ ေနအိမ္၌ လင္မယားစကားမ်ား ရန္ျဖစ္ရာမွ လက္လြန္ၿပီး အမ်ိဳးသားေသဆံုး

တာခ်ီလိတ္တြင္ ေနအိမ္၌ လင္မယားစကားမ်ား ရန္ျဖစ္ရာမွ လက္လြန္ၿပီး အမ်ိဳးသားေသဆံုး
ဖေဖော်ဝါရီ 7, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ေနအိမ္၌ လင္မယား စကားမ်ား ရန္ျဖစ္ရာမွ ဓါးဒဏ္ရာရသြားသည့္ ခင္ပြန္းျဖစ္သူမွာ ျပည္သူ႔ေဆးရံုတြင္ ေဆးဝါးကုသမႈခံယူေနရစဥ္ ေဖေဖၚဝါရီလ (၇)ရက္ေန႔အကူး၌ ေသဆံုးသြားသျဖင့္ ဇနီးျဖစ္သူအား လူသတ္မႈျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

အဆိုပါမိသားစုတြင္ ေျခာက္လအရြယ္ သမီးငယ္တစ္ေယာက္ရိွေနေၾကာင္းသိရၿပီး ဇန္နဝါရီလ (၆)ရက္ေန႔က ေနအိမ္တြင္ စကားမ်ားရန္ျဖစ္ရာမွ ဇနီးျဖစ္သူက ဟင္းရြက္လွီးဓါးျဖင့္ ခင္ပြန္းျဖစ္သူအား ထိုးလုိက္မိျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕က စစ္ေဆးသိရိွရသည္ဟု သိရသည္။

တာခ်ီလိတ္ၿမိဳ႕ ျပည္သူ႔ေဆးရံုႀကီးတြင္ ေဖေဖၚဝါရီလ (၆)ရက္ေန႔ ည (၁၁)နာရီခြဲခန္႔တြင္ ဓါးဒဏ္ရာျဖင့္ အမ်ိဳးသားတစ္ဦးေရာက္လာေၾကာင္း သတင္းအရ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ ၿမိဳ႕မစခန္းမွဴး ဒုရဲမွဴးၾကည္စိုး၊ တာဝန္မွဴး ရဲအုပ္မင္းမင္းထုိက္ႏွင့္အဖြဲ႕က သြားေရာက္စစ္ေဆးရာ ဒဏ္ရာရထားသူမွာ မ်ိဳးကိုကိုဆိုသူျဖစ္ေၾကာင္းသိရၿပီး စံုစမ္းစစ္ေဆးမႈမ်ား ဆက္လက္လုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါေနအိမ္တြင္ လင္မယား မၾကာခဏ စကားမ်ားရန္ျဖစ္ေလ့ရိွၿပီး ခင္ပြန္းျဖစ္သူက ဇနီးျဖစ္သူအား  ရိုက္ႏွက္ေလ့ရိွေၾကာင္း ပတ္ဝန္းက်င္မွေျပာၾကားခ်က္မ်ားအရ သိရသည္။

ဇနီးျဖစ္သူအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ) ၄၁/၂၀၁၈ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ ျဖင့္အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

သတင္း #စိုင္းေဇယ်ာ
ဓါတ္ပံု #ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်တွင် နေအိမ်၌ လင်မယားစကားများ ရန်ဖြစ်ရာမှ လက်လွန်ပြီး အမျိုးသားသေဆုံး
*****************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် နေအိမ်၌ လင်မယား စကားများ ရန်ဖြစ်ရာမှ ဓါးဒဏ်ရာရသွားသည့် ခင်ပွန်းဖြစ်သူမှာ ပြည်သူ့ဆေးရုံတွင် ဆေးဝါးကုသမှုခံယူနေရစဉ် ဖေဖေါ်ဝါရီလ (၇)ရက်နေ့အကူး၌ သေဆုံးသွားသဖြင့် ဇနီးဖြစ်သူအား လူသတ်မှုဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

အဆိုပါမိသားစုတွင် ခြောက်လအရွယ် သမီးငယ်တစ်ယောက်ရှိနေကြောင်းသိရပြီး ဇန်နဝါရီလ (၆)ရက်နေ့က နေအိမ်တွင် စကားများရန်ဖြစ်ရာမှ ဇနီးဖြစ်သူက ဟင်းရွက်လှီးဓါးဖြင့် ခင်ပွန်းဖြစ်သူအား ထိုးလိုက်မိခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က စစ်ဆေးသိရှိရသည်ဟု သိရသည်။

တာချီလိတ်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ဖေဖေါ်ဝါရီလ (၆)ရက်နေ့ ည (၁၁)နာရီခွဲခန့်တွင် ဓါးဒဏ်ရာဖြင့် အမျိုးသားတစ်ဦးရောက်လာကြောင်း သတင်းအရ တာချီလိတ်မြို့မရဲစခန်းမှ မြို့မစခန်းမှူး ဒုရဲမှူးကြည်စိုး၊ တာဝန်မှူး ရဲအုပ်မင်းမင်းထိုက်နှင့်အဖွဲ့က သွားရောက်စစ်ဆေးရာ ဒဏ်ရာရထားသူမှာ မျိုးကိုကိုဆိုသူဖြစ်ကြောင်းသိရပြီး စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါနေအိမ်တွင် လင်မယား မကြာခဏ စကားများရန်ဖြစ်လေ့ရှိပြီး ခင်ပွန်းဖြစ်သူက ဇနီးဖြစ်သူအား  ရိုက်နှက်လေ့ရှိကြောင်း ပတ်ဝန်းကျင်မှပြောကြားချက်များအရ သိရသည်။

ဇနီးဖြစ်သူအား တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၄၁/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

သတင်း #စိုင်းဇေယျာ
ဓါတ်ပုံ #ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~