ရွမ္းျပည္နယ္ေျမာက္ပိုင္း ငွက္ဖ်ားတုိက္ဖ်က္ေရးစီမံခ်က္အတြက္ လုပ္အားေပးဝန္ထမ္းမ်ား သင္တန္းေပးျခင္း စတင္

ရွမ္းျပည္နယ္ေျမာက္ပိုင္း ငွက္ဖ်ားတုိက္ဖ်က္ေရးစီမံခ်က္အတြက္ လုပ္အားေပးဝန္ထမ္းမ်ား သင္တန္းေပးျခင္း စတင္
ဖေဖော်ဝါရီ 10, 2018
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) (၉)ၿမိဳ႕နယ္တြင္ PSI ကေဆာင္ရြက္မည့္ ငွက္ဖ်ားတုိက္ဖ်က္ေရးစီမံခ်က္အတြက္ ၿမိဳ႕နယ္မ်ားအလိုက္ လုပ္အားေပးဝန္ထမ္းမ်ား သင္တန္းေပးျခင္းကို စတင္ေနၿပီး ေဖေဖၚဝါရီလ (၁၀)ရက္ေန႔က သီေပါၿမိဳ႕နယ္မွ လုပ္အားေပးဝန္ထမ္း (၁၀၀) သင္တန္းဆင္းၿပီျဖစ္ေၾကာင္း သိရသည္။

သီေပါၿမိဳ႕နယ္အတြင္း သင္တန္းဆင္း လုပ္အားေပးဝန္ထမ္းဦးေရ (၁၀၀)ျဖင့္ ငွက္ဖ်ားတုိက္ဖ်က္ေရး က်န္းမာေရးစီမံခ်က္ကို PSI က အစိုးရက်န္းမာေရးဌာနျဖင့္ ပူးေပါင္းေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

“သီေပါမွာ ငွက္ဖ်ားနဲ႔ပတ္သက္ၿပီး ေစတနာ့ဝန္ထမ္းေတြကို သင္တန္းပို႔ခ်ေပးတယ္။ သူတို႔လိုအပ္တဲ့ ေဆးဝါးေတြ၊ လိုအပ္တဲ့ ေသြးစစ္ကိရိယာေတြ အဓိကကေတာ့ ငွက္ဖ်ားက RDT လို႔ေခၚတဲ့ ေသြးစစ္ကိရိယာေပါ့ေနာ္ အဲဒါေတြ ပံ့ပိုးပါတယ္။ ကၽြန္ေတာ္တုိ႔ PSI အေနနဲ႔ကေတာ့ ငွက္ဖ်ားေရာဂါတစ္ခုထဲ စစ္တာဆိုေပမဲ့ အစိုးရဌာနေပါ့ေနာ္ ဒီသီေပါျပည္သူ႔ေဆးရံုႀကီးဆိုရင္ ေဒါက္တာနႏၵဝင္းတိုို႔နဲ႔ေပါင္းၿပီးေတာ့ အျခားေရာဂါေတြကိုလည္း တြဲကုေပးတာလည္း လုပ္ေဆာင္မွာပါ” ဟု PSI (Population Services International) ၏ လားရိႈးရံုးခြဲမွ Health Coordinator ေဒါက္တာ ေအာင္ၾကည္မင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

သီေပါၿမိဳ႕နယ္အတြက္ လုပ္အားေပးဝန္ထမ္းစုစုေပါင္း (၁၀၀)မွာ သင္တန္းၿပီးဆံုးသြားၿပီးေနာက္ ေဖေဖၚဝါရီလ (၁၂)ရက္ေန႔တြင္ ေက်ာက္မဲၿမိဳ႕၌ သင္တန္းစတင္မည္ျဖစ္ေၾကာင္း သိရသည္။

“သီေပါမွာက Volunteer ဦးေရ (၁၀၀)ကေတာ့ သင္တန္းဆင္းပါၿပီ။ ၿမိဳ႕နယ္(၉)ခုလံုးမွာ သင္တန္းစေနပါၿပီ။ ေက်ာက္မဲၿမိဳ႕နယ္မွာ ေဖေဖၚဝါရီလ (၁၂)ရက္ေန႔မွာ သင္တန္းစပါၿပီ။ အကယ္၍ ဒီၿမိဳ႕နယ္ေတြထဲကေန ကၽြန္ေတာ္တုိ႔မေရာက္ႏုိင္ေသးတဲ့ေဒသက သင္တန္းတက္ခ်င္သူေတြ ရိွတယ္ဆိုရင္လည္း ထပ္ၿပီး လက္ခံသြားပါမယ္။ သင္တန္းက ငါးရက္တာကာလပါ”ဟု PSI (Population Services International) ၏ လားရိႈးရံုးခြဲမွ Health Coordinator ေဒါက္တာ ေအာင္ၾကည္မင္းက ေျပာသည္။

ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ သီေပါ၊ ေက်ာက္မဲ၊ လားရိႈး၊ မူဆယ္၊ တန္႔ယန္း၊ ကြတ္ခိုင္၊ ဟိုပန္၊ ခိုလံႈႏွင့္ သိႏၷီ စုစုေပါင္း ၿမိဳ႕နယ္ (၉)ခု၌ အဆိုပါစီမံခ်က္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

၂၀၁၈ ခုႏွစ္တြင္ စတင္သည့္ သံုးႏွစ္ၾကာေဆာင္ရြက္မည့္ အဆိုပါ စီမံကိန္းတြင္ သင္တန္းေပးထားသည့္ လုပ္အားေပးဝန္ထမ္းမ်ားက သက္ဆိုိင္ရာ အစိုးရက်န္းမာေရးဌာနျဖင့္ပူးေပါင္း၍  ေဒသတြင္း က်န္းမာေရးေဟာေျပာပြဲ၊ ငွက္ဖ်ားေရာဂါကုသမႈႏွင့္အတူ က်န္းမာေရးဝန္ေဆာင္မႈမ်ား ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါစီမံခ်က္အား Global Fund ၏ AIDS၊ တီဘီႏွင့္ ငွက္ဖ်ား ေရာဂါသံုးမ်ိဳး တိုက္ဖ်က္ေရးရံပံုေငြပံ့ပိုးမႈျဖင့္ INGO တစ္ခုျဖစ္သည့္ PSI (Population Services International) က လုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း #ခ်ယ္ရီထုိက္
ဓါတ္ပံု #Dr.NDW

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်မြောက်ပိုင်း ငှက်ဖျားတိုက်ဖျက်ရေးစီမံချက်အတွက် လုပ်အားပေးဝန်ထမ်းများ သင်တန်းပေးခြင်း စတင်
****************
ရှမ်းပြည်နယ်(မြောက်ပိုင်း) (၉)မြို့နယ်တွင် PSI ကဆောင်ရွက်မည့် ငှက်ဖျားတိုက်ဖျက်ရေးစီမံချက်အတွက် မြို့နယ်များအလိုက် လုပ်အားပေးဝန်ထမ်းများ သင်တန်းပေးခြင်းကို စတင်နေပြီး ဖေဖေါ်ဝါရီလ (၁၀)ရက်နေ့က သီပေါမြို့နယ်မှ လုပ်အားပေးဝန်ထမ်း (၁၀၀) သင်တန်းဆင်းပြီဖြစ်ကြောင်း သိရသည်။

သီပေါမြို့နယ်အတွင်း သင်တန်းဆင်း လုပ်အားပေးဝန်ထမ်းဦးရေ (၁၀၀)ဖြင့် ငှက်ဖျားတိုက်ဖျက်ရေး ကျန်းမာရေးစီမံချက်ကို PSI က အစိုးရကျန်းမာရေးဌာနဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“သီပေါမှာ ငှက်ဖျားနဲ့ပတ်သက်ပြီး စေတနာ့ဝန်ထမ်းတွေကို သင်တန်းပို့ချပေးတယ်။ သူတို့လိုအပ်တဲ့ ဆေးဝါးတွေ၊ လိုအပ်တဲ့ သွေးစစ်ကိရိယာတွေ အဓိကကတော့ ငှက်ဖျားက RDT လို့ခေါ်တဲ့ သွေးစစ်ကိရိယာပေါ့နော် အဲဒါတွေ ပံ့ပိုးပါတယ်။ ကျွန်တော်တို့ PSI အနေနဲ့ကတော့ ငှက်ဖျားရောဂါတစ်ခုထဲ စစ်တာဆိုပေမဲ့ အစိုးရဌာနပေါ့နော် ဒီသီပေါပြည်သူ့ဆေးရုံကြီးဆိုရင် ဒေါက်တာနန္ဒဝင်းတိိုု့နဲ့ပေါင်းပြီးတော့ အခြားရောဂါတွေကိုလည်း တွဲကုပေးတာလည်း လုပ်ဆောင်မှာပါ” ဟု PSI (Population Services International) ၏ လားရှိုးရုံးခွဲမှ Health Coordinator ဒေါက်တာ အောင်ကြည်မင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သီပေါမြို့နယ်အတွက် လုပ်အားပေးဝန်ထမ်းစုစုပေါင်း (၁၀၀)မှာ သင်တန်းပြီးဆုံးသွားပြီးနောက် ဖေဖေါ်ဝါရီလ (၁၂)ရက်နေ့တွင် ကျောက်မဲမြို့၌ သင်တန်းစတင်မည်ဖြစ်ကြောင်း သိရသည်။

“သီပေါမှာက Volunteer ဦးရေ (၁၀၀)ကတော့ သင်တန်းဆင်းပါပြီ။ မြို့နယ်(၉)ခုလုံးမှာ သင်တန်းစနေပါပြီ။ ကျောက်မဲမြို့နယ်မှာ ဖေဖေါ်ဝါရီလ (၁၂)ရက်နေ့မှာ သင်တန်းစပါပြီ။ အကယ်၍ ဒီမြို့နယ်တွေထဲကနေ ကျွန်တော်တို့မရောက်နိုင်သေးတဲ့ဒေသက သင်တန်းတက်ချင်သူတွေ ရှိတယ်ဆိုရင်လည်း ထပ်ပြီး လက်ခံသွားပါမယ်။ သင်တန်းက ငါးရက်တာကာလပါ”ဟု PSI (Population Services International) ၏ လားရှိုးရုံးခွဲမှ Health Coordinator ဒေါက်တာ အောင်ကြည်မင်းက ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် သီပေါ၊ ကျောက်မဲ၊ လားရှိုး၊ မူဆယ်၊ တန့်ယန်း၊ ကွတ်ခိုင်၊ ဟိုပန်၊ ခိုလှုံနှင့် သိန္နီ စုစုပေါင်း မြို့နယ် (၉)ခု၌ အဆိုပါစီမံချက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၈ ခုနှစ်တွင် စတင်သည့် သုံးနှစ်ကြာဆောင်ရွက်မည့် အဆိုပါ စီမံကိန်းတွင် သင်တန်းပေးထားသည့် လုပ်အားပေးဝန်ထမ်းများက သက်ဆိိုင်ရာ အစိုးရကျန်းမာရေးဌာနဖြင့်ပူးပေါင်း၍  ဒေသတွင်း ကျန်းမာရေးဟောပြောပွဲ၊ ငှက်ဖျားရောဂါကုသမှုနှင့်အတူ ကျန်းမာရေးဝန်ဆောင်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါစီမံချက်အား Global Fund ၏ AIDS၊ တီဘီနှင့် ငှက်ဖျား ရောဂါသုံးမျိုး တိုက်ဖျက်ရေးရံပုံငွေပံ့ပိုးမှုဖြင့် INGO တစ်ခုဖြစ်သည့် PSI (Population Services International) က လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

သတင်း #ချယ်ရီထိုက်
ဓါတ်ပုံ #Dr.NDW

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~