လြိဳင္ေကာ္ၿမိဳ႕နယ္ရွိ လွ်ဳိေျမာင္ထဲတြင္ မီးရွိဳ႕ထားသည့္ အေလာင္းႏွင့္ ပတ္သက္၍ လူသတ္သူမွာ ခင္ပြန္းျဖစ္ေနၿပီး အေလာင္းေဖ်ာက္ရာတြင္ ပါ၀င္သူမွာ ခင္ပြန္း၏ ညီျဖစ္ေနေၾကာင္း စစ္ေဆးေပၚေပါက္

လြိဳင္ေကာ္ၿမိဳ႕နယ္ရွိ လွ်ဳိေျမာင္ထဲတြင္ မီးရွိဳ႕ထားသည့္ အေလာင္းႏွင့္ ပတ္သက္၍ လူသတ္သူမွာ ခင္ပြန္းျဖစ္ေနၿပီး အေလာင္းေဖ်ာက္ရာတြင္ ပါ၀င္သူမွာ ခင္ပြန္း၏ ညီျဖစ္ေနေၾကာင္း စစ္ေဆးေပၚေပါက္
ဖေဖော်ဝါရီ 27, 2018
By Tachileik News Agency

လြိဳင္ေကာ္ၿမိဳ႕နယ္ ပါေလာင္းေက်းရြာ၊ လြိဳင္ေကာ္ - ရွားေတာကားလမ္းမေဘး ေခ်ာက္ထဲတြင္ ေတြ႔ရွိရသည့္ မီးရႈိ႕ထားေသာ လူေသအေလာင္းႏွင့္ ပတ္သက္၍ အေလာင္းေဖ်ာက္ရာတြင္ ပါ၀င္သူမွာ ခင္ပြန္း၏ ညီျဖစ္ေနၿပီး၊ လူသတ္သူမွာ ခင္ပြန္းကိုယ္တိုင္ ျဖစ္ေနေၾကာင္း ရဲတပ္ဖြဲ႔မွ သိရသည္။

၂၀၁၈ခုႏွစ္ ေဖေဖာ္ဝါရီလ(၁၇)ရက္ေန႔က လြိဳင္ေကာ္ - ရွားေတာကားလမ္းမရွိ မုိင္တုိင္အမွတ္ (၁၁/၂)ႏွင့္(၁၁/၃)အၾကား၊ ကားလမ္းမ၏ အေနာက္ဘက္ ေပ(၁၀၀)ခန္႔အကြာ လွ်ိဳေျမာင္ထဲတြင္ မီးရွိဳ႕ထားေသာ အေလာင္း တစ္ေလာင္းေတြ႔ရွိ ခဲ့ျခင္​းျဖစ္​ၿပီး အ​ေလာင္​းအား မည္​သူ မည္​ဝါျဖစ္​သည္​ကို သက္ဆိုင္ရာ ရဲတပ္ဖြဲ႔မွ စံုစမ္းမႈမ်ား ျပဳလုပ္ရာက အေလာင္းေဖ်ာက္ရာတြင္ ပါ၀င္သူ ေအာင္ေကာင္းစံ၀င္းအား ေဖေဖာ္၀ါရီလ (၂၀)ရက္ေန႔ ညပိုင္းက ျမန္ေအာင္ၿမိဳ႕နယ္၊ ဇလုပ္ႀကီးေက်းရြာရွိ ေနအိမ္တြင္ ဖမ္းဆီးရမိလိုက္ျခင္း ျဖစ္ေၾကာင္း သိရသည္။

ဖမ္းဆီးရမိထားသူ ေအာင္ေကာင္းစံ၀င္း၏ ထြက္ဆိုခ်က္အရ ၎မွာ မိခင္ျဖစ္သူ က်န္းမာေရး မေကာင္းသျဖင့္ ေဆးဝါး ကုသစရိတ္ ေငြေတာင္းရန္ အစ္ကိုျဖစ္ သူေနထိုင္သည့္ ကယားျပည္နယ္၊ လြိဳင္ေကာ္ၿမိဳ႕ေန အစ္ကိုျဖစ္သူထံ အေရာက္တြင္ အစ္ကိုျဖစ္သူ လျပည့္၀င္း(ခ)သေျပေအာင္မွာ ဇနီးျဖစ္သူ ေဒၚဇင္မာေထြးအား သတ္ၿပီး အျပာေရာင္ ပလတ္စတစ္ပုံးျဖင့္ ထည့္ထားသည္ကို ေတြ႕ရွိရေၾကာင္း၊ အေလာင္းအား အစ္ကိုႏွင့္အတူ ကားေပၚတင္၍ လြိဳင္ေကာ္ - ရွားေတာ ကားလမ္း၊ မိုင္တိုင္ အမွတ္ (၁၁/၂)ႏွင့္(၁၁/၃)ၾကား လမ္း၏ အေနာက္ဘက္ ေပ(၁၀၀)ခန္႔အကြာ လွ်ဳိေျမာင္ေခ်ာက္ အတြင္း၌ ဓာတ္ဆီ ေလာင္းကာ မီးရႈိ႕ခဲ့ျခင္​းျဖစ္​ၿပီး အစ္ကိုျဖစ္သူမွာ ဇနီးသည္ ၀တ္ဆင္ထားသည့္ ေရႊထည္ပစၥည္းမ်ားအား ၎အားေပးရာ ၎မွ ရန္ကုန္သို႔သြားၿပီး လႈိင္သာယာမီးခြက္ေစ်းတြင္ ေရႊထည္ပစၥည္းမ်ားအား ေရာင္းခ်ခဲ့ရာ ေရႊနားကပ္(၁)ရံအား ေငြက်ပ္(၂၇၀,၀၀၀)က်ပ္ျဖင့္ေရာင္းခ်ရရွိခဲ့ေၾကာင္းႏွင့္ က်န္ ပစၥည္းမ်ားမွာ ေရႊအတုမ်ားျဖစ္ေနေၾကာင္းႏွင့္ ၎သည္ ေနအိမ္သို႔ ျပန္လာစဥ္ ယခုလို ဖမ္းဆီးခံရျခင္းျဖစ္ေၾကာင္း သိရသည္။

ရဲတပ္ဖြဲ႔မွ အဆိုပါ အမႈအား စစ္ေဆးေဖာ္ထုတ္မႈႏွင့္ ပတ္သက္၍ လွ်ိဳေျမာင္ထဲတြင္ မီးရႈိ႔ထားေသာ အေလာင္း၏ ျပာပုံေအာက္တြင္ အရွည္ (၁၇)ေပခန႔္ရွိသြပ္ႀကိဳး (၄)ေခ်ာင္း၊ မီးေလာင္ကြ်မ္းထားသည့္ အဝါေရာင္ ပလတ္စတစ္ျပား(၁)ခ်ပ္၊ အျပာေရာင္ပလတ္စတစ္ျပား(၂)ခ်ပ္၊ သံလက္ကိုင္ကြင္း(၁)ခု၊ အနီေရာင္ ပလတ္စတစ္ အဖုံး (၁)ဖုံးႏွင့္ အခင္းျဖစ္ေနရာ အနီးကားလမ္းနံေဘးမွ Dunhill တံဆိပ္ပါ အျဖဴေရာင္ စီးကရက္အတို(၁၀)ခု၊ Red Bull အခ်ိဳရည္ဘူးခြံ(၂)ဘူးတို႔အား ေတြ႕ရွိရ၍ သက္ေသခံ ပစၥည္းမ်ားအျဖစ္ သိမ္းဆည္းခဲ့ၾကၿပီး အမႈႏွင့္အနီးစပ္ဆံုးျဖစ္သည့္ လတ္တေလာ ကာလအတြင္း လူေပ်ာက္ အျဖစ္ တိုင္းၾကားထားသည့္ ေဒၚဇင္မာေထြး ေပ်ာက္ဆံုးေနမႈႏွင့္ ဆက္စပ္၍ ေဒၚဇင္မာေထြး၏ အိမ္သို႔ သြားေရာက္၍ စစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

ဆက္လက္၍ ရဲတပ္ဖြဲ႔က ေဒၚဇင္မာေထြး၏ ေနအိမ္အား သြားေရာက္ စစ္ေဆးရာ ေနအိမ္တြင္ ထားရွိသည့္ ဓာတ္ဆီမ်ား ထည့္ထားေသာ ပလတ္စတစ္အဝါေရာင္ (၅)ဂါလန္ပုံး(၁)ပုံး၊ သံလက္ကိုင္ကြင္းပါ အျပာေရာင္ ပလတ္စတစ္ပုံးႀကီး(၁)ပုံး ႏွင့္ ကားတာယာ အေဟာင္း (၄)လုံးရွိသည့္ အနက္​္(၂)လုံးတို႔မွာ ေပ်ာက္ဆုံး ေနေၾကာင္း ေတြ႕ရွိရာမွ ဆက္စပ္၍ အမႈအား ေဖာ္ထုတ္ႏိုင္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသညာ္။

သတ္ခံရၿပီး အေလာင္းေဖ်ာက္ဖ်က္ခံရသူမွာ အသက္(၄၄)ႏွစ္ရွိ ေဒၚဇင္မာေထြးျဖစ္ၿပီး ၎အား သတ္ျဖတ္သူ  ခင္ပြန္းျဖစ္သူ လျပည့္၀င္း (ခ) သေျပေအာင္မွ ထြက္ေျပးတိမ္းေရွာင္ေနသည့္အတြက္ အျမန္ဆံုး ဖမ္းဆီးရမိေရး ရဲတပ္ဖြဲ႔မွ ႀကိဳးပမ္းေဆာင္ရြက္ေနလ်က္ရွိေၾကာင္း ႏွင့္ လြိဳင္ေကာ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၂၆/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂/၂၀၁ ျဖင့္ အမႈဖြင့္ ေဆာင္ရြက္ထားရွိေၾကာင္း သိရွိရသည္။

သတင္း - ဆန္းၿဖဳိးထြန္း

~~~~~~~~⊰❂ unicode ~~~~~~~~

လွိုင်ကော်မြို့နယ် ပါလောင်းကျေးရွာ၊ လွိုင်ကော် - ရှားတောကားလမ်းမဘေး ချောက်ထဲတွင် တွေ့ရှိရသည့် မီးရှို့ထားသော လူသေအလောင်းနှင့် ပတ်သက်၍ အလောင်းဖျောက်ရာတွင် ပါဝင်သူမှာ ခင်ပွန်း၏ ညီဖြစ်နပြေီး၊ လူသတ်သူမှာ ခင်ပွန်းကိုယ်တိုင် ဖြစ်နေကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ(၁၇)ရက်နေ့က လွိုင်ကော် - ရှားတောကားလမ်းမရှိ မိုင်တိုင်အမှတ် (၁၁/၂)နှင့်(၁၁/၃)အကြား၊ ကားလမ်းမ၏ အနောက်ဘက် ပေ(၁၀၀)ခန့်အကွာ လျှိုမြောင်ထဲတွင် မီးရှို့ထားသော အလောင်း တစ်လောင်းတွေ့ရှိ ခဲ့ခြင်​းဖြစ်​ပြီး အ​လောင်​းအား မည်​သူ မည်​ဝါဖြစ်​သည်​ကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ စုံစမ်းမှုများ ပြုလုပ်ရာက အလောင်းဖျောက်ရာတွင် ပါဝင်သူ အောင်ကောင်းစံဝင်းအား ဖေဖော်ဝါရီလ (၂၀)ရက်နေ့ ညပိုင်းက မြန်အောင်မြို့နယ်၊ ဇလုပ်ကြီးကျေးရွာရှိ နေအိမ်တွင် ဖမ်းဆီးရမိလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိထားသူ အောင်ကောင်းစံဝင်း၏ ထွက်ဆိုချက်အရ၎င်းမှာ မိခင်ဖြစ်သူ ကျန်းမာရေး မကောင်းသဖြင့် ဆေးဝါး ကုသစရိတ် ငွေတောင်းရန် အစ်ကိုဖြစ် သူနေထိုင်သည့် ကယားပြည်နယ်၊ လွိုင်ကော်မြို့နေ အစ်ကိုဖြစ်သူထံ အရောက်တွင် အစ်ကိုဖြစ်သူ လပြည့်ဝင်း(ခ)သပြေအောင်မှာ ဇနီးဖြစ်သူ ဒေါ်ဇင်မာထွေးအား သတ်ပြီး အပြာရောင် ပလတ်စတစ်ပုံးဖြင့် ထည့်ထားသည်ကို တွေ့ရှိရကြောင်း၊ အလောင်းအား အစ်ကိုနှင့်အတူ ကားပေါ်တင်၍ လွိုင်ကော် - ရှားတော ကားလမ်း၊ မိုင်တိုင် အမှတ် (၁၁/၂)နှင့်(၁၁/၃)ကြား လမ်း၏ အနောက်ဘက် ပေ(၁၀၀)ခန့်အကွာ လျှိုမြောင်ချောက် အတွင်း၌ ဓာတ်ဆီ လောင်းကာ မီးရှို့ခဲ့ခြင်​းဖြစ်​ပြီး အစ်ကိုဖြစ်သူမှာ ဇနီးသည် ဝတ်ဆင်ထားသည့် ရွှေထည်ပစ္စည်းများအား၎င်းအားပေးရာ၎င်းမှ ရန်ကုန်သို့သွားပြီး လှိုင်သာယာမီးခွက်ဈေးတွင် ရွှေထည်ပစ္စည်းများအား ရောင်းချခဲ့ရာ ရွှေနားကပ်(၁)ရံအား ငွေကျပ်(၂၇၀,ဝဝဝ)ကျပ်ဖြင့်ရောင်းချရရှိခဲ့ကြောင်းနှင့် ကျန် ပစ္စည်းများမှာ ရွှေအတုများဖြစ်နေကြောင်းနှင့်၎င်းသည် နေအိမ်သို့ ပြန်လာစဉ် ယခုလို ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့မှ အဆိုပါ အမှုအား စစ်ဆေးဖော်ထုတ်မှုနှင့် ပတ်သက်၍ လျှိုမြောင်ထဲတွင် မီးရှို့ထားသော အလောင်း၏ ပြာပုံအောက်တွင် အရှည် (၁၇)ပေခန့်ရှိသွပ်ကြိုး (၄)ချောင်း၊ မီးလောင်ကျွမ်းထားသည့် အဝါရောင် ပလတ်စတစ်ပြား(၁)ချပ်၊ အပြာရောင်ပလတ်စတစ်ပြား(၂)ချပ်၊ သံလက်ကိုင်ကွင်း(၁)ခု၊ အနီရောင် ပလတ်စတစ် အဖုံး (၁)ဖုံးနှင့် အခင်းဖြစ်နေရာ အနီးကားလမ်းနံဘေးမှ Dunhill တံဆိပ်ပါ အဖြူရောင် စီးကရက်အတို(၁၀)ခု၊ Red Bull အချိုရည်ဘူးခွံ(၂)ဘူးတို့အား တွေ့ရှိရ၍ သက်သေခံ ပစ္စည်းများအဖြစ် သိမ်းဆည်းခဲ့ကြပြီး အမှုနှင့်အနီးစပ်ဆုံးဖြစ်သည့် လတ်တလော ကာလအတွင်း လူပျောက် အဖြစ် တိုင်းကြားထားသည့် ဒေါ်ဇင်မာထွေး ပျောက်ဆုံးနေမှုနှင့် ဆက်စပ်၍ ဒေါ်ဇင်မာထွေး၏ အိမ်သို့ သွားရောက်၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ရဲတပ်ဖွဲ့က ဒေါ်ဇင်မာထွေး၏ နေအိမ်အား သွားရောက် စစ်ဆေးရာ နေအိမ်တွင် ထားရှိသည့် ဓာတ်ဆီများ ထည့်ထားသော ပလတ်စတစ်အဝါရောင် (၅)ဂါလန်ပုံး(၁)ပုံး၊ သံလက်ကိုင်ကွင်းပါ အပြာရောင် ပလတ်စတစ်ပုံးကြီး(၁)ပုံး နှင့် ကားတာယာ အဟောင်း (၄)လုံးရှိသည့် အနက်​်(၂)လုံးတို့မှာ ပျောက်ဆုံး နေကြောင်း တွေ့ရှိရာမှ ဆက်စပ်၍ အမှုအား ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသညာ်။

သတ်ခံရပြီး အလောင်းဖျောက်ဖျက်ခံရသူမှာ အသက်(၄၄)နှစ်ရှိ ဒေါ်ဇင်မာထွေးဖြစ်ပြီး၎င်းအား သတ်ဖြတ်သူ ခင်ပွန်းဖြစ်သူ လပြည့်ဝင်း (ခ) သပြေအောင်မှ ထွက်ပြေးတိမ်းရှောင်နေသည့်အတွက် အမြန်ဆုံး ဖမ်းဆီးရမိရေး ရဲတပ်ဖွဲ့မှ ကြိုးပမ်းဆောင်ရွက်နေလျက်ရှိကြောင်း နှင့် လွိုင်ကော်မြို့မရဲစခန်းတွင် (ပ)၂၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၂၀၁ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~