
ဖေဖော်ဝါရီ 14, 2018
By 🌸



သတင်း #စိုင်းဇေယျာ

~~~~~~~~⊰❂ unicode ~~~~~~~~
ရွှေပြည်တော်သို့ဆုံမှတ်ပရဟိတအသင်းက သမ္မတဟောင်း ဦးသိန်းစိန်အား တတိယအကြိမ်မြောက် ဂါရဝပြုပွဲကို USDP ဌာနချုပ်တွင် ကျင်းပမည်
*********
ရွှေပြည်တော်သို့ဆုံမှတ်ပရဟိတအသင်းက နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန်အား တတိယအကြိမ်မြောက် ဂါရဝပြုပွဲကို နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်တွင် မတ်လ (၁၈)ရက်နေ့၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဂါရဝပြုပွဲသို့ တက်ရောက်လိုသူများအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ရွှေပြည်တော်သို့ဆုံမှတ်အသင်းမှ တာဝန်ရှိသူအသီးသီးထံ ဆက်သွယ်နိုင်ကြောင်း သိရပြီး ရှမ်းပြည်နယ်အရှေ့ပိုင်းမှ တက်ရောက်လိုသူများအနေဖြင့် မမေဦး ဖုန်းနံပါတ် ၀၉ ၂၅၀၂၅၀၂၄၈နှင့် မရွှေစင်ခက် ဖုန်းနံပါတ် ၀၉ ၄၁၀၀၀၁၆၈ သို့ ဖေဖေါ်ဝါရီလ (၂၈)ရက်နေ့ နောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်ကြောင်း ရွှေပြည်တော်သို့ဆုံမှတ်ပရဟိတအသင်းက ကြေညာထားသည်။

အဆိုပါအသင်းမှာ သမ္မတဟောင်း ဦးသိန်းစိန်အား ၂၀၁၆ ခုနှစ်တွင် သွားရောက် ဂါရဝပြုသူများဖြင့် စတင်ဖွဲ့စည်းထားခြင်းဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင်လည်း ဂါရဝပြုပွဲကျင်းပခဲ့ခြင်းဖြစ်သည်။

သတင်း #စိုင်းဇေယျာ

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~