အင္းေလးကန္ ေဖာင္ေတာ္ဦးဘုရားတြင္ ယခုႏွစ္အတြင္း ဧည့္ဝင္ေရာက္မႈမ်ားလာ

အင္းေလးကန္ ေဖာင္ေတာ္ဦးဘုရားတြင္ ယခုႏွစ္အတြင္း ဧည့္ဝင္ေရာက္မႈမ်ားလာ
ဖေဖော်ဝါရီ 8, 2018
By 🌸
ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေညာင္ေရႊၿမိဳ႕နယ္ အင္းေလးကန္ ေဖာင္ေတာ္ဦးဘုရားသို႔ ၂၀၁၈ ခုႏွစ္ ဇန္နဝါရီလအတြင္း ျပည္တြင္းျပည္ပဧည့္သည္ဝင္ေရာက္မႈမွာ ယခင္ႏွစ္က ကာလတူထက္ အေရအတြက္ ပိုမ်ားလာေၾကာင္း သိရသည္။

 “ ျမန္မာလဆိုရင္ ျပာသို-တပို႔တြဲလေတြမွာ ခရီးသည္အမ်ားဆံုးဝင္တယ္။ ဒီဇင္ဘာလကေန ဇန္နဝါရီလအထိ ေပါ့။ အရင္ႏွစ္ေတြက ဒီလိုအခ်ိန္မွာ အနည္းဆံုး စက္ေလွ(၁၀၀)ဝန္းက်င္ကေန (၃၀၀)ေက်ာ္ရွိတယ္။ ဒီႏွစ္မွာ အနည္းဆံုး စက္ေလွ(၂၀၀)ဝန္းက်င္ကေန (၅၀၀)ေက်ာ္အထိဝင္တယ္” ဟု အင္းေလးေဖာင္ေတာ္ဦးဘုရား ေဂါပကအဖြဲ႔မွ ဥကၠဌ ဦးထြန္းေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေဖာင္ေတာ္ဦးဘုရားသို႔ ယခုႏွစ္အတြင္း ဧည့္သည္အမ်ားဆံုးဝင္သည့္ေန႔မ်ားတြင္ စက္ေလွအစီးေရ (၅၀၀)ေက်ာ္အထိ ဝင္ေရာက္လာၿပီး ဒီဇင္ဘာလမွ ဇန္နဝါရီလမ်ားတြင္ ႏိုင္ငံျခားသားဧည့္သည္ ဝင္ေရာက္မႈမ်ားၿပီး မတ္လမွ ဧၿပီလအထိကာလမ်ားတြင္ ျပည္တြင္းဧည့္သည္အဝင္မ်ားေၾကာင္း သိရသည္။

ေဖါင္ေတာ္ဦးဘုရားသို႔ ဧည့္အဝင္စာရင္းမွတ္တမ္းတင္ျခင္းကိုမူ ၂၀၁၈ ခုႏွစ္တြင္ ေဂါပကအဖြဲ႕ဝင္ဦးေရ နည္းလာသျဖင့္ လုပ္ေဆာင္ႏုိင္ျခင္းမရိွေသးဘဲ ဘုရားကို ထိန္းသိမ္းေစာင့္ေရွာက္သည့္အပိုင္းတြင္သာ အဓိကထားလုပ္ေဆာင္ေနရေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ေနၿဖိဳးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~
အင်းလေးကန် ဖောင်တော်ဦးဘုရားတွင် ယခုနှစ်အတွင်း ဧည့်ဝင်ရောက်မှုများလာ
************
ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ် အင်းလေးကန် ဖောင်တော်ဦးဘုရားသို့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်း ပြည်တွင်းပြည်ပဧည့်သည်ဝင်ရောက်မှုမှာ ယခင်နှစ်က ကာလတူထက် အရေအတွက် ပိုများလာကြောင်း သိရသည်။
 “ မြန်မာလဆိုရင် ပြာသို-တပို့တွဲလတွေမှာ ခရီးသည်အများဆုံးဝင်တယ်။ ဒီဇင်ဘာလကနေ ဇန်နဝါရီလအထိ ပေါ့။ အရင်နှစ်တွေက ဒီလိုအချိန်မှာ အနည်းဆုံး စက်လှေ(၁၀၀)ဝန်းကျင်ကနေ (၃၀၀)ကျော်ရှိတယ်။ ဒီနှစ်မှာ အနည်းဆုံး စက်လှေ(၂၀၀)ဝန်းကျင်ကနေ (၅၀၀)ကျော်အထိဝင်တယ်” ဟု အင်းလေးဖောင်တော်ဦးဘုရား ဂေါပကအဖွဲ့မှ ဥက္ကဌ ဦးထွန်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဖောင်တော်ဦးဘုရားသို့ ယခုနှစ်အတွင်း ဧည့်သည်အများဆုံးဝင်သည့်နေ့များတွင် စက်လှေအစီးရေ (၅၀၀)ကျော်အထိ ဝင်ရောက်လာပြီး ဒီဇင်ဘာလမှ ဇန်နဝါရီလများတွင် နိုင်ငံခြားသားဧည့်သည် ဝင်ရောက်မှုများပြီး မတ်လမှ ဧပြီလအထိကာလများတွင် ပြည်တွင်းဧည့်သည်အဝင်များကြောင်း သိရသည်။

ဖေါင်တော်ဦးဘုရားသို့ ဧည့်အဝင်စာရင်းမှတ်တမ်းတင်ခြင်းကိုမူ ၂၀၁၈ ခုနှစ်တွင် ဂေါပကအဖွဲ့ဝင်ဦးရေ နည်းလာသဖြင့် လုပ်ဆောင်နိုင်ခြင်းမရှိသေးဘဲ ဘုရားကို ထိန်းသိမ်းစောင့်ရှောက်သည့်အပိုင်းတွင်သာ အဓိကထားလုပ်ဆောင်နေရကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #နေဖြိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~