Update News

(ေဆာင္းပါး) ရိုးရာအစဥ္အလာကို ထိန္းသိမ္းေစာင္႔ေရွာက္ထားႏိုင္ဆဲ ရာဇဝင္ထဲက စက္စက္ယိုရြာ


"တို႔ငယ္ငယ္တုန္းအရြယ္ ေသွ်ာင္ေပစူးကေလးေတြနဲ႔ကြယ္ ပုဆိုးကို စလြယ္သိုင္း ရြာဝိုင္းပတ္လည္ ေျပးလႊားေပ်ာ္ပါးတယ္ သူငယ္ခ်င္းအေပါင္းအေဖာ္မ်ားနဲ႔ ေကာက္ရိုးပံုေတြၾကားတူပုန္း ကစားၾကတယ္ "

ဂီတစာဆို အေကာ္ဒီယံ အုန္းေက်ာ္၏ သီခ်င္းသံပ်ံ႕လြင့္ေနသည့္ ကားေလးတစ္စီး ပုပၸါးဘက္ကေန ဗ်တၱပန္းဆက္ လမ္းတစ္ေလွ်ာက္ ေမာင္းႏွင္လာခဲ့ရာက ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္အဆံုး ေညာင္ဦး ၿမိဳ႕နယ္ အစ ေနရာေလးကို ေရာက္ရိွလာခဲ့ပါတယ္။

"ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္မွ ႏွဳတ္ခြန္းဆက္သပါ၏" လို႔ ေရးထိုးထားတဲ့ နယ္ျခားမွတ္တိုင္၏ မ်က္ေစာင္းထိုးေနရာ လမ္းရဲ႕ယာဘက္ေဘးမွာ "စက္စက္ယိုေက်းရြာသို႔"လို႔ ေရးထိုးထားေသာ လမ္း ညႊန္ ဆိုင္းဘုတ္ေလးကို ေတြ႔လိုက္ၾကရပါတယ္။

ရိုးရာအစဥ္အလာကို လက္ရိွအခ်ိန္ထိ ထိန္းသိမ္းထားဆဲေက်းရြာအျဖစ္ လူသိမ်ားလွတဲ့ "စက္စက္ယို" ေက်းရြာေလးဆီ ေရာက္ဖို႔ရာ လမ္းခြဲကေန ငါးမိုင္ခဲြဝန္းက်င္ေလာက္ ေျမနီလမ္းေလးအတိုင္း ေမာင္းဝင္ရပါတယ္။

ရြာအဝင္ ေျမနီလမ္းဟာ ပြင့္လင္းရာသီေတြမွာ ေျဖာင့္ျဖဴးလွေပမဲ့ မိုးရာသီအတြက္ေတာ့ သြားလာရ ခက္ခဲမယ္လို႔ ယူဆရပါတယ္။

ထူးျခားလွတဲ့ ေက်းရြာရဲ႕အမည္ဟာ သမုိင္းမွာ ထင္ရွားတဲ့ ေတာင္ငူဘုရင္နဲ႔ ဆက္စပ္ၿပီး အမည္တြင္တာလို႔ ဆိုပါတယ္။

"စက္စက္ယိုလို႔ အမည္ေခၚတြင္ခဲ႔ပံုကို ေျပာရမယ္ဆိုရင္ ငသေယာက္ရြာက စၿပီးေျပာရလိမ္႔မယ္။ အဲဒီရြာက ထန္းတက္သမား လင္မယားဟာ သားေယာက်္ားေလး ေမြးခဲ႔တယ္။ ထန္းတက္သမားရဲ႕ မိန္းမက မရိုးေကာက္ အလုပ္ လုပ္ရေတာ႔ ကေလးကို ေျမျပင္မွာ ခ်သိပ္ထားခဲ႔ရေလ႔ရိွတယ္။ တစ္ေန႔မွာ ထန္းတက္သမားမိန္းမက မရိုးေကာက္ၿပီး ကေလးဆီေရာက္ေတာ႔ ကေလးမွာ ျခေတြတက္ေနတာေတြ႔ လိုက္ရတယ္။ အဲလိုျခေတြတက္ေနေပမဲ့ ျခေတြက ကေလးကို ကိုက္ခဲျခင္း မရိွတာေၾကာင့္ ကေလးဟာ ဘုန္းကံႀကီးမားမယ့္ သူပဲလို႔ ယူဆၿပီး ကေလးကို ေမာင္ျခတက္လို႔ အမည္ေပးလိုက္ၾကတယ္။ ဖခင္ျဖစ္သူက သူ႔သားဟာ ဘုန္းကံႀကီးမားသူျဖစ္လို႔ ဒီအရပ္ေဒသနဲ႔ မသင့္ေလ်ာ္ဘူး။ သင့္ေတာ္ရာကို ေျပာင္းၾကမယ္ဆိုၿပီး ရြာကေန ေတာင္အရပ္အတိုင္း လွည္းနဲ႔ေျပာင္းေရႊ႕ထြက္ခြာခဲ့ၾကတယ္။ အဲလို ထြက္ခြာခဲ့ၾကရာက ဒီရြာရဲ႕ ေျမာက္ဘက္နားေလးမွာရိွတဲ႔ ေခ်ာင္းကို ေရာက္လာၾကေတာ႔ ေခ်ာင္းေရကို စဥ့္အိုးေလးထဲ ထည့္ယူခဲ႔ ၾကတယ္။ ဦးဇင္းတို႔ ဒီရြာေနရာကို လည္းေရာက္ေရာ သယ္ယူလာတဲ႔ေရက စဥ့္အိုးကဲြေနရာကစိမ့္ၿပီး တစက္ စက္နဲ႔ေအာက္ကို ယိုက်ေနတာေၾကာင္႔ ဒီရြာကို စက္စက္ယိုရြာဆိုၿပီး အမည္သမုတ္ခဲ့တာလို႔ မွတ္ သားခဲ့ၾကပါတယ္။ အဲဒီကေလးဟာ ေတာင္ငူဘုရင္ တပင္ေရႊထီး ျဖစ္လာသူပါပဲ"လို႔ စက္စက္ယိုရြာ ေက်ာင္းထိုင္ ဆရာေတာ္ ဦးပညာဗလက မိန္႔ပါတယ္။

အဲဒီေက်းရြာေလးမွာ ေရွးျမန္မာတို႔၏ ရိုးရာဆင္ယင္ထံုးဖဲြ႔မႈ တစ္ရပ္ျဖစ္တဲ့ ေသွ်ာင္ေပစူးေလးမ်ားကို ကေလးအရြယ္မွသည္ လူရြယ္၊ ေယာက္်ားေလး၊ မိန္းကေလးတို႔ၾကားမွာ ျမင္ေနရဆဲျဖစ္ပါတယ္။

"ဦးဇင္းတို႔ ရြာမွာက ဘိုးစဥ္ေဘာင္ဆက္ အသက္ရွစ္ဆယ္ေက်ာ္ ကိုးဆယ္အရြယ္ အဘိုးေတြကလည္း ေသွ်ာင္ထံုးေတြနဲ႔ေနၾကတယ္။ ေယာက္်ားေလးေတြကလည္း ေသွ်ာင္ေပစူး၊ မိန္းကေလးေတြကလည္း ဆံရစ္ဝိုင္း၊ ဆံရစ္ဆံထံုးနဲ႔ ဒီလိုေနလာခဲ့ၾကတာ။ ဒီေန႔ ဒီအခ်ိန္မွာေတာ႔ ေပ်ာက္ကြယ္ေတာ့မတတ္ျဖစ္ေနလို႔ ဦးဇင္းတို႔အေနနဲ႔ ဝိုင္းဝန္း ထိန္းသိမ္းေနၾကရတယ္"လို႔ ရြာဦးေက်ာင္းဆရာေတာ္က မိန္႔ပါတယ္။

ေရွးျမန္မာ အမ်ိဳးသားႀကီးမ်ားတြင္ ေသွ်ာင္ထံုး၊ ကေလးမ်ားတြင္ ေသွ်ာင္ေပစူး၊ မိန္းကေလး၊ မိန္းမပ်ိဳတို႔တြင္ ဆံရစ္ဝိုင္း၊ ဆံရစ္ဆံထံုးတို႔ထားရိွခဲ့ၾကျခင္းျဖစ္ပါတယ္။

"တစ္ခ်ိန္တုန္းက ဘုန္းႀကီးေက်ာင္းကိုပဲ အားျပဳေနခဲ့ၾကရတာဆိုေတာ႔ ကေလး၊ လူငယ္၊ လူရြယ္ လူႀကီး အားလံုး ေသွ်ာင္ေပစူးေလးေတြ၊ ေသွ်ာင္ထံုးေတြနဲ႔ေပါ႔။ ေနာက္ပိုင္း အတန္းေက်ာင္းေတြဆီေရာက္ ကုန္ၾကေတာ႔ အသြင္မတူ ကဲြျပားေနတဲ႔အေပၚ ကေလးေတြကရွက္ၿပီး ပံုေျပာင္းလိုက္ၾကတာ။ အခုဆို တစ္ရြာလံုးမွ မိန္းကေလး၊ ေယာက္်ားေလး အေယာက္ ေလးဆယ္ေက်ာ္ေလာက္ပဲ ရိွၾကေတာ႔တယ္"လို႔ ရြာလူႀကီးတစ္ဦးက ေျပာပါတယ္။

အိမ္ေျခ(၁၇၀)ခန္႔ရိွတဲ့ စက္စက္ယိုေက်းရြာမွာ ျမန္မာ႔အေမြအႏွစ္ သြင္ျပင္လကၡဏာတစ္ရပ္ျဖစ္တဲ့ ေသွ်ာင္ထံုး၊ ေသွ်ာင္ေပစူးနဲ႔ ဆံရစ္ဝိုင္းတို႔ကို ႏွစ္ေပါင္း(၁၅၀)ေက်ာ္ခန္႔ကတည္းက အစဥ္အဆက္ ထိန္းသိမ္းလာခဲ့ၾကေပမဲ့ ၿမိဳ႕ေပၚ အတန္းေက်ာင္းမ်ားကို အားျပဳလာရတဲ႔အခါမွာ  ပံုေျပာင္းလိုက္ၾကတဲ့ အတြက္ ေသွ်ာင္ေပစူးနဲ႔ ဆံရစ္ဝိုင္း ထားရိွသူ တစ္စတစ္စနဲ႔ နည္းပါးလာၿပီလို႔ ဆိုပါတယ္။

စက္စက္ယို ေက်းရြာမွာ မူလတန္းေက်ာင္းသာရိွတဲ့အတြက္ အလယ္တန္းကစလို႔ ၿမိဳ႕ေပၚေက်ာင္းေတြမွာ စာသြားသင္ၾကရတဲ့ ကေလးေတြဟာ ေသွ်ာင္ေပစူးေတြ၊ ဆံရစ္ဝိုင္းေတြ မထားၾကေတာ့တဲ့အတြက္ ေက်းရြာမွာပဲ မူလတန္းလြန္ေက်ာင္းအထိ ထားရိွေပးဖို႔ ေတာင္းဆိုခဲ့တဲ့အတြက္ လက္ရိွမွာေတာ့ မူလြန္ေက်ာင္းလည္း ဖြင့္ထားႏုိင္ၿပီလို႔ သိရပါတယ္။

"အရင္က မူလတန္းအထိပဲရိွေတာ႔ ၁၀ ႏွစ္က စြန္းရင္ပဲ ၿမိဳ႕ေက်ာင္းတက္ၿပီး ေသွ်ာင္ျဖဳတ္လိုက္ၾကတယ္။ ကိုယ္႔ရြာမွာပဲ အလယ္တန္း၊ အထက္တန္းအထိ သင္ခြင္႔ရရင္ ေသွ်ာင္ျဖဳတ္စရာမလိုဘဲ အနည္းဆံုးေတာ႔ ၁၆၊ ၁၇ အရြယ္ထိ ထိန္းသိမ္းထားႏိုင္မယ္။ ေနာက္ပိုင္းမွာ ၿမိဳ႕ေက်ာင္းေျပာင္း တက္ရရင္ေတာင္ ေသွ်ာင္မျဖဳတ္၊ ဆံရစ္ မျဖဳတ္ဘဲတက္တဲ႔ကေလးကို ရြာက ေထာက္ပံ႔ေပးႏိုင္ဖို႔ တိုင္ပင္ေနၾကၿပီ"လို႔ ဆရာေတာ္က မိန္႔ပါတယ္။

ရာဇဝင္ထဲက စက္စက္ယို ေက်းရြာေလးဟာ ရိုးရာထိန္းသိမ္းႏိုင္တဲ့အတြက္လည္း  ႏိုင္ငံျခားသားမ်ား တခုတ္တရ လာေလ့လာရတဲ့ ေနရာတစ္ခုျဖစ္ေနသလို ဦးေက်ာ္သူရိုက္ကူးတဲ့ ငဘ ရုပ္ရွင္ ဇာတ္ကားႀကီးႏွင္႔ ပဥၥလက္ရြာ ရုပ္သံဇာတ္လမ္းတဲြေတြအတြက္လည္း လာေရာက္ရိုက္ကူးခဲ့ၾကတယ္လို႔ ဆိုပါတယ္။

ရိုးရာမပ်က္ရန္၊ ျမန္မာဆိုသည့္ျပယုဂ္ႏွင္႔ ျမန္မာ့ဓေလ့စရိုက္၊ သြင္ျပင္လကၡဏာမ်ား မေပ်ာက္ရန္ စက္စက္ယို ေက်းရြာမွ ဆရာေတာ္ႀကီးႏွင္႔တကြ ေက်းရြာလူႀကီးမ်ားက သမိုင္းေပးတာဝန္အျဖစ္ ႀကိဳးပမ္း အားထုတ္ေနၾကဆဲ ျဖစ္ပါတယ္။

သူတို႔ႀကိဳးပမ္းအားထုတ္မႈေတြ ေအာင္ျမင္ႏုိင္ေရးအတြက္ သက္ဆုိင္ရာေတြရဲ႕ အကူအညီလည္း လိုတယ္လို႔ ဆိုပါတယ္။

ကၽြန္ေတာ္တုိ႔ အဖြဲ႕ဟာ ထူးျခားလွတဲ့ စက္စက္ယိုရြာရဲ႕ ရိုးရာဓေလ့ထိန္းသိမ္းႏုိင္ပံုကို ေလ့လာၿပီး ညေနေစာင္းအခ်ိန္မွာပဲ ျပန္ထြက္လာရင္း ရိုးရာဓေလ့ေတြကို မ်ိဳးဆက္သစ္ေတြ လက္ဆင့္ကမ္း ထိန္းသိမ္းႏိုင္ဖို႔ ေမွ်ာ္လင့္ေနမိပါတယ္။

ေဆာင္းပါး #ဖီးနစ္

ဓါတ္ပံုမ်ားအားလံုးကို "စက္စက္ယိုေက်းရြာ"Facebook Page မွ ရယူကာ ေဖာ္ျပထားပါသည္။











~~~~~~~~⊰❂ unicode ~~~~~~~~

"တို့ငယ်ငယ်တုန်းအရွယ် သျှောင်ပေစူးကလေးတွေနဲ့ကွယ် ပုဆိုးကို စလွယ်သိုင်း ရွာဝိုင်းပတ်လည် ပြေးလွှားပျော်ပါးတယ် သူငယ်ချင်းအပေါင်းအဖော်များနဲ့ ကောက်ရိုးပုံတွကြေားတူပုန်း ကစားကြတယ် "

ဂီတစာဆို အကော်ဒီယံ အုန်းကျော်၏ သီချင်းသံပျံ့လွင့်နေသည့် ကားလေးတစ်စီး ပုပ္ပါးဘက်ကနေ ဗျတ္တပန်းဆက် လမ်းတစ်လျှောက် မောင်းနှင်လာခဲ့ရာက ကျောက်ပန်းတောင်းမြို့နယ်အဆုံး ညောင်ဦး မြို့နယ် အစ နေရာလေးကို ရောက်ရှိလာခဲ့ပါတယ်။

"ကျောက်ပန်းတောင်းမြို့နယ်မှ နှုတ်ခွန်းဆက်သပါ၏" လို့ ရေးထိုးထားတဲ့ နယ်ခြားမှတ်တိုင်၏ မျက်စောင်းထိုးနေရာ လမ်းရဲ့ယာဘက်ဘေးမှာ "စက်စက်ယိုကျေးရွာသို့"လို့ ရေးထိုးထားသော လမ်း ညွှန် ဆိုင်းဘုတ်လေးကို တွေ့လိုက်ကြရပါတယ်။

ရိုးရာအစဉ်အလာကို လက်ရှိအချိန်ထိ ထိန်းသိမ်းထားဆဲကျေးရွာအဖြစ် လူသိများလှတဲ့ "စက်စက်ယို" ကျေးရွာလေးဆီ ရောက်ဖို့ရာ လမ်းခွဲကနေ ငါးမိုင်ခွဲဝန်းကျင်လောက် မြေနီလမ်းလေးအတိုင်း မောင်းဝင်ရပါတယ်။

ရွာအဝင် မြေနီလမ်းဟာ ပွင့်လင်းရာသီတွေမှာ ဖြောင့်ဖြူးလှပေမဲ့ မိုးရာသီအတွက်တော့ သွားလာရ ခက်ခဲမယ်လို့ ယူဆရပါတယ်။

ထူးခြားလှတဲ့ ကျေးရွာရဲ့အမည်ဟာ သမိုင်းမှာ ထင်ရှားတဲ့ တောင်ငူဘုရင်နဲ့ ဆက်စပ်ပြီး အမည်တွင်တာလို့ ဆိုပါတယ်။

"စက်စက်ယိုလို့ အမည်ခေါ်တွင်ခဲ့ပုံကို ပြောရမယ်ဆိုရင် ငသယောက်ရွာက စပြီးပြောရလိမ့်မယ်။ အဲဒီရွာက ထန်းတက်သမား လင်မယားဟာ သားယောကျာ်းလေး မွေးခဲ့တယ်။ ထန်းတက်သမားရဲ့ မိန်းမက မရိုးကောက် အလုပ် လုပ်ရတော့ ကလေးကို မြပြေင်မှာ ချသိပ်ထားခဲ့ရလေ့ရှိတယ်။ တစ်နေ့မှာ ထန်းတက်သမားမိန်းမက မရိုးကောက်ပြီး ကလေးဆီရောက်တော့ ကလေးမှာ ခြတွေတက်နေတာတွေ့ လိုက်ရတယ်။ အဲလိုခြတွေတက်နေပေမဲ့ ခြတွေက ကလေးကို ကိုက်ခဲခြင်း မရှိတာကြောင့် ကလေးဟာ ဘုန်းကံကြီးမားမယ့် သူပဲလို့ ယူဆပြီး ကလေးကို မောင်ခြတက်လို့ အမည်ပေးလိုက်ကြတယ်။ ဖခင်ဖြစ်သူက သူ့သားဟာ ဘုန်းကံကြီးမားသူဖြစ်လို့ ဒီအရပ်ဒေသနဲ့ မသင့်လျော်ဘူး။ သင့်တော်ရာကို ပြောင်းကြမယ်ဆိုပြီး ရွာကနေ တောင်အရပ်အတိုင်း လှည်းနဲ့ပြောင်းရွှေ့ထွက်ခွာခဲ့ကြတယ်။ အဲလို ထွက်ခွာခဲ့ကြရာက ဒီရွာရဲ့ မြောက်ဘက်နားလေးမှာရှိတဲ့ ချောင်းကို ရောက်လာကြတော့ ချောင်းရေကို စဉ့်အိုးလေးထဲ ထည့်ယူခဲ့ ကြတယ်။ ဦးဇင်းတို့ ဒီရွာနေရာကို လည်းရောက်ရော သယ်ယူလာတဲ့ရေက စဉ့်အိုးကွဲနေရာကစိမ့်ပြီး တစက် စက်နဲ့အောက်ကို ယိုကျနေတာကြောင့် ဒီရွာကို စက်စက်ယိုရွာဆိုပြီး အမည်သမုတ်ခဲ့တာလို့ မှတ် သားခဲ့ကြပါတယ်။ အဲဒီကလေးဟာ တောင်ငူဘုရင် တပင်ရွှေထီး ဖြစ်လာသူပါပဲ"လို့ စက်စက်ယိုရွာ ကျောင်းထိုင် ဆရာတော် ဦးပညာဗလက မိန့်ပါတယ်။

အဲဒီကျေးရွာလေးမှာ ရှေးမြန်မာတို့၏ ရိုးရာဆင်ယင်ထုံးဖွဲ့မှု တစ်ရပ်ဖြစ်တဲ့ သျှောင်ပေစူးလေးများကို ကလေးအရွယ်မှသည် လူရွယ်၊ ယောက်ျားလေး၊ မိန်းကလေးတို့ကြားမှာ မြင်နေရဆဲဖြစ်ပါတယ်။

"ဦးဇင်းတို့ ရွာမှာက ဘိုးစဉ်ဘောင်ဆက် အသက်ရှစ်ဆယ်ကျော် ကိုးဆယ်အရွယ် အဘိုးတွေကလည်း သျှောင်ထုံးတွေနဲ့နကြေတယ်။ ယောက်ျားလေးတွေကလည်း သျှောင်ပေစူး၊ မိန်းကလေးတွေကလည်း ဆံရစ်ဝိုင်း၊ ဆံရစ်ဆံထုံးနဲ့ ဒီလိုနေလာခဲ့ကြတာ။ ဒီနေ့ ဒီအချိန်မှာတော့ ပျောက်ကွယ်တော့မတတ်ဖြစ်နေလို့ ဦးဇင်းတို့အနေနဲ့ ဝိုင်းဝန်း ထိန်းသိမ်းနကြေရတယ်"လို့ ရွာဦးကျောင်းဆရာတော်က မိန့်ပါတယ်။

ရှေးမြန်မာ အမျိုးသားကြီးများတွင် သျှောင်ထုံး၊ ကလေးများတွင် သျှောင်ပေစူး၊ မိန်းကလေး၊ မိန်းမပျိုတို့တွင် ဆံရစ်ဝိုင်း၊ ဆံရစ်ဆံထုံးတို့ထားရှိခဲ့ကြခြင်းဖြစ်ပါတယ်။

"တစ်ချိန်တုန်းက ဘုန်းကြီးကျောင်းကိုပဲ အားပြုနေခဲ့ကြရတာဆိုတော့ ကလေး၊ လူငယ်၊ လူရွယ် လူကြီး အားလုံး သျှောင်ပေစူးလေးတွေ၊ သျှောင်ထုံးတွေနဲ့ပေါ့။ နောက်ပိုင်း အတန်းကျောင်းတွေဆီရောက် ကုန်ကြတော့ အသွင်မတူ ကွဲပြားနေတဲ့အပေါ် ကလေးတွေကရှက်ပြီး ပုံပြောင်းလိုက်ကြတာ။ အခုဆို တစ်ရွာလုံးမှ မိန်းကလေး၊ ယောက်ျားလေး အယောက် လေးဆယ်ကျော်လောက်ပဲ ရှိကြတော့တယ်"လို့ ရွာလူကြီးတစ်ဦးက ပြောပါတယ်။

အိမ်ခြေ(၁၇၀)ခန့်ရှိတဲ့ စက်စက်ယိုကျေးရွာမှာ မြန်မာ့အမွေအနှစ် သွင်ပြင်လက္ခဏာတစ်ရပ်ဖြစ်တဲ့ သျှောင်ထုံး၊ သျှောင်ပေစူးနဲ့ ဆံရစ်ဝိုင်းတို့ကို နှစ်ပေါင်း(၁၅၀)ကျော်ခန့်ကတည်းက အစဉ်အဆက် ထိန်းသိမ်းလာခဲ့ကြပေမဲ့ မြို့ပေါ် အတန်းကျောင်းများကို အားပြုလာရတဲ့အခါမှာ ပုံပြောင်းလိုက်ကြတဲ့ အတွက် သျှောင်ပေစူးနဲ့ ဆံရစ်ဝိုင်း ထားရှိသူ တစ်စတစ်စနဲ့ နည်းပါးလာပြီလို့ ဆိုပါတယ်။

စက်စက်ယို ကျေးရွာမှာ မူလတန်းကျောင်းသာရှိတဲ့အတွက် အလယ်တန်းကစလို့ မြို့ပေါ်ကျောင်းတွေမှာ စာသွားသင်ကြရတဲ့ ကလေးတွေဟာ သျှောင်ပေစူးတွေ၊ ဆံရစ်ဝိုင်းတွေ မထားကြတော့တဲ့အတွက် ကျေးရွာမှာပဲ မူလတန်းလွန်ကျောင်းအထိ ထားရှိပေးဖို့ တောင်းဆိုခဲ့တဲ့အတွက် လက်ရှိမှာတော့ မူလွန်ကျောင်းလည်း ဖွင့်ထားနိုင်ပြီလို့ သိရပါတယ်။

"အရင်က မူလတန်းအထိပဲရှိတော့ ၁၀ နှစ်က စွန်းရင်ပဲ မြို့ကျောင်းတက်ပြီး သျှောင်ဖြုတ်လိုက်ကြတယ်။ ကိုယ့်ရွာမှာပဲ အလယ်တန်း၊ အထက်တန်းအထိ သင်ခွင့်ရရင် သျှောင်ဖြုတ်စရာမလိုဘဲ အနည်းဆုံးတော့ ၁၆၊ ၁၇ အရွယ်ထိ ထိန်းသိမ်းထားနိုင်မယ်။ နောက်ပိုင်းမှာ မြို့ကျောင်းပြောင်း တက်ရရင်တောင် သျှောင်မဖြုတ်၊ ဆံရစ် မဖြုတ်ဘဲတက်တဲ့ကလေးကို ရွာက ထောက်ပံ့ပေးနိုင်ဖို့ တိုင်ပင်နကြပြေီ"လို့ ဆရာတော်က မိန့်ပါတယ်။

ရာဇဝင်ထဲက စက်စက်ယို ကျေးရွာလေးဟာ ရိုးရာထိန်းသိမ်းနိုင်တဲ့အတွက်လည်း နိုင်ငံခြားသားများ တခုတ်တရ လာလေ့လာရတဲ့ နေရာတစ်ခုဖြစ်နေသလို ဦးကျော်သူရိုက်ကူးတဲ့ ငဘ ရုပ်ရှင် ဇာတ်ကားကြီးနှင့် ပဉ္စလက်ရွာ ရုပ်သံဇာတ်လမ်းတွဲတွေအတွက်လည်း လာရောက်ရိုက်ကူး ခဲ့ကြတယ်လို့ ဆိုပါတယ်။

ရိုးရာမပျက်ရန်၊ မြန်မာဆိုသည့်ပြယုဂ်နှင့် မြန်မာ့ဓလေ့စရိုက်၊ သွင်ပြင်လက္ခဏာများ မပျောက်ရန် စက်စက်ယို ကျေးရွာမှ ဆရာတော်ကြီးနှင့်တကွ ကျေးရွာလူကြီးများက သမိုင်းပေးတာဝန်အဖြစ် ကြိုးပမ်း အားထုတ်နကြေဆဲ ဖြစ်ပါတယ်။

သူတို့ကြိုးပမ်းအားထုတ်မှုတွေ အောင်မြင်နိုင်ရေးအတွက် သက်ဆိုင်ရာတွေရဲ့ အကူအညီလည်း လိုတယ်လို့ ဆိုပါတယ်။

ကျွန်တော်တို့ အဖွဲ့ဟာ ထူးခြားလှတဲ့ စက်စက်ယိုရွာရဲ့ ရိုးရာဓလေ့ထိန်းသိမ်းနိုင်ပုံကို လေ့လာပြီး ညနေစောင်းအချိန်မှာပဲ ပြန်ထွက်လာရင်း ရိုးရာဓလေ့တွေကို မျိုးဆက်သစ်တွေ လက်ဆင့်ကမ်း ထိန်းသိမ်းနိုင်ဖို့ မျှော်လင့်နေမိပါတယ်။

ဆောင်းပါး #ဖီးနစ်
ဓာတ်ပုံများအားလုံးကို "စက်စက်ယိုကျေးရွာ"Facebook Page မှ ရယူကာ ဖော်ပြထားပါသည်။
 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~


« PREV
NEXT »

No comments

Post a Comment

:::::::::: လႈိက္လွဲစြာ ေက်းဇုူးတင္ရွိပါသည္ ::::::::::