တာချီလိတ်တွင် အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံး

တာချီလိတ်တွင် အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံး
ဖေဖော်ဝါရီ 1, 2018
By Tachileik News Agency


၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့ ညနေပိုင်းအချိန်က ကြိုးဆွဲချသေဆုံးသွားသူမှာ အသက်(၃၄)နှစ်ဝန်းကျင်ရှိပြီး နေအိမ်အခန်း၏ တံခါးပေါက်အနီးတွင် ကြိုးဆွဲချသေဆုံးနေခြင်းဖြစ်ကြောင်း နှင့် မည်သည့်အကြောင်းကိစ္စကြောင့် ကြိုးဆွဲချသေဆုံးသွားခြင်းဖြစ်ကြောင်းကို မသိရှိရကြောင်း  သိရသည်။







~~~~~~~~⊰❂ unicode ~~~~~~~~


တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်း၌ အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံးမှု ဖေဖော်ဝါရီလ(၁)ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့ ညနေပိုင်းအချိန်က ကြိုးဆွဲချသေဆုံးသွားသူမှာ အသက်(၃၄)နှစ်ဝန်းကျင်ရှိပြီး နေအိမ်အခန်း၏ တံခါးပေါက်အနီးတွင် ကြိုးဆွဲချသေဆုံးနခြေင်းဖြစ်ကြောင်း နှင့် မည်သည့်အကြောင်းကိစ္စကြောင့် ကြိုးဆွဲချသေဆုံးသွားခြင်းဖြစ်ကြောင်းကို မသိရှိရကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နေရာသို့ တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးကြည်စိုး နှင့် တပ်ဖွဲ့ဝင်များ၊ ဆန်ဆိုင်း(ခ)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းကျောက် နှင့် တာဝန်ရှိသူများမှ သွားရောက် စစ်ဆေးမှုများ ပြုလုပ်ကာ တာချီလိတ်နာရေးကူညီမှုအသင်း ဥက္ကဌ ဦးလှမိုးနှင့်အဖွဲ့က ရင်ခွဲရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ တာချီလိတ်မြို့ရဲစခန်းက စစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~