တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(က)ရပ္ကြက္အတြင္းရွိ ေနအိမ္အခန္းငွားတြင္ မူးယစ္ေဆး၀ါး ဖမ္းဆီးရမိ

တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(က)ရပ္ကြက္အတြင္းရွိ ေနအိမ္အခန္းငွားတြင္ မူးယစ္ေဆး၀ါး ဖမ္းဆီးရမိ
ဖေဖော်ဝါရီ 20, 2018
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕၊ ဆန္ဆိုင္း(က)ရပ္ကြက္၊ ခတၱာလမ္းသြယ္ရွိ ေနအိမ္ငွားတန္းတြင္ မူးယစ္ေဆး၀ါးမ်ား ရွာေဖြ ေတြ႔ရွိရ၍ အမ်ဳိးသားတစ္ဦး ႏွင့္ အမ်ဳိးသမီး တစ္ဦးတို႔အား အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္မွ တပ္ဖြဲ႔၀င္မ်ား ပါ၀င္သည့္ သက္ဆုိင္ရာ ပူးေပါင္းအဖြဲ႔တို႔က ၂၀၁၈ခုႏွစ္ ေဖေဖာ္၀ါရီလ (၂၀)ရက္ေန႔ နံနက္(၁၀)နာရီခြဲ ၀န္းက်င္အခ်ိန္က အဆိုပါ ေနအိမ္အခန္းငွားသို႔ ၀င္ေရာက္ စစ္ေဆးရွာေဖြရာ သတင္းရရွိထားသည့္ နန္းအီ ႏွင့္အတူ ေနအိမ္တြင္ ေရာက္ရွိေနသူ အိုက္ပ်န္းတို႔အား ေတြ႔ရွိရၿပီး ဆက္လက္ရွာေဖြရာမွ မူးယစ္ေဆး၀ါးမ်ားကို ရွာေဖြသိမ္းဆည္းရမိျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ပူးေပါင္းအဖြဲ႔က ရွာေဖြမႈမ်ားျပဳလုပ္ရာတြင္ ေရခ်ဳိးခန္းအတြင္းမွ Wy စာတမ္းပါ စိတ္ၾကြေဆးျပား စုစုေပါင္း (၃၀၀၀)ျပား ႏွင့္ အိုက္စ္အျဖဴေရာင္ ပံုေဆာင္ခဲ အေလးခ်ိန္း (၄၅)ဂရမ္တို႔အား ေတြ႔ရွိရ၍ သိမ္းဆည္းကာ အသက္(၄၀)ႏွစ္ရွိ နန္းအီ(မ) ႏွင့္ အသက္(၃၀)ႏွစ္ရွိ အိုက္ပ်န္း(က်ား)တို႔အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၁၃/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၉(က)/၂၁ အရ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရွိရသည္။




~~~~~~~~⊰❂ unicode ~~~~~~~~


တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ ခတ္တာလမ်းသွယ်ရှိ နေအိမ်ငှါးတန်းတွင် မူးယစ်ဆေးဝါးများ ရှာဖွေ တွေ့ရှိရ၍ အမျိုးသားတစ်ဦး နှင့် အမျိုးသမီး တစ်ဦးတို့အား အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သည့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တို့က ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ (၂၀)ရက်နေ့ နံနက်(၁၀)နာရီခွဲ ဝန်းကျင်အချိန်က အဆိုပါ နေအိမ်အခန်းငှါးသို့ ဝင်ရောက် စစ်ဆေးရှာဖွေရာ သတင်းရရှိထားသည့် နန်းအီ နှင့်အတူ နေအိမ်တွင် ရောက်ရှိနေသူ အိုက်ပျန်းတို့အား တွေ့ရှိရပြီး ဆက်လက်ရှာဖွေရာမှ မူးယစ်ဆေးဝါးများကို ရှာဖွေသိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းအဖွဲ့က ရှာဖွေမှုများပြုလုပ်ရာတွင် ရေချိုးခန်းအတွင်းမှ Wy စာတမ်းပါ စိတ်ကြွဆေးပြား စုစုပေါင်း (၃၀၀၀)ပြား နှင့် အိုက်စ်အဖြူရောင် ပုံဆောင်ခဲ အလေးချိန်း (၄၅)ဂရမ်တို့အား တွေ့ရှိရ၍ သိမ်းဆည်းကာ အသက်(၄၀)နှစ်ရှိ နန်းအီ(မ) နှင့် အသက်(၃၀)နှစ်ရှိ အိုက်ပျန်း(ကျား)တို့အား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၁၃/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~