တာချီလိတ်မြို့နယ်စာရေးဆရာအသင်းမှ အသင်း(၁၈)နှစ်ပြည့် အထိမ်းအမှတ် ၂၀၁၈ခုနှစ် အထူးထုတ် "ရွှေတြိဂံ"မဂ္ဂဇင်းစာအုပ် မိတ်ဆက်ပွဲ ပြုလုပ်ကာ လိုချင်သူများအား စတင်ရောင်းချပေး

တာချီလိတ်မြို့နယ်စာရေးဆရာအသင်းမှ အသင်း(၁၈)နှစ်ပြည့် အထိမ်းအမှတ် ၂၀၁၈ခုနှစ် အထူးထုတ် "ရွှေတြိဂံ"မဂ္ဂဇင်းစာအုပ် မိတ်ဆက်ပွဲ ပြုလုပ်ကာ လိုချင်သူများအား စတင်ရောင်းချပေး
ဖေဖော်ဝါရီ 3, 2018
By Tachileik News Agency

တာချီလိတ်မြို့နယ်စာရေးဆရာအသင်း၏ (၁၈)နှစ်ပြည့် အထိမ်းအမှတ် အထူးထုတ်အဖြစ် ထုတ်ဝေသည့် ၂၀၁၈ခုနှစ်ထုတ် "ရွှေတြိဂံ"မဂ္ဂဇင်းစာအုပ် မိတ်ဆက်ပွဲနှင့် စာမူရှင်များအား ဂုဏ်ပြုခြင်း အခမ်းအနားအား ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ(၃)ရက်နေ့ နံနက်က တာချီလိတ်မြို့ရှိ JA စားသောက်ဆိုင် အပေါ်ထပ်တွင် ကျင်းပပြုလုပ်သည်။





တာချီလိတ်မြို့နယ်စာရေးဆရာအသင်း၏ (၁၈)နှစ်ပြည့် အထိမ်းအမှတ် အထူးထုတ်အဖြစ် ထုတ်ဝေသည့် ၂၀၁၈ခုနှစ်ထုတ် "ရွှေတြိဂံ"မဂ္ဂဇင်းစာအုပ် တွင် အထူးကဏ္ဍအနေဖြင့် ဓါတ်ပုံများက ပြောသော တာချီလိတ်သမိုင်းအကြောင်းအနေဖြင့် ဓါတ်ပုံများကိုလည်း ဖော်ပြထားရှိပြီး ရွှေတြိဂံဒေသ တာချီလိတ်နှင့် အများဆုံးသက်ဆိုင်သည့် ဆောင်းပါးများ၊ ကဗျာများ စသည့် အကြောင်းအရာ များစွာ ပါဝင်သည့်အပြင် စာအုပ်၏ စာမျက်နှာအား (၃၁၂)မျက်နှာအထိ ပြုလုပ်ထားကာ ကဏ္ဍစုံဖော်ပြထားရှိကြောင်း သိရသည်။

အဆိုပါ မဂ္ဂဇင်းစာအုပ်အား အုပ်ရေစုစုပေါင်း (၁၂၀၀)ထုတ်ဝေထားပြီး ရောင်းချရန် သတ်မှတ်ထားသည့် အုပ်ရေ(၁၀၀၀)အား တစ်အုပ်လျှင် ဘတ်(၁၅၀)နှုန်းဖြင့် တာချီလိတ်မြို့နယ်စာရေးဆရာအသင်း၏ အလုပ်အမှုဆောင်များထံ နှင့် အကောက်ခွန်ရုံးရှေ့ရှိ မေတ္တာ မိတ္တူဆိုင်တို့တွင် ၀ယ်ယူ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။



~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့နယ်စာရေးဆရာအသင်း၏ (၁၈)နှစ်ပြည့် အထိမ်းအမှတ် အထူးထုတ်အဖြစ် ထုတေ်ဝသည့် ၂၀၁၈ခုနှစ်ထုတ် "ရွှတြေိဂံ"မဂ္ဂဇင်းစာအုပ် မိတ်ဆက်ပွဲနှင့် စာမူရှင်များအား ဂုဏ်ပြုခြင်း အခမ်းအနားအား ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ(၃)ရက်နေ့ နံနက်က တာချီလိတ်မြို့ရှိ JA စားသောက်ဆိုင် အပေါ်ထပ်တွင် ကျင်းပပြုလုပ်သည်။

အဆိုပါ မဂ္ဂဇင်းစာအုပ် မိတ်ဆက်ပွဲ အခမ်းအနားသို့ တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းအောင် နှင့် တာချီလိတ်မြို့နယ်စာရေးဆရာအသင်းမှ နာယက နှင့် ဥက္ကဌ ဦးထိန်မင်း အပါအဝင် အလုပ်အမှုဆောင်များ၊ စာမူရှင်များနှင့် အလှူရှင်များ အပါအဝင် ဖိတ်ကြား ထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အခမ်းအနားတွင် တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင် နှင့် တာချီလိတ်မြို့နယ်စာရေးဆရာအသင်း နာယက ဒေါက်တာမြင့်အောင်တို့က အဖွင့် အမှာစကား ပြောကြားခဲ့ကြသည်။

ဆက်လက်၍ တာချီလိတ်မြို့နယ်စာရေးဆရာအသင်း နှင့် ပတ်သက်၍ အသင်းစတင် တည်ထောင်ခဲ့ပုံများ၊ အသင်းရုံး နှင့် စာကြည့်တိုက် ဖွင့်လှစ်ထားရှိမှုများ၊ ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းကိစ္စရပ်များ ဘဏ္ဍာရေး အခြေအနေ နှင့် အထွေထွေ ကိစ္စရပ်များအား တာချီလိတ်မြို့နယ်စာရေးဆရာအသင်းမှ အလုပ်အမှုဆောင်များက သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့ကြသည်။

တဆက်တည်းမှာပင် အဆိုပါ အခမ်းအနား၌ ဖေဖော်ဝါရီလ(၅)ရက်နေ့တွင် တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌ ကျင်းပ ပြုလုပ်မည့် စာပေဟောပြောအတွက် လုပ်ငန်းရှင် အလှူရှင်များက အလှူငွေများ ပါဝင် လှူဒါန်းလာရာ တာချီလိတ်မြို့နယ် စာရေးဆရာအသင်းမှ တာဝန်ရှိသူများက လက်ခံ ရယူပေးခဲ့ကြသည်။

တာချီလိတ်မြို့နယ်စာရေးဆရာအသင်း၏ (၁၈)နှစ်ပြည့် အထိမ်းအမှတ် အထူးထုတ်အဖြစ် ထုတေ်ဝသည့် ၂၀၁၈ခုနှစ်ထုတ် "ရွှတြေိဂံ"မဂ္ဂဇင်းစာအုပ် တွင် အထူးကဏ္ဍအနဖြေင့် ဓာတ်ပုံများက ပြောသော တာချီလိတ်သမိုင်းအကြောင်းအနဖြေင့် ဓာတ်ပုံများကိုလည်း ဖော်ပြထားရှိပြီး ရွှတြေိဂံဒေသ တာချီလိတ်နှင့် အများဆုံးသက်ဆိုင်သည့် ဆောင်းပါးများ၊ ကဗျာများ စသည့် အကြောင်းအရာ များစွာ ပါဝင်သည့်အပြင် စာအုပ်၏ စာမျက်နှာအား (၃၁၂)မျက်နှာအထိ ပြုလုပ်ထားကာ ကဏ္ဍစုံဖော်ပြထားရှိကြောင်း သိရသည်။

အဆိုပါ မဂ္ဂဇင်းစာအုပ်အား အုပ်ရေစုစုပေါင်း (၁၂၀၀)ထုတေ်ဝထားပြီး ရောင်းချရန် သတ်မှတ်ထားသည့် အုပ်ရေ(၁၀၀၀)အား တစ်အုပ်လျှင် ဘတ်(၁၅၀)နှုန်းဖြင့် တာချီလိတ်မြို့နယ်စာရေးဆရာအသင်း၏ အလုပ်အမှုဆောင်များထံ နှင့် အကောက်ခွန်ရုံးရှေ့ရှိ မေတ္တာ မိတ္တူဆိုင်တို့တွင် ဝယ်ယူ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့နယ် စာရေးဆရာအသင်းအား လက်ရှိတွင် ဥက္ကဌအဖြစ် ဦးထိန်မင်း (မင်းအေးငြိမ်းဈေ)က တာဝန်ယူ ထားရှိပြီး တာချီလိတ်မြို့နယ် စာရေးဆရာများအသင်းရုံးနှင့် တာချီလိတ်မြို့နယ် စာရေးဆရာများအသင်းမှ ကြီးမှူးကာ ဖွင့်လှစ်ထားသည့် "ရည်ညွှန်းစာကြည့်တိုက်"အား တာချီလိတ်မြို့နယ် ဆန်ဆိုင်း(ခ)ရပ်ကွက်၊ သီရိမင်္ဂလာဆန်ဆိုင်း ဘုန်းကြီးကျောင်း အနောက်ဘက်တွင် ပူးတွဲဖွင့်လှစ်ထားရှိကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~