လားရိႈးၿမိဳ႕နယ္ သီရိသွ်ီဝေပၚေတာ္မူရွန္ခိုက္ဘုရားဝန္းတြင္ မဟာသွ်ီဝရုပ္ပြားေတာ္ဖြင့္ပြဲက်င္းပ

လားရိႈးၿမိဳ႕နယ္ သီရိသွ်ီဝေပၚေတာ္မူရွန္ခိုက္ဘုရားဝန္းတြင္ မဟာသွ်ီဝရုပ္ပြားေတာ္ဖြင့္ပြဲက်င္းပ
ဖေဖော်ဝါရီ 11, 2018
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕နယ္ မန္းပြဲေက်းရြာအုပ္စုရွိ သီရိသွ်ီဝေပၚေတာ္မူရွန္ခိုက္ဘုရားတြင္ တစ္ႏွစ္ေက်ာ္ၾကာတည္ေဆာက္ခဲ့သည့္ မဟာသွ်ီဝဘုရားရုပ္ပြားေတာ္ကို ေဖေဖၚဝါရီ လ(၁၁)ရက္ေန႔က ဖြင့္ပြဲက်င္းပေၾကာင္း သိရသည္။

 “ကၽြန္ေတာ္တို႔ ဟိႏၵဴဘာသာဝင္ေတြဟာ ကံ ကံ၏ အက်ိဳးတရားကို ယံုၾကည္ၾကသူေတြျဖစ္တဲ့အတြက္ ကံ ကံ၏ အက်ိဳးအရ ကၽြန္ေတာ္တို႔ေတြအတြက္ ရွမ္းျပည္နယ္ေျမာက္ပိုင္းမွာ သ်ွီဝဘုရားေပၚေတာ္မူတာဟာ ကံေကာင္းျခင္း အထိမ္းအမွတ္တစ္ခုျဖစ္ပါတယ္” ဟု သီရိသွ်ီဝေပၚေတာ္မူ ရွန္ခိုက္ဘုရား ေဂါပကအဖြဲ႔ဥကၠဌ ဦးေက်ာ္လြင္က သ်ွီဝဘုရားရုပ္ပြားေတာ္ဖြင့္ပြဲအခမ္းအနားတြင္ ေျပာသည္။

လားရိႈးၿမိဳ႕ႏွင့္ (၈)မိုင္ခန္႔အကြာ မန္းပြဲေက်းရြာမွ ေျမာက္ဖက္သို႔သြားရသည့္ အဆိုပါရွန္ခိုက္ဘုရားဝန္းမွာ ၁၉၀၃ ခုႏွစ္ ကာလမ်ားက မႏၱေလး-လားရိႈးရထားလမ္းေဖါက္လုပ္စဥ္ ေတြ႔ရိွသျဖင့္ တည္ေဆာက္ခဲ့ျခင္းျဖစ္ၿပီး အနယ္နယ္အရပ္ရပ္မွ ဘုရားဖူးမ်ား၏ လွဴဒါန္းမႈျဖင့္ အျမင့္ေပ(၅၀)ရွိ မဟာသွ်ီဝရုပ္ပြားေတာ္ႀကီးကို ၂၀၁၅ ခုႏွစ္အတြင္း စတင္တည္ေဆာက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ဘုရားအေနကဇာတင္တဲ့ရက္ကေနစရင္ (၇) ရက္ေန႔က စတာျဖစ္ပါတယ္။ ဒီေန႔ (၁၀)ရက္ေန႔မွာေတာ့ သွီ်ဝဘုရားရုပ္ပြားေတာ္ဖြင့္ပြဲျပဳလုပ္တာပါ။ ေကၽြးေမြးတာက (၇) ရက္ေန႔ကေန (၁၃) ရက္ေန႔အထိ တစ္နပ္ကို ပ်မ္းမွ်ဆန္အိတ္(၂၀)ေက်ာ္နဲ႔ တစ္ရက္ကို ႏွစ္နပ္ေကၽြးပါတယ္” ဟု ရွန္ခိုက္ဘုရား ေဂါပကအဖြဲ႔ဝင္တစ္ဦး က ေျပာသည္။

အဆိုပါဘုရားရုပ္တုေတာ္ဖြင့္ပြဲ အခမ္းအနားသို႔ အေရွ႕ေျမာက္တိုင္းစစ္ဌာနခ်ဳပ္တိုင္းမွဴး၊ လားရိႈးၿမိဳ႕ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရး ဌာန၊ လႊတ္ေတာ္ကိုယ္စားလွယ္ အခ်ိဳ႕ႏွင့္ ၿမိဳ႕မိၿမိဳ႕ဖမ်ား၊ ဘုရားဖူးျပည္သူမ်ား တက္ေရာက္ခဲ့ၿပီး ဖြင့္ပြဲ ဖဲႀကိဳးျဖတ္ရာတြင္ ရုပ္ရွင္သရုပ္ေဆာင္ ေအးျမတ္သူလည္း တက္ေရာက္ခဲ့သည္။

သတင္း၊ဓါတ္ပံု #ေနၿဖိဳးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~
လားရှိုးမြို့နယ် သီရိသျှီဝပေါ်တော်မူရှန်ခိုက်ဘုရားဝန်းတွင် မဟာသျှီဝရုပ်ပွားတော်ဖွင့်ပွဲကျင်းပ
**********
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ် မန်းပွဲကျေးရွာအုပ်စုရှိ သီရိသျှီဝပေါ်တော်မူရှန်ခိုက်ဘုရားတွင် တစ်နှစ်ကျော်ကြာတည်ဆောက်ခဲ့သည့် မဟာသျှီဝဘုရားရုပ်ပွားတော်ကို ဖေဖေါ်ဝါရီ လ(၁၁)ရက်နေ့က ဖွင့်ပွဲကျင်းပကြောင်း သိရသည်။

 “ကျွန်တော်တို့ ဟိန္ဒူဘာသာဝင်တွေဟာ ကံ ကံ၏ အကျိုးတရားကို ယုံကြည်ကြသူတွေဖြစ်တဲ့အတွက် ကံ ကံ၏ အကျိုးအရ ကျွန်တော်တို့တွေအတွက် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ သျှီဝဘုရားပေါ်တော်မူတာဟာ ကံကောင်းခြင်း အထိမ်းအမှတ်တစ်ခုဖြစ်ပါတယ်” ဟု သီရိသျှီဝပေါ်တော်မူ ရှန်ခိုက်ဘုရား ဂေါပကအဖွဲ့ဥက္ကဌ ဦးကျော်လွင်က သျှီဝဘုရားရုပ်ပွားတော်ဖွင့်ပွဲအခမ်းအနားတွင် ပြောသည်။

လားရှိုးမြို့နှင့် (၈)မိုင်ခန့်အကွာ မန်းပွဲကျေးရွာမှ မြောက်ဖက်သို့သွားရသည့် အဆိုပါရှန်ခိုက်ဘုရားဝန်းမှာ ၁၉၀၃ ခုနှစ် ကာလများက မန္တလေး-လားရှိုးရထားလမ်းဖေါက်လုပ်စဉ် တွေ့ရှိသဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများ၏ လှူဒါန်းမှုဖြင့် အမြင့်ပေ(၅၀)ရှိ မဟာသျှီဝရုပ်ပွားတော်ကြီးကို ၂၀၁၅ ခုနှစ်အတွင်း စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဘုရားအနေကဇာတင်တဲ့ရက်ကနေစရင် (၇) ရက်နေ့က စတာဖြစ်ပါတယ်။ ဒီနေ့ (၁၀)ရက်နေ့မှာတော့ သှီျဝဘုရားရုပ်ပွားတော်ဖွင့်ပွဲပြုလုပ်တာပါ။ ကျွေးမွေးတာက (၇) ရက်နေ့ကနေ (၁၃) ရက်နေ့အထိ တစ်နပ်ကို ပျမ်းမျှဆန်အိတ်(၂၀)ကျော်နဲ့ တစ်ရက်ကို နှစ်နပ်ကျွေးပါတယ်” ဟု ရှန်ခိုက်ဘုရား ဂေါပကအဖွဲ့ဝင်တစ်ဦး က ပြောသည်။

အဆိုပါဘုရားရုပ်တုတော်ဖွင့်ပွဲ အခမ်းအနားသို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ လားရှိုးမြို့မြို့နယ်အုပ်ချုပ်ရေး ဌာန၊ လွှတ်တော်ကိုယ်စားလှယ် အချို့နှင့် မြို့မိမြို့ဖများ၊ ဘုရားဖူးပြည်သူများ တက်ရောက်ခဲ့ပြီး ဖွင့်ပွဲ ဖဲကြိုးဖြတ်ရာတွင် ရုပ်ရှင်သရုပ်ဆောင် အေးမြတ်သူလည်း တက်ရောက်ခဲ့သည်။

သတင်း၊ဓါတ်ပုံ #နေဖြိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~