ေက်ာက္မဲၿမိဳ႕ လြယ္ခြန္ေတာင္ေပၚတြင္ ႀကိဳးဆြဲခ်ေသဆံုးေနသည့္ လူငယ္အေလာင္းအား ထင္းေခြသြားရင္း ေတြ႔ရွိ

ေက်ာက္မဲၿမိဳ႕ လြယ္ခြန္ေတာင္ေပၚတြင္ ႀကိဳးဆြဲခ်ေသဆံုးေနသည့္ လူငယ္အေလာင္းအား ထင္းေခြသြားရင္း ေတြ႔ရွိ
ဖေဖော်ဝါရီ 17, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕ လြယ္ခြန္ေတာင္ေပၚတြင္ အသက္ (၁၈)ႏွစ္အရြယ္လူငယ္တစ္ဦး ႀကိဳးဆြဲခ်ေသဆံုးေနသည္ကို ေတြ႔ရေၾကာင္း ႏွင့္ ၂၀၁၈ ခုႏွစ္အတြင္း ေက်ာက္မဲၿမိဳ႕တြင္ ပထမဆံုးအႀကိမ္ ျဖစ္ပြားျခင္းျဖစ္ေၾကာင္း သိရသည္။

“အဲဒီေကာင္ေလးရဲ႕ မိသားစုေတြကေတာ့ သူအလုပ္သြားေနတယ္ ထင္ေနတာ။ ဒီမနက္ ၁၁ နာရီ ဝန္းက်င္ေလာက္မွာ လြယ္ခြန္ေတာင္ေပၚ ထင္းသြားရွာတာ။ အဲဒီမွာ သစ္ပင္တစ္ပင္မွာ ႀကိဳးတန္းလန္းနဲ႔ လက္သီး ဆုပ္လ်က္ပံုစံနဲ႔ သူ႔ကိုေတြ႔ခဲ့တာ” ဟု ေသဆံုးသူ၏ အေလာင္းအား သြားေရာက္ သယ္ေဆာင္ေပးခဲ့သည့္ ဇီဝိတလူမႈကူညီေရး အသင္း(ေက်ာက္မဲ) မွ ကိုေစာမင္းၾကဴက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

အဆိုပါ အမ်ိဳးသားမွာ ေက်ာက္မဲၿမိဳ႕၊ အမွတ္(၉)ရပ္ကြက္၊ နယ္ေျမ(၁၂)တြင္ေနထိုင္သည့္ ပန္းရံလုပ္ကုိင္သူ တစ္ဦး ျဖစ္ၿပီး ေဖေဖၚဝါရီလ (၁၆) ရက္ေန႔ညတြင္ ေနအိမ္သို႔ ျပန္ေရာက္မလာဘဲ ေဖေဖၚဝါရီလ (၁၇) ရက္ေန႔ နံနက္ပိုင္းတြင္ ေက်ာက္မဲၿမိဳ႕ အမွတ္(၁)ရပ္ကြက္၊ လြယ္ခြန္ေတာင္၏ အေနာက္ဘက္အျခမ္းတြင္ ႀကိဳးဆြဲခ်ေသဆံုးေနလ်က္ျဖင့္ ထင္းသြားရွာသူတစ္ဦးက ျမင္ေတြ႔ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အေလာင္းအား ေက်ာက္မဲျပည္သူ႔ေဆးရံုႀကီးသို႔ ပို႔ေဆာင္စစ္ေဆးေနၿပီး ရဲတပ္ဖြဲ႕က လုိအပ္သည့္ စံုစမ္းစစ္ေဆးမႈမ်ား လုပ္ေဆာင္ေနေၾကာင္း သိရသည္။

ေက်ာက္မဲၿမိဳ႕တြင္ ၂၀၁၇ ခုႏွစ္အတြင္း ႀကိဳးဆြဲခ်ေသဆံုးမႈ (၃)ႀကိမ္ ျဖစ္ပြားခဲ့ၿပီး အမ်ိဳးသားတစ္ဦးႏွင့္ အမ်ိဳးသမီးႏွစ္ဦး ေသဆံုးခဲ့ေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု #ေစာမင္းၾကဴ




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ လွယ်ခွန်တောင်ပေါ်တွင် အသက် (၁၈)နှစ်အရွယ်လူငယ်တစ်ဦး ကြိုးဆွဲချသေဆုံးနေသည်ကို တွေ့ရကြောင်း နှင့် ၂၀၁၈ ခုနှစ်အတွင်း ကျောက်မဲမြို့တွင် ပထမဆုံးအကြိမ် ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။

“အဲဒီကောင်လေးရဲ့ မိသားစုတွေကတော့ သူအလုပ်သွားနေတယ် ထင်နေတာ။ ဒီမနက် ၁၁ နာရီ ဝန်းကျင်လောက်မှာ လွယ်ခွန်တောင်ပေါ် ထင်းသွားရှာတာ။ အဲဒီမှာ သစ်ပင်တစ်ပင်မှာ ကြိုးတန်းလန်းနဲ့ လက်သီး ဆုပ်လျက်ပုံစံနဲ့ သူ့ကိုတွေ့ခဲ့တာ” ဟု သေဆုံးသူ၏ အလောင်းအား သွားရောက် သယ်ဆောင်ပေးခဲ့သည့် ဇီဝိတလူမှုကူညီရေး အသင်း(ကျောက်မဲ) မှ ကိုစောမင်းကြူက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

အဆိုပါ အမျိုးသားမှာ ကျောက်မဲမြို့၊ အမှတ်(၉)ရပ်ကွက်၊ နယ်မြေ(၁၂)တွင်နေထိုင်သည့် ပန်းရံလုပ်ကိုင်သူ တစ်ဦး ဖြစ်ပြီး ဖေဖော်ဝါရီလ (၁၆) ရက်နေ့ညတွင် နေအိမ်သို့ ပြန်ရောက်မလာဘဲ ဖေဖော်ဝါရီလ (၁၇) ရက်နေ့ နံနက်ပိုင်းတွင် ကျောက်မဲမြို့ အမှတ်(၁)ရပ်ကွက်၊ လွယ်ခွန်တောင်၏ အနောက်ဘက်အခြမ်းတွင် ကြိုးဆွဲချသေဆုံးနေလျက်ဖြင့် ထင်းသွားရှာသူတစ်ဦးက မြင်တွေ့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလောင်းအား ကျောက်မဲပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်စစ်ဆေးနပြေီး ရဲတပ်ဖွဲ့က လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

ကျောက်မဲမြို့တွင် ၂၀၁၇ ခုနှစ်အတွင်း ကြိုးဆွဲချသေဆုံးမှု (၃)ကြိမ် ဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

သတင်း #နဖြေိုးမြင့်
ဓာတ်ပုံ #စောမင်းကြူ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~