မႏၲေလးေလဆိပ္၌ အေရးေပၚဆင္းသက္ခဲ့သည့္ စကၤာပူေလေၾကာင္းလိုင္း ေလယာဥ္မွ ခရီးသည္ ၂၀၂ ဦး အစားထိုးေလယာဥ္ျဖင့္ ခရီးဆက္လက္ထြက္ခြာ

မႏၲေလးေလဆိပ္၌ အေရးေပၚဆင္းသက္ခဲ့သည့္ စကၤာပူေလေၾကာင္းလိုင္း ေလယာဥ္မွ ခရီးသည္ ၂၀၂ ဦး အစားထိုးေလယာဥ္ျဖင့္ ခရီးဆက္လက္ထြက္ခြာ
ဖေဖော်ဝါရီ 8, 2018
By 🌸
မႏၱေလးအျပည္ျပည္ဆုိင္ရာေလဆိပ္သို႔ ေဖေဖၚဝါရီလ (၇)ရက္ေန႔က အေရးေပၚဆင္းသက္ခဲ့ရသည့္ စကၤာပူေလေၾကာင္းလုိင္းမွ ေလယာဥ္စီးခရီးသည္ (၂၀၂)ဦးမွာ ေဖေဖၚဝါရီလ (၈)ရက္ေန႔ နံနက္အေစာပိုင္း (၀၀:၁၅ ) ေလယာဥ္ျဖင့္ ခရီးဆက္လက္ထြက္ခြာသြားၿပီျဖစ္ေၾကာင္း သိရသည္။

စက္ခ်ိဳ႕ယြင္းသည့္ ေလယာဥ္ကို အစားထိုးေလယာဥ္ျဖင့္ လိုက္ပါလာသည့္ ျပဳျပင္ေရးအဖြဲ႕က မႏၱေလးေလဆိပ္တြင္ ဆက္လက္ျပဳျပင္ေနဆဲျဖစ္ေၾကာင္း သိရသည္။

စကၤာပူေလေၾကာင္းလိုင္းမွ ေလယာဥ္အမွတ္ 9V-SSE၊ ေလယာဥ္ အမ်ိဳးအစား A-333 ေလယာဥ္သည္ ခရီးသည္ (၂၀၂) ဦး တင္ေဆာင္လွ်က္ ဘဂၤလားေဒ့ရွ္နိုင္ငံ၊ ဒါကာေလဆိပ္မွ စကၤာပူနိုင္ငံ ခ်န္ဂီေလဆိပ္သို႔ ပ်ံသန္းလာစဥ္ ေလယာဥ္၏ ဝဲဘက္အင္ဂ်င္ ခ်ိဳ႕ယြင္းခဲ့သျဖင့္ ၂၀၁၈ ခုႏွစ္၊ ေဖေဖာ္ဝါရီလ (၇) ရက္ေန႔ ညေန (၃)နာရီ (၃၅)မိနစ္တြင္  မႏၱေလးေလဆိပ္သို႔ အေရးေပၚ ဆင္းသက္ခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။

ေလယာဥ္္အေရးေပၚ ဆင္းသက္စဥ္ ေလယာဥ္ေျပးလမ္းေပၚ၌ ရပ္တန္႔သြားသျဖင့္ ေလယာဥ္ ရပ္နားရာေနရာသို႔ ဆြဲယူခဲ့ရၿပီး ေလယာဥ္ေပၚပါခရီးသည္ (၂၀)၂ ဦးအား ေလဆိပ္နားေနေဆာင္၌ ေခတၱေနရာစီစဥ္ေပးထားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း #နန္းဟြမ္ခမ္း
ဓါတ္ပံု #Singapore Airlines

~~~~~~~~⊰❂ unicode ~~~~~~~~
မန္တလေးလေဆိပ်၌ အရေးပေါ်ဆင်းသက်ခဲ့သည့် စင်္ကာပူလေကြောင်းလိုင်း လေယာဉ်မှ ခရီးသည် ၂၀၂ ဦး အစားထိုးလေယာဉ်ဖြင့် ခရီးဆက်လက်ထွက်ခွာ
**************
မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဖေဖေါ်ဝါရီလ (၇)ရက်နေ့က အရေးပေါ်ဆင်းသက်ခဲ့ရသည့် စင်္ကာပူလေကြောင်းလိုင်းမှ လေယာဉ်စီးခရီးသည် (၂၀၂)ဦးမှာ ဖေဖေါ်ဝါရီလ (၈)ရက်နေ့ နံနက်အစောပိုင်း (၀၀:၁၅ ) လေယာဉ်ဖြင့် ခရီးဆက်လက်ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။

စက်ချို့ယွင်းသည့် လေယာဉ်ကို အစားထိုးလေယာဉ်ဖြင့် လိုက်ပါလာသည့် ပြုပြင်ရေးအဖွဲ့က မန္တလေးလေဆိပ်တွင် ဆက်လက်ပြုပြင်နေဆဲဖြစ်ကြောင်း သိရသည်။

စင်္ကာပူလေကြောင်းလိုင်းမှ လေယာဉ်အမှတ် 9V-SSE၊ လေယာဉ် အမျိုးအစား A-333 လေယာဉ်သည် ခရီးသည် (၂၀၂) ဦး တင်ဆောင်လျှက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာလေဆိပ်မှ စင်္ကာပူနိုင်ငံ ချန်ဂီလေဆိပ်သို့ ပျံသန်းလာစဉ် လေယာဉ်၏ ဝဲဘက်အင်ဂျင် ချို့ယွင်းခဲ့သဖြင့် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၇) ရက်နေ့ ညနေ (၃)နာရီ (၃၅)မိနစ်တွင်  မန္တလေးလေဆိပ်သို့ အရေးပေါ် ဆင်းသက်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

လေယာဉ််အရေးပေါ် ဆင်းသက်စဉ် လေယာဉ်ပြေးလမ်းပေါ်၌ ရပ်တန့်သွားသဖြင့် လေယာဉ် ရပ်နားရာနေရာသို့ ဆွဲယူခဲ့ရပြီး လေယာဉ်ပေါ်ပါခရီးသည် (၂၀)၂ ဦးအား လေဆိပ်နားနေဆောင်၌ ခေတ္တနေရာစီစဉ်ပေးထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း #နန်းဟွမ်ခမ်း
ဓါတ်ပုံ #Singapore Airlines

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~