တာခ်ီလိတ္ေရႊတိဂံုေစတီေတာ္ေပၚတြင္ မီးေလာင္မႈျဖစ္ပြား

တာခ်ီလိတ္ေရႊတိဂံုေစတီေတာ္ေပၚတြင္ မီးေလာင္မႈျဖစ္ပြား
ဖေဖော်ဝါရီ 22, 2018
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕ရွိ တာခ်ီလိတ္ေရႊတိဂံုေစတီေတာ္ေပၚတြင္ ၂၀၁၈ခုႏွစ္ ေဖေဖာ္၀ါရီလ(၂၂)ရက္ေန႔ နံနက္(၄)နာရီ၀န္းက်င္ အခ်ိန္က မီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

တာခ်ီလိတ္ေရႊတိဂံုေစတီေတာ္၌ လက္ရွိတြင္ ေရႊသကၤန္းမ်ား ကပ္လွဴေနလ်က္ရွိသည့္ အတြက္ ျငမ္းမ်ား ဆင္ထားၿပီး ၀ါးဖ်ာမ်ားျဖင့္ အကာအရံမ်ားထားရွိထားရာ မီးမ်ားမွာ အဆိုပါ အကာအရံမ်ားတြင္ ေလာင္ကြ်မ္းျခင္း ျဖစ္ၿပီး မီးေလာင္မႈႏွင့္ပတ္သက္၍ သက္ဆိုင္ရာက စံုစမ္းမႈမ်ားျပဳလုပ္ေနလ်က္ရွိေၾကာင္း သိရသည္။

ယခုျဖစ္စဥ္ႏွင့္ ပတ္သက္၍ တစ္စံုတစ္ဦး၏ ပေယာဂေၾကာင့္ ျဖစ္ႏိုင္သည္ဟု ယူဆရသျဖင့္  အမႈမွန္ ေပၚေပါက္ေရး စံုစမ္းစစ္ေဆးမႈမ်ား ျပဳလုပ္ေနလ်က္ရွိေၾကာင္း တာခ်ီလိတ္ၿမိဳ႕နယ္ရဲတပ္ဖြဲ႔ ရဲမွဴးသန္းႏုက ေျပာၾကားသည္။

မီးေလာင္မႈျဖစ္ပြားရာသို႔ တာခ်ီလိတ္ၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႔ ႏွင့္ တာခ်ီလိတ္နာေရးကူညီမႈအသင္း အပါအ၀င္ တာခ်ီလိတ္ၿမိဳ႕ေရႊတိဂံုေစတီေတာ္ အနီးေန လူငယ္မ်ားမွ စုေပါင္း၍ ၿငိမ္းသတ္ခဲ့ၾကရာ နံနက္(၄း၂၅)နာရီ၀န္းက်င္အခ်ိန္တြင္ မီးမ်ားအားလံုးၿငိႇမ္းသြားေၾကာင္း သိရွိရသည္။



~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့ရှိ တာချီလိတ်ရွှေတိဂုံစေတီတော်ပေါ်တွင် ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ(၂၂)ရက်နေ့ နံနက်(၄)နာရီဝန်းကျင် အချိန်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

တာချီလိတ်ရွှေတိဂုံစေတီတော်၌ လက်ရှိတွင် ရွှေသင်္ကန်းများ ကပ်လှူနေလျက်ရှိသည့် အတွက် ငြမ်းများ ဆင်ထားပြီး ဝါးဖျာများဖြင့် အကာအရံများထားရှိထားရာ မီးများမှာ အဆိုပါ အကာအရံများတွင် လောင်ကျွမ်းခြင်း ဖြစ်ပြီး မီးလောင်မှုနှင့်ပတ်သက်၍ သက်ဆိုင်ရာက စုံစမ်းမှုများပြုလုပ်နေလျက်ရှိကြောင်း သိရသည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်၍ တစ်စုံတစ်ဦး၏ ပယောဂကြောင့် ဖြစ်နိုင်သည်ဟု ယူဆရသဖြင့် အမှုမှန် ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိကြောင်း တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူးသန်းနုက ပြောကြားသည်။

မီးလောင်မှုဖြစ်ပွားရာသို့ တာချီလိတ်မြို့နယ်မီးသတ်တပ်ဖွဲ့ နှင့် တာချီလိတ်နာရေးကူညီမှုအသင်း အပါအဝင် တာချီလိတ်မြို့ရွှေတိဂုံစေတီတော် အနီးနေ လူငယ်များမှ စုပေါင်း၍ ငြိမ်းသတ်ခဲ့ကြရာ နံနက်(၄း၂၅)နာရီဝန်းကျင်အချိန်တွင် မီးများအားလုံးငြှိမ်းသွားကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~