တာချီလိတ်တွင် ပြုလုပ်မည့် ဆီးချိုရောဂါဆိုင်ရာ ဆေးပညာဟောပြောပွဲသို့ တာချီလိတ်မှ ဆရာဝန်များအားလုံး တက်ရောက်ရန် ဖိတ်ကြား

တာချီလိတ်တွင် ပြုလုပ်မည့် ဆီးချိုရောဂါဆိုင်ရာ ဆေးပညာဟောပြောပွဲသို့ တာချီလိတ်မှ ဆရာဝန်များအားလုံး တက်ရောက်ရန် ဖိတ်ကြား
ဖေဖော်ဝါရီ 17, 2018
By Tachileik News Agency







~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် သမားတော်ကြီး ဒေါက်တာနေလင်းအောင်က ဆီးချိုရောဂါဆိုင်ရာ ဆေးပညာဟောပြောမည်ဖြစ်သဖြင့် ဆရာဝန်များ တက်ရောက်နိုင်ရန် ဖိတ်ကြား ထားကြောင်း သိရသည်။

အဆိုပါ ဆေးပညာရပ်ဆိုင်ရာ ဟောပြောပွဲအား ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ (၂၃)ရက်နေ့တွင် တာချီလိတ်မြို့ရှိ Golden Cherry Hotel၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

“ဆီးချိုရောဂါမှာ အသုံးပြုနေတဲ့ ဆေးအကြောင်း ဟောပြောသွားမှာပါ။ ဒီမှာရှိတဲ့ ဆရာဝန်တွေ အကုန်တော့ တက်စေချင်ပါတယ်”ဟု သမားတော်ကြီး ဒေါက်တာနေလင်းအောင်က ပြောကြားသည်။

တာချီလိတ်မြို့၌ ကျန်းမာရေးဌာနတွင် တာဝန်ထမ်းဆောင်နေသော သမားတော်များ၊ ဆရာဝန်များ အပါအဝင် သမားတော်၊ ဆရာဝန်စုစုပေါင်း (၃၀)ကျော်ရှိကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~