လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဦးစီးဌာန၊ ပညာေရးဌာနမ်ားတြင္ ကိုယ္ေရး အခ်က္အလက္မ်ား ျဖည့္သြင္းရာ၌ တုိင္းရင္းသားဘာသာျဖင့္ပါ ေဖၚျပႏုိင္

လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဦးစီးဌာန၊ ပညာေရးဌာနမ်ားတြင္ ကိုယ္ေရး အခ်က္အလက္မ်ား ျဖည့္သြင္းရာ၌ တုိင္းရင္းသားဘာသာျဖင့္ပါ ေဖၚျပႏုိင္
ဖေဖော်ဝါရီ 7, 2018
By 🌸
လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဦးစီးဌာန၊ ပညာေရးဌာနမ်ားတြင္ တိုင္းရင္းသားမ်ား၏ ကိုယ္ေရး အခ်က္အလက္မ်ား ျဖည့္သြင္းရာ၌ ျမန္မာဘာသာအျပင္ တုိင္းရင္းသားဘာသာျဖင့္ပါ ျဖည့္သြင္းႏုိင္ေၾကာင္း အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား ဝန္ႀကီး ဦးသိန္းေဆြက လႊတ္ေတာ္တြင္ ေျဖၾကားထားသည္။

၂၀၁၈ ခုႏွစ္ ေဖေဖာ္ဝါရီလ (၅) ရက္ေန႔တြင္ က်င္းပေသာ ျပည္သူ႔လႊတ္ေတာ္အစည္းအေဝးတြင္ ကေလး မဲဆႏၵနယ္မွ ေဒၚေအးေအးမူက အဆိုပါဌာနမ်ားတြင္ ကိုယ္ေရးအခ်က္အလက္မ်ားျဖည့္သြင္းရာ၌ သက္ဆိုင္ရာ တိုင္းရင္းသားအလိုက္အကၡရာ သို႔မဟုတ္ ႏိုင္ငံတကာသုံး အဂၤလိပ္ အကၡရာႏွင့္ပါ ျဖည့္စြက္ေရး
သြင္းခြင့္ျပဳရန္ အစီအစဥ္ ရွိ၊ မရွိ ေမးျမန္းခဲ့ျခင္းအား ယင္းကဲ့သို႔ ေျဖၾကားခဲ့ျခင္းျဖစ္သည္။

တိုင္းရင္းသားလူမ်ိဳးမ်ား၏ အမည္စာရင္းမ်ားကို ကာယကံရွင္မ်ားမွ တင္ျပေလၽွာက္ထားသည္‌့ ေမြး
ဖြားေၾကာင္း အေထာက္အထား၊ အိမ္ေထာင္စုစာရင္းတြင္ ေဖာ္ျပထားသည့္အမည္ကို ေရးသြင္းရန္၊ တိုင္းရင္းသားမ်ား၏အမည္မ်ားတြင္ သက္ဆိုင္ရာ ဘာသာစကားအရ ေရွ႕ေဆာင္စကားလုံးမ်ားအား ထည္‌့သြင္းေဖာ္ျပျခင္း၊ မထည့္သြင္းျခင္းကိုလည္း ၎တို႔ေရြးခ်ယ္သည့္အတုိင္း ကိုယ္ေရးမွတ္တမ္းမ်ားတြင္ ေရးသြင္းေဖာ္ျပ ေဆာင္႐ြက္ေပးေနေၾကာင္း အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား ဝန္ႀကီး ဦးသိန္းေဆြက ေျဖၾကားခဲ့သည္။

အမ်ိဳးသားမွတ္ပုံတင္ႏွင့္ ႏိုင္ငံသားဦးစီးဌာနတြင္ တိုင္းရင္းသားမ်ား၏ ကိုယ္ေရးအခ်က္အလက္မ်ား ျဖည္‌့သြင္းရာတြင္ ၁၉၈၂ ခုႏွစ္၊ ျမန္မာႏိုင္ငံသားဥပေဒလုပ္ထုံးလုပ္နည္းမ်ားႏွင္‌့အညီ ျပ႒ာန္းသတ္မွတ္ထားသည့္ ႏိုင္ငံသားကိုယ္ေရးမွတ္တမ္းပုံစံ(ႏိုင္) ပုံစံျဖင့္ ႏိုင္ငံသားစိစစ္ ေရးကတ္ျပား အေၾကာင္းအရာ ျပဳစုေရးသြင္းျခင္း နည္းမ်ားအတိုင္း ကာယကံရွင္မ်ားက တင္ျပေသာ ေမြးဖြားေၾကာင္း အေထာက္အထား လက္မွတ္ပါအမည္ကိုျမန္မာဘာသာျဖင့္ ပီသစြာေရးသားေဖာ္ျပၿပီး တိုင္းရင္းသား ဘာသာျဖင့္လည္း ေဖာ္ျပရမည္ဟု တိက်စြာျပ႒ာန္းထားျခင္းျဖစ္ေၾကာင္း သိရသည္။

~~~~~~~~⊰❂ unicode ~~~~~~~~
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ပညာရေးဌာနများတွင် ကိုယ်ရေး အချက်အလက်များ ဖြည့်သွင်းရာတွင် တိုင်းရင်းသားဘာသာဖြင့်ပါ ဖေါ်ပြနိုင်
******************
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ပညာရေးဌာနများတွင် တိုင်းရင်းသားများ၏ ကိုယ်ရေး အချက်အလက်များ ဖြည့်သွင်းရာ၌ မြန်မာဘာသာအပြင် တိုင်းရင်းသားဘာသာဖြင့်ပါ ဖြည့်သွင်းနိုင်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဦးသိန်းဆွေက လွှတ်တော်တွင် ဖြေကြားထားသည်။

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ (၅) ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ကလေး မဲဆန္ဒနယ်မှ ဒေါ်အေးအေးမူက အဆိုပါဌာနများတွင် ကိုယ်ရေးအချက်အလက်များဖြည့်သွင်းရာ၌ သက်ဆိုင်ရာ တိုင်းရင်းသားအလိုက်အက္ခရာ သို့မဟုတ် နိုင်ငံတကာသုံး အင်္ဂလိပ် အက္ခရာနှင့်ပါ ဖြည့်စွက်ရေးသွင်းခွင့်ပြုရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ခြင်းအား ယင်းကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။
တိုင်းရင်းသားလူမျိုးများ၏ အမည်စာရင်းများကို ကာယကံရှင်များမှ တင်ပြလျှောက်ထားသည်‌့ မွေး
ဖွားကြောင်း အထောက်အထား၊ အိမ်ထောင်စုစာရင်းတွင် ဖော်ပြထားသည့်အမည်ကို ရေးသွင်းရန်၊ တိုင်းရင်းသားများ၏အမည်များတွင် သက်ဆိုင်ရာ ဘာသာစကားအရ ရှေ့ဆောင်စကားလုံးများအား ထည်‌့သွင်းဖော်ပြခြင်း၊ မထည့်သွင်းခြင်းကိုလည်း ၎င်းတို့ရွေးချယ်သည့်အတိုင်း ကိုယ်ရေးမှတ်တမ်းများတွင် ရေးသွင်းဖော်ပြ ဆောင်ရွက်ပေးနေကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဦးသိန်းဆွေက ဖြေကြားခဲ့သည်။

အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာနတွင် တိုင်းရင်းသားများ၏ ကိုယ်ရေးအချက်အလက်များ ဖြည်‌့သွင်းရာတွင် ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေလုပ်ထုံးလုပ်နည်းများနှင်‌့အညီ ပြဋ္ဌာန်းသတ်မှတ်ထားသည့် နိုင်ငံသားကိုယ်ရေးမှတ်တမ်းပုံစံ(နိုင်) ပုံစံဖြင့် နိုင်ငံသားစိစစ် ရေးကတ်ပြား အကြောင်းအရာ ပြုစုရေးသွင်းခြင်း နည်းများအတိုင်း ကာယကံရှင်များက တင်ပြသော မွေးဖွားကြောင်း အထောက်အထား လက်မှတ်ပါအမည်ကိုမြန်မာဘာသာဖြင့် ပီသစွာရေးသားဖော်ပြပြီး တိုင်းရင်းသား ဘာသာဖြင့်လည်း ဖော်ပြရမည်ဟု တိကျစွာပြဋ္ဌာန်းထားခြင်းဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~