တာခ်ီလိတ္ၿမိဳ႕ ေငြေတာင္ဦးကမၼ႒ာန္းေက်ာင္းတိုက္တြင္ ေဖေဖၚဝါရီလ (၆)ရက္ႏွင့္ (၇)ရက္ေန႔မ်ား၌ တရားပြဲက်င္းပမည္

တာခ်ီလိတ္ၿမိဳ႕ ေငြေတာင္ဦးကမၼ႒ာန္းေက်ာင္းတိုက္တြင္ ေဖေဖၚဝါရီလ (၆)ရက္ႏွင့္ (၇)ရက္ေန႔မ်ား၌ တရားပြဲက်င္းပမည္
ဖေဖော်ဝါရီ 5, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ ပုန္းထြန္ရပ္ကြက္ရွိ ေငြေတာင္ဦးကမၼ႒ာန္းေက်ာင္းတိုက္တြင္ ၂၀၁၈ ခုႏွစ္ ေဖေဖာ္၀ါရီလ(၆)ရက္ေန႔ႏွင့္ (၇)ရက္ေန႔မ်ားတြင္ အေဝရာ ရာမ ရန္ကင္းဆရာေတာ္ႀကီးက တရားေတာ္ ေဟာၾကားေတာ္မူမည္ျဖစ္ေၾကာင္း သိရသည္။

အဂၢမဟာပ႑ိတ၊ အေဝရာ ရာမ ရန္ကင္းဆရာေတာ္ ဘဒၵ ႏၱၾသဒါတသိရီဘိဝံသက ေဖေဖာ္၀ါရီလ (၆)ရက္ေန႔ႏွင့္ (၇)ရက္ေန႔မ်ားတြင္ ညစဥ္ (၇)နာရီခြဲမွစ၍ ေငြေတာင္ဦးကမၼ႒ာန္းေက်ာင္းတိုက္တြင္ တရားေဟာၾကားေတာ္မူမည္ျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမဳိ႕ ေငြေတာင္ဦးကမၼ႒ာန္းေက်ာင္းတိုက္၏ (ဆ႒မအႀကိမ္ေျမာက္) တရားပြဲအျဖစ္ တိပိဋကဓရ၊ ဓမၼဘ႑ာဂါရိက၊ ေယာဆရာေတာ္ ဘဒၵႏၱ သိရိႏၵာဘိဝံသက ေဖေဖၚဝါရီလ (၃)ရက္ေန႔ႏွင့္ (၄)ရက္ေန႔မ်ားတြင္ တရားေဟာာၾကားေတာ္မူခဲ့ၿပီး အေဝရာ ရာမ ရန္ကင္းဆရာေတာ္ႀကီးက ေဖေဖၚဝါရီလ (၆)ရက္ေန႔ႏွင့္ (၇)ရက္ေန႔မ်ားတြင္ တရားေဟာၾကားေတာ္မူျခင္းျဖစ္သည္။

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်မြို့ ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်းတိုက်တွင် ဖေဖေါ်ဝါရီလ (၆)ရက်နှင့် (၇)ရက်နေ့များ၌ တရားပွဲကျင်းပမည်
**********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်ရှိ ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်းတိုက်တွင် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ(၆)ရက်နေ့နှင့် (၇)ရက်နေ့များတွင် အဝေရာ ရာမ ရန်ကင်းဆရာတော်ကြီးက တရားတော် ဟောကြားတော်မူမည်ဖြစ်ကြောင်း သိရသည်။

အဂ္ဂမဟာပဏ္ဍိတ၊ အဝေရာ ရာမ ရန်ကင်းဆရာတော် ဘဒ္ဒ န္တသြဒါတသိရီဘိဝံသက ဖေဖော်ဝါရီလ (၆)ရက်နေ့နှင့် (၇)ရက်နေ့များတွင် ညစဉ် (၇)နာရီခွဲမှစ၍ ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်းတိုက်တွင် တရားဟောကြားတော်မူမည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့ ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်းတိုက်၏ (ဆဋ္ဌမအကြိမ်မြောက်) တရားပွဲအဖြစ် တိပိဋကဓရ၊ ဓမ္မဘဏ္ဍာဂါရိက၊ ယောဆရာတော် ဘဒ္ဒန္တ သိရိန္ဒာဘိဝံသက ဖေဖေါ်ဝါရီလ (၃)ရက်နေ့နှင့် (၄)ရက်နေ့များတွင် တရားဟောာကြားတော်မူခဲ့ပြီး အဝေရာ ရာမ ရန်ကင်းဆရာတော်ကြီးက ဖေဖေါ်ဝါရီလ (၆)ရက်နေ့နှင့် (၇)ရက်နေ့များတွင် တရားဟောကြားတော်မူခြင်းဖြစ်သည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~