NCA လက္မွတ္ေရးထုိးမည့္ မြန္ျပည္သစ္ပါတီႏွင့္ လားဟူဒီမုိကရက္တစ္အစည္းအရုံးတို႔အား မတရားအသင္းမွပယ္ဖ်က္

NCA လက္မွတ္ေရးထုိးမည့္ မြန္ျပည္သစ္ပါတီႏွင့္ လားဟူဒီမုိကရက္တစ္အစည္းအရုံးတို႔အား မတရားအသင္းမွပယ္ဖ်က္
ဖေဖော်ဝါရီ 11, 2018
By 🌸
NCA လက္မွတ္ေရးထိုးေတာ့မည့္ မြန္ျပည္သစ္ပါတီ (News Mon State Party-NMSP)ႏွင့္ လားဟူဒီမုိကရက္တစ္အစည္းအရုံး (Lahu Democratic Union-LDU) တုိ႔အား မတရားအသင္းမွ ပယ္ဖ်က္ျခင္းႏွင့္ အၾကမ္းဖက္သူမ်ားမဟုတ္ေၾကာင္းတို႔ကို ၂၀၁၈ ခုႏွစ္ ေဖေဖၚဝါရီလ (၁၁)ရက္ေန႔တြင္ ျပည္ထဲေရးဝန္ႀကီးဌာနက ထုတ္ျပန္လုိက္သည္။

ျပည္ထဲေရးဝန္ႀကီးဌာန၏ ေဖေဖာ္ဝါရီ ၁၁ ရက္ေန႔တြင္ ထုတ္ျပန္သည့္ အမိန္႔ေၾကညာစာ (၂/၂၀၁၈) ျဖင့္ မတရားအသင္းအျဖစ္မွပယ္ဖ်က္လုိက္ျခင္းျဖစ္ၿပီး အမိန္႔ေၾကညာစာအမွတ္(၁/၂၀၁၈)ျဖင့္ အၾကမ္းဖက္သူမ်ားမဟုတ္ေၾကာင္း ေၾကညာျခင္းျဖစ္သည္။

NCA လက္မွတ္မထုိးရေသးသည့္ မြန္ျပည္သစ္ပါတီႏွင့္ လားဟူဒီမုိကရက္တစ္ပါတီတို႔သည္ တစ္ႏုိင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္(NCA)ကို ေဖေဖၚဝါရီလ (၁၃)ရက္ေန႔တြင္ လက္မွတ္ေရးထိုးၾကမည္ျဖစ္ၿပီး အဆိုပါလက္မွတ္ထုိးပြဲသို႔ ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္တုိ႔လည္း တက္ေရာက္မည္ျဖစ္ေၾကာင္း သိရသည္။

NCA လက္မွတ္ေရးထုိးထားသည့္ အဖြဲ႕(၈)ဖြဲ႕အနက္ ကရင္အမ်ိဳးသားအစည္းအ႐ံုး (KNU)၊ ျမန္မာႏိုင္ငံလံုး ဆိုင္ရာ ေက်ာင္းသားမ်ား ဒီမိုကရက္တစ္တပ္ဦး (ABSDF) ႏွင့္ ရွမ္းျပည္ျပန္လည္္ထူေထာင္ေရး ေကာင္စီ၊ ရွမ္းျပည္တပ္မေတာ္ေတာင္ပိုင္း (RCSS/SSA)တို႔ကို သမၼတအမိန္႔ျဖင့္ မတရားအသင္းအျဖစ္မွ ပယ္ဖ်က္ေၾကာင္း ျပည္ထဲေရး၀န္ႀကီးဌာနက ၂၀၁၅ ခုႏွစ္ ေအာက္တုိဘာ ၁၂ ရက္စြဲျဖင့္ ေၾကညာခဲ့ၿပီး RCSS/SSA ႏွင့္ ABSDF တို႔ကို အၾကမ္းဖက္သူမ်ားအျဖစ္မွ ပယ္ဖ်က္ခဲ့ျခင္းျဖစ္သည္။

NCA လက္မွတ္ေရးထိုးသည့္ က်န္အဖဲြ႕ငါးဖြဲ႕မွာ မတရားအသင္းအျဖစ္ ေၾကညာထားျခင္းမရွိေသာေၾကာင့္ ပယ္ဖ်က္အမိန္႔ ထုတ္ျပန္ရန္ မလိုခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

တစ္ႏိုင္ငံလံုး အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္စာခ်ဳပ္ (NCA)ကို ၂၀၁၅ ခုႏွစ္ ေအာက္တိုဘာ (၁၅) ရက္ေန႔တြင္ အစိုးရႏွင့္ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕(၈)ဖြဲ႕ျဖစ္သည့္ KNU၊ RCSS/SSA ၊ ABSDF ၊ ပအို၀္း အမ်ိဳးသားလြတ္ေျမာက္ေရးအဖဲြ႕ ခ်ဳပ္(PNLO)၊ ခ်င္းအမ်ိဳးသားတပ္ဦး (CNF) ၊ ရခိုင္လြတ္ေျမာက္ေရးပါတီ (ALP) ၊ DKBA ႏွင့္ ၿငိမ္းခ်မ္းေရးေကာင္စီ (PC) တို႔က လက္မွတ္ေရးထုိးခဲ့ျခင္းျဖစ္သည္။

တစ္ႏိုင္ငံလံုး အပစ္အခတ္ရပ္စဲေရး လက္မွတ္ေရးထိုးရန္ အစိုးရဘက္က တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ (၁၅) ဖြဲ႕ကို ဖိတ္ေခၚခဲ့ၿပီး ၎တို႔အနက္ ရွစ္ဖြဲ႕က သေဘာတူခဲ့ျခင္းျဖစ္ၿပီး ၂၀၁၈ ခုႏွစ္တြင္ ေနာက္ထပ္ အဖြဲ႕ႏွစ္ဖြဲ႕က ထပ္မံလက္မွတ္ေရးထိုးမည္ျဖစ္သည္။

သတင္း #အင္မုိင္ခ

~~~~~~~~⊰❂ unicode ~~~~~~~~
NCA လက်မှတ်ရေးထိုးမည့် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့အား မတရားအသင်းမှပယ်ဖျက်
***************
NCA လက်မှတ်ရေးထိုးတော့မည့် မွန်ပြည်သစ်ပါတီ (News Mon State Party-NMSP)နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (Lahu Democratic Union-LDU) တို့အား မတရားအသင်းမှ ပယ်ဖျက်ခြင်းနှင့် အကြမ်းဖက်သူများမဟုတ်ကြောင်းတို့ကို ၂၀၁၈ ခုနှစ် ဖေဖေါ်ဝါရီလ (၁၁)ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။

ပြည်ထဲရေးဝန်ကြီးဌာန၏ ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် ထုတ်ပြန်သည့် အမိန့်ကြေညာစာ (၂/၂၀၁၈) ဖြင့် မတရားအသင်းအဖြစ်မှပယ်ဖျက်လိုက်ခြင်းဖြစ်ပြီး အမိန့်ကြေညာစာအမှတ်(၁/၂၀၁၈)ဖြင့် အကြမ်းဖက်သူများမဟုတ်ကြောင်း ကြေညာခြင်းဖြစ်သည်။

NCA လက်မှတ်မထိုးရသေးသည့် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ်ပါတီတို့သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို ဖေဖေါ်ဝါရီလ (၁၃)ရက်နေ့တွင် လက်မှတ်ရေးထိုးကြမည်ဖြစ်ပြီး အဆိုပါလက်မှတ်ထိုးပွဲသို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့လည်း တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့(၈)ဖွဲ့အနက် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) နှင့် ရှမ်းပြည်ပြန်လည််ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည်တပ်မတော်တောင်ပိုင်း (RCSS/SSA)တို့ကို သမ္မတအမိန့်ဖြင့် မတရားအသင်းအဖြစ်မှ ပယ်ဖျက်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၂ ရက်စွဲဖြင့် ကြေညာခဲ့ပြီး RCSS/SSA နှင့် ABSDF တို့ကို အကြမ်းဖက်သူများအဖြစ်မှ ပယ်ဖျက်ခဲ့ခြင်းဖြစ်သည်။

NCA လက်မှတ်ရေးထိုးသည့် ကျန်အဖွဲ့ငါးဖွဲ့မှာ မတရားအသင်းအဖြစ် ကြေညာထားခြင်းမရှိသောကြောင့် ပယ်ဖျက်အမိန့် ထုတ်ပြန်ရန် မလိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်စာချုပ် (NCA)ကို ၂၀၁၅ ခုနှစ် အောက်တိုဘာ (၁၅) ရက်နေ့တွင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့(၈)ဖွဲ့ဖြစ်သည့် KNU၊ RCSS/SSA ၊ ABSDF ၊ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ ချုပ်(PNLO)၊ ချင်းအမျိုးသားတပ်ဦး (CNF) ၊ ရခိုင်လွတ်မြောက်ရေးပါတီ (ALP) ၊ DKBA နှင့် ငြိမ်းချမ်းရေးကောင်စီ (PC) တို့က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရန် အစိုးရဘက်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၁၅) ဖွဲ့ကို ဖိတ်ခေါ်ခဲ့ပြီး ၎င်းတို့အနက် ရှစ်ဖွဲ့က သဘောတူခဲ့ခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် နောက်ထပ် အဖွဲ့နှစ်ဖွဲ့က ထပ်မံလက်မှတ်ရေးထိုးမည်ဖြစ်သည်။

သတင်း #အင်မိုင်ခ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~