တာချီလိတ်ရှိ မိုင်းကိုးဆေးဖြတ်စခန်းတွင် ၀ါးအခြေခံလက်မှုထည် ထုတ်လုပ်မှု နည်းပညာသင်တန်း (၁၄)ရက် တိတိ သင်ကြားပေးမှု စတင်နေ

တာချီလိတ်ရှိ မိုင်းကိုးဆေးဖြတ်စခန်းတွင် ၀ါးအခြေခံလက်မှုထည် ထုတ်လုပ်မှု နည်းပညာသင်တန်း (၁၄)ရက် တိတိ သင်ကြားပေးမှု စတင်နေ
ဖေဖော်ဝါရီ 21, 2018
By Tachileik News Agency
 တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စုအတွင်း မိုင်းကိုးပြည်သူ့စစ်အဖွဲ့ခေါင်းဆောင် ဦးကျလော ဖွင့်လှစ်ထားရှိသည့် ရပ်ရွာအခြေပြု မိုင်းကိုးဆေးဖြတ်စခန်းတွင် "၀ါးအခြေခံလက်မှုထည် ထုတ်လုပ်မှု နည်းပညာသင်တန်း"အား ဖေဖော်ဝါရီလ(၂၁)ရက်နေ့က စတင်ဖွင့်လှစ်ရာ အဆိုပါ ဆေးဖြတ်စခန်းမှ ဆေးဖြတ်သင်တန်းသား  (၂၀)ဦး သင်ယူနေကြောင်း နှင့် မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှလည်း မူးယစ်ဆေးဝါး အသိပညာပေးအဖြစ် ဟောပြောခဲ့ကြောင်း သိရသည်။


သင်တန်းဖွင့်ပွဲတွင် တာချီလိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီဝင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးထိန်ဝင်းက အဆိုပါ ဆေးဖြတ်စခန်းရှိ သင်တန်းသားများအား အားပေးစကားနှင့်အတူ အဖွင့်အမှာစကား ပြောကြားပြီးနောက် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးသက်နိုင်ဦးက သင်တန်းဖွင့်လှစ်ဖြစ်ခြင်း နှင့် ပတ်သက်၍ "မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေက ဒီသင်တန်းဖွင့်ချင်ပါတယ်ဆိုပြီးတော့ နေပြည်တော်မှာ သွားဆက်သွယ်ပါတယ်၊ အဲ့လို နေပြည်တော်မှာ သွားဆက်သွယ်ပြီး ရှာနေတဲ့အချိန်မှာ ကျွန်တော်က တာချီလိတ်မှာ လာပြီးတော့ သင်တန်းလာပေးနေပါတယ်၊  အဲ့ဒါနဲ့ တာချီလိတ်မှာ ကျွန်တော်တို့ နှစ်ယောက်ပြန်ဆုံကြပြီးတော့ ဒီဆေးဖြတ်စခန်းမှာ ၀ါးသင်တန်းကို ဖွင့်ချင်ပါတယ်ဆိုပြီး တောင်းဆိုလာတော့ ကျွန်တော်တို့ သင်ကြားမှု (၂)ယောက်နဲ့ ဒီမှာ သင်ကြားပေးမှာဖြစ်ပါတယ်၊ သူတို့ အနှစ်နှစ် အလလက လေ့လာသင်ယူပြီးတော့မှ ကျွမ်းကျင်လာတဲ့ ပညာရပ်တွေကို ဒီမှာ (၁၄)ရက်နဲ့ သင်ကြားပေးသွားမှာ ဖြစ်တဲ့အတွက်ကြောင့် ယူသူကလည်း တန်ဖိုးထားပြီး ယူဖို့ လိုပါလိမ့်မယ်၊"ဟု ရှင်းလင်းပြောကြားသည်။

ဆေးဖြတ်စခန်းရှိ ဆေးဖြတ်သင်တန်းသားထဲမှ ၀ါးအခြေခံလက်မှုထည် ထုတ်လုပ်မှုနည်းပညာသင်တန်းသို့ တက်ရောက်သူများ အနေဖြင့် မိမိကိုယ်ကိုယ် တန်ဖိုးရှိသော လူတစ်ယောက်ဖြစ်လာရန် ကြိုးစားကြဖို့ လိုအပ်ကြောင်း တိုက်တွန်းစကားဆိုသည်။



အဆိုပါ  ဆေးဖြတ်စခန်းသို့ လာရောက် ဆေးဖြတ်လိုသူများ အနေဖြင့် အထွေထွေကုန်ကျမှုနှင့်အတူ စားသောက်စရိတ်အဖြစ် တစ်လလျှင် ဘတ်(၃၀၀၀)နှင့် ဆန်နှစ်ပုံး ပေးဆောင်ရန် သတ်မှတ်ထားရှိကြောင်းနှင့် ဆေးဖြတ်စခန်းတွင် လက်ရှိ၌ ဆေးဖြတ်သင်တန်းသား (၈၆)ဦးရှိကြောင်း သိရသည်။



~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စုအတွင်း မိုင်းကိုးပြည်သူ့စစ်အဖွဲ့ခေါင်းဆောင် ဦးကျလော ဖွင့်လှစ်ထားရှိသည့် ရပ်ရွာအခြပြေု မိုင်းကိုးဆေးဖြတ်စခန်းတွင် "ဝါးအခြေခံလက်မှုထည် ထုတ်လုပ်မှု နည်းပညာသင်တန်း"အား ဖေဖော်ဝါရီလ(၂၁)ရက်နေ့က စတင်ဖွင့်လှစ်ရာ အဆိုပါ ဆေးဖြတ်စခန်းမှ ဆေးဖြတ်သင်တန်းသား (၂၀)ဦး သင်ယူနေကြောင်း နှင့် မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှလည်း မူးယစ်ဆေးဝါး အသိပညာပေးအဖြစ် ဟောပြောခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သင်ကြားပေးခြင်းဖြစ်ပြီး သင်ကြားပေးမှုအား ၂၀၁၈ခုနှစ် ဖေဖော်ဝါရီ (၂၁)ရက်နေ့တွင် စတင်ကာ မတ်လ(၇)ရက်နေ့အထိ သတ်မှတ်ထားကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် တာချီလိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီဝင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးထိန်ဝင်းက အဆိုပါ ဆေးဖြတ်စခန်းရှိ သင်တန်းသားများအား အားပေးစကားနှင့်အတူ အဖွင့်အမှာစကား ပြောကြားပြီးနောက် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးသက်နိုင်ဦးက သင်တန်းဖွင့်လှစ်ဖြစ်ခြင်း နှင့် ပတ်သက်၍ "မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေက ဒီသင်တန်းဖွင့်ချင်ပါတယ်ဆိုပြီးတော့ နပြေည်တော်မှာ သွားဆက်သွယ်ပါတယ်၊ အဲ့လို နပြေည်တော်မှာ သွားဆက်သွယ်ပြီး ရှာနေတဲ့အချိန်မှာ ကျွန်တော်က တာချီလိတ်မှာ လာပြီးတော့ သင်တန်းလာပေးနေပါတယ်၊ အဲ့ဒါနဲ့ တာချီလိတ်မှာ ကျွန်တော်တို့ နှစ်ယောက်ပြန်ဆုံကြပြီးတော့ ဒီဆေးဖြတ်စခန်းမှာ ဝါးသင်တန်းကို ဖွင့်ချင်ပါတယ်ဆိုပြီး တောင်းဆိုလာတော့ ကျွန်တော်တို့ သင်ကြားမှု (၂)ယောက်နဲ့ ဒီမှာ သင်ကြားပေးမှာဖြစ်ပါတယ်၊ သူတို့ အနှစ်နှစ် အလလက လေ့လာသင်ယူပြီးတော့မှ ကျွမ်းကျင်လာတဲ့ ပညာရပ်တွေကို ဒီမှာ (၁၄)ရက်နဲ့ သင်ကြားပေးသွားမှာ ဖြစ်တဲ့အတွက်ကြောင့် ယူသူကလည်း တန်ဖိုးထားပြီး ယူဖို့ လိုပါလိမ့်မယ်၊"ဟု ရှင်းလင်းပြောကြားသည်။

ဆေးဖြတ်စခန်းရှိ ဆေးဖြတ်သင်တန်းသားထဲမှ ဝါးအခြေခံလက်မှုထည် ထုတ်လုပ်မှုနည်းပညာသင်တန်းသို့ တက်ရောက်သူများ အနဖြေင့် မိမိကိုယ်ကိုယ် တန်ဖိုးရှိသော လူတစ်ယောက်ဖြစ်လာရန် ကြိုးစားကြဖို့ လိုအပ်ကြောင်း တိုက်တွန်းစကားဆိုသည်။

"ကျွန်တော်တို့က ဒီအထိလာရောက်ပြီးတော့ ပြသပေးတယ်၊ ဦးတင့်ဆွေကလည်း အားကြိုးမာန်တက် ဆောင်ရွက်နေတယ်၊ ဌာနဆိုင်ရာများနဲ့ ဒေသခံ လူငယ်များ၊ ပါတီ အဖွဲ့အစည်းများကလည်း အားကြိုးမာန်တက်နဲ့ အားပေးနေတဲ့ အချိန်မှာ မိမိကိုယ်ကိုယ် တန်ဖိုးရှိသော လူတစ်ယောက် ဖြစ်လာအောင်၊ မိမိကိုယ်ကိုယ် သင်တန်းက ရတဲ့ ပညာရပ်နဲ့ မြှင့်တင်ပြီးတော့မှ နိုင်ငံအတွက်၊ ပြည်သူလူထုအတွက်၊ မိသားစုအတွက်၊ မိမိအတွက် အားကြိုးမာန်တက်ဆောင်ရွက်ကြပါလို့ ပြောကြားလိုပါတယ်"ဟု ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးသက်နိုင်ဦးက တိုက်တွန်းစကားဆိုသည်။

ယင်းနောက် မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့စုမှူး ရဲမှူး စိုးနိုင် နှင့် ဒုတပ်ဖွဲ့စုမှူး ဒုတိယရဲမှူးသက်မောင် အပါအဝင် တာဝန်ရှိသူများက အဆိုပါ ဆေးဖြတ်စခန်းရှိ ဆေးဖြတ်သင်တန်းသားများအား မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် ပတ်သက်၍ သတ်မှတ်ထားသော ဥပဒေများဆိုင်ရာ အကြောင်းအရာများအား အသိပညာပေးဟောပြောကာ အားပေးစကားများ ပြောကြားခဲ့ကြသည်။

အဆိုပါ ဆေးဖြတ်စခန်းသို့ လာရောက် ဆေးဖြတ်လိုသူများ အနဖြေင့် အထွေထွေကုန်ကျမှုနှင့်အတူ စားသောက်စရိတ်အဖြစ် တစ်လလျှင် ဘတ်(၃၀၀၀)နှင့် ဆန်နှစ်ပုံး ပေးဆောင်ရန် သတ်မှတ်ထားရှိကြောင်းနှင့် ဆေးဖြတ်စခန်းတွင် လက်ရှိ၌ ဆေးဖြတ်သင်တန်းသား (၈၆)ဦးရှိကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~