တာချီလိတ်ရှိ ရပ်ရွာအခြေပြု မိုင်းကိုးဆေးဖြတ်စခန်းအတွက် ရေသွယ်တန်းရရှိရေး နတလ မှ ၂၀၁၉ခုနှစ်အတွင်း ဆောင်ရွက်ပေးနိုင်ရန် တင်ပြထားရှိ

တာချီလိတ်ရှိ ရပ်ရွာအခြေပြု မိုင်းကိုးဆေးဖြတ်စခန်းအတွက် ရေသွယ်တန်းရရှိရေး နတလ မှ ၂၀၁၉ခုနှစ်အတွင်း ဆောင်ရွက်ပေးနိုင်ရန် တင်ပြထားရှိ
ဖေဖော်ဝါရီ 25, 2018
By Tachileik News Agency

တာချီလိတ်မြို့ရှိ ရပ်ရွာအခြေပြု မိုင်းကိုးဆေးဖြတ်စခန်းတွင် ရေရရှိရေးအတွက် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ၂၀၁၉ခုနှစ် အတွင်း ဆောင်ရွက်ပေးသွားနိုင်ရန် လျာထားကြောင်း  သိရသည်။


မိုင်းကိုးဆေးဖြတ်စခန်း၌ လက်ရှိတွင် ဆေးဖြတ်သင်တန်းသား (၈၆)ဦးရှိနေပြီး ရေအပြည့်အ၀ ရရှိရန် အခက်အခဲ ဖြစ်နေကြောင်း နှင့် ရေအပြည့်အ၀ ရရှိသည့်အခါတွင် ဆေးဖြတ်သင်တန်းသားများဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ လက်တွေ့ လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း  သိရသည်။


ရေရယူရန် နေရာနှင့် ဆေးဖြတ်စခန်းအကွာအဝေးမှာ ခန်းမှန်းခြေ  (၄)မိုင် နှင့် (၅)ဖာလုံဝန်းကျင် ကွာဝေးကြောင်း သိရသည်။

အဆိုပါ ဆေးဖြတ်စခန်းသည် တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ရန်ကုန်ရွာတွင် တည်ရှိပြီး မိုင်းကိုးပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင် ဦးကျလောမှ ရပ်ရွာအခြေအပြုအနေဖြင့် ဖွင့်လှစ်ထားရှိခြင်း ဖြစ်ကြောင်း သိရသည်။


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့ရှိ ရပ်ရွာအခြပြေု မိုင်းကိုးဆေးဖြတ်စခန်းတွင် ရေရရှိရေးအတွက် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ၂၀၁၉ခုနှစ် အတွင်း ဆောင်ရွက်ပေးသွားနိုင်ရန် လျာထားကြောင်း သိရသည်။

“အခုကတော့ ပြည်နယ်ခွဲရုံးကနေ တင်ပြထားပြီး ပါပြီ။ ဒီနေရာရဲ့ လိုအပ်မှု အခြေအနေကိုလည်း ကျွန်တော်တို့ ကွင်းဆင်း စစ်ဆေးပြီးပါပြီ။ ဒါကို ပြည်နယ်ခွဲကို ပို့ထားပါတယ်။ ပြည်နယ်ခွဲကနေ ရှမ်းပြည်နယ် အစိုးရရဲ့ နတလရန်ပုံငွေနဲ့ လုပ်ဆောင်မှာ ဖြစ်ပါတယ်။ အခု ဘတ်ဂျက်မှာတော့ မရဘူးပေါ့။ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်ရဲ့ ပထမ(၆)လပတ်အတွင်းမှာ လုပ်ဆောင်နိုင်ဖို့ များပါတယ်”ဟု နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာချီလိတ်ခရိုင်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးစံက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မိုင်းကိုးဆေးဖြတ်စခန်း၌ လက်ရှိတွင် ဆေးဖြတ်သင်တန်းသား (၈၆)ဦးရှိနပြေီး ရေအပြည့်အဝ ရရှိရန် အခက်အခဲ ဖြစ်နေကြောင်း နှင့် ရေအပြည့်အဝ ရရှိသည့်အခါတွင် ဆေးဖြတ်သင်တန်းသားများဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ လက်တွေ့ လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

"အခု ရေတွင်းတူးနေတာ တောင်ပေါ်ဆိုတော့ ရေက မထွက်ဘူးဖြစ်နေတယ်၊ လောလောဆယ်တော့ တောင်ကျရေကိုပဲ သုံးနေရတယ်၊ နွေရာသီဆိုရင်တော့ တောင်ကျရေက ရချင်မှ ရတော့မှာ အဲ့ဒီအခါ ရေအတွက် အဆင်မပြေ ဖြစ်နိုင်ပါတယ်၊ ရေအပြည့်အဝ ရရင်တော့ အသက်မွေးဝမ်းကြောင်း အနေနဲ့ ပတ်သက်ပြီး သူတို့တွေကို စိုက်ပျိုးရေးတွေ လုပ်ခိုင်းပြီးလို့ရတယ်၊ အခုကတော့ ရေအတွက် အခက်အခဲဖြစ်နေပါတယ်"ဟု မိုင်းကိုးဆေးဖြတ်စခန်းတွင် ဆေးဖြတ်လိုသူများအား ကူညီပို့ဆောင်ကာ ကူညီပေးနေသည့် မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေက ပြောသည်။

ရေရယူရန် နေရာနှင့် ဆေးဖြတ်စခန်းအကွာအေဝးမှာ ခန်းမှန်းခြေ (၄)မိုင် နှင့် (၅)ဖာလုံဝန်းကျင် ကွောဝးကြောင်း သိရသည်။

အဆိုပါ ဆေးဖြတ်စခန်းသည် တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ရန်ကုန်ရွာတွင် တည်ရှိပြီး မိုင်းကိုးပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင် ဦးကျလောမှ ရပ်ရွာအခြေအပြုအနဖြေင့် ဖွင့်လှစ်ထားရှိခြင်း ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~