၂၀၁၈ တကၠသိုလ္၀င္တန္း စာေမးပြဲတြင္ ေက်ာင္းသား/သူ (၂၀၉)ဦး ၀င္ေရာက္ေျဖဆိုမည့္ အထက(မိုင္းေယာင္း)အတြင္း မီးေဘးလံုၿခံဳေရး စစ္ေဆး

၂၀၁၈ တကၠသိုလ္၀င္တန္း စာေမးပြဲတြင္ ေက်ာင္းသား/သူ (၂၀၉)ဦး ၀င္ေရာက္ေျဖဆိုမည့္ အထက(မိုင္းေယာင္း)အတြင္း မီးေဘးလံုၿခံဳေရး စစ္ေဆး
ဖေဖော်ဝါရီ 27, 2018
By Tachileik News Agency

မိုင္းေယာင္းၿမိဳ႕နယ္၌ တကၠသိုလ္၀င္တန္း စာေမးပြဲက်င္းပကာ စာစစ္ဌာနဖြင့္လွစ္မည့္ အေျခခံပညာ အထက္တန္းေက်ာင္း (မိုင္းေယာင္း)တြင္ မီးေဘးလံုၿခံဳေရးရွိေစရန္အတြက္ ႀကိဳတင္ကာကြယ္မႈအေနျဖင့္ တာ၀န္ရွိသူမ်ားက ေဖေဖာ္၀ါရီလ(၂၇)ရက္ေန႔ နံနက္ပိုင္းက ကြင္းဆင္းစစ္ေဆးမႈမ်ားျပဳလုပ္ေၾကာင္း သိရသည္။

အထက(မိုင္းေယာင္း)စာစစ္ဌာနတြင္ တကၠသိုလ္ဝင္တန္းစာေမးပြဲက်င္းပေနစဥ္ ကာလအတြင္း  မီးေလာင္မႈ၊ မီးလန္႔မႈႏွင့္ မီးေဘးလံုၿခံဳမႈရွိေစေရးအတြက္ မီးႀကိဳးသြယ္တန္းထားမႈမ်ား၊ မီးသတ္ေဆး ဗူးထားရွိမႈမ်ား၊ လွ်ပ္စစ္မီးမ်ား ျပတ္ေတာက္မႈ မရွိေစေရးႏွင့္ ေက်ာင္းဝန္းအတြင္း မီးသံုးစြဲထားရွိမႈ အေျခအေနမ်ားကို ၾကည့္ရႈစစ္ေဆးခဲ့ၾကျခင္း ျဖစ္ေၾကာင္း သိရသည္။

ကြင္းဆင္းစစ္ေဆးမႈမ်ား ျပဳလုပ္ရာတြင္ မိုင္းေယာင္းၿမိဳ႕နယ္မီးသတ္ဦးစီးဌာနမွ ၿမိဳ႕နယ္ဦးစီးမွဴး ဦးေအးမင္းေမာင္ႏွင့္ တပ္ဖြဲ႔ဝင္မ်ား၊ ၿမိဳ႕နယ္လွ်ပ္စစ္မွဴးရံုးမွ ၿမိဳ႕နယ္လွ်ပ္စစ္မွဴး ဦးနီစိုးေက်ာ္ႏွင့္ တာဝန္ရွိသူမ်ား ပါ၀င္သည့္အဖြဲ႔က စစ္ေဆးခဲ့ၾကျခင္း ျဖစ္ေၾကာင္း သိရသည္။

မိုင္းေယာင္းၿမိဳ႕နယ္တြင္ ၂၀၁၇ - ၂၀၁၈ ပညာသင္ႏွစ္၏ တကၠသိုလ္၀င္တန္းစာေမးပြဲသို႔ အတြဲ(၁)ေဘာဂေဗဒဘာသာတြဲ (၁၀၀)ဦး၊ အတြဲ(၂)ဝိဇၨာဘာသာတြဲ (၈၆)ဦး ႏွင့္ အတြဲ(၇)ဇီဝေဗဒဘာသာတြဲ (၂၃)ဦး စုစုေပါင္း (၂၀၉)ဦး စာေမးပြဲ၀င္ေရာက္ေျဖဆိုၾကမည္ျဖစ္ေၾကာင္း သိရသည္။

၂၀၁၈ခုႏွစ္ တကၠသိုလ္၀င္တန္းစာေမးပြဲအား မတ္လ(၇)ရက္ေန႔မွ မတ္လ(၁၆)ရက္ေန႔အထိ က်င္းပျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရွိရသည္။

သတင္း/ဓါတ္ပံု - အားခ်ာ


~~~~~~~~⊰❂ unicode ~~~~~~~~

မိုင်းယောင်းမြို့နယ်၌ တက္ကသိုလ်ဝင်တန်း စာမေးပွဲကျင်းပကာ စာစစ်ဌာနဖွင့်လှစ်မည့် အခြေခံပညာ အထက်တန်းကျောင်း (မိုင်းယောင်း)တွင် မီးဘေးလုံခြုံရေးရှိစေရန်အတွက် ကြိုတင်ကာကွယ်မှုအနဖြေင့် တာဝန်ရှိသူများက ဖေဖော်ဝါရီလ(၂၇)ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ကြောင်း သိရသည်။

အထက(မိုင်းယောင်း)စာစစ်ဌာနတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပနေစဉ် ကာလအတွင်း မီးလောင်မှု၊ မီးလန့်မှုနှင့် မီးဘေးလုံခြုံမှုရှိစေရေးအတွက် မီးကြိုးသွယ်တန်းထားမှုများ၊ မီးသတ်ဆေး ဗူးထားရှိမှုများ၊ လျှပ်စစ်မီးများ ပြတ်တောက်မှု မရှိစေရေးနှင့် ကျောင်းဝန်းအတွင်း မီးသုံးစွဲထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ရာတွင် မိုင်းယောင်းမြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအေးမင်းမောင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်မှူးရုံးမှ မြို့နယ်လျှပ်စစ်မှူး ဦးနီစိုးကျော်နှင့် တာဝန်ရှိသူများ ပါဝင်သည့်အဖွဲ့က စစ်ဆေးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ်တွင် ၂၀၁၇ - ၂၀၁၈ ပညာသင်နှစ်၏ တက္ကသိုလ်ဝင်တန်းစာမေးပွဲသို့ အတွဲ(၁)ဘောဂဗေဒဘာသာတွဲ (၁၀၀)ဦး၊ အတွဲ(၂)ဝိဇ္ဇာဘာသာတွဲ (၈၆)ဦး နှင့် အတွဲ(၇)ဇီဝဗေဒဘာသာတွဲ (၂၃)ဦး စုစုပေါင်း (၂၀၉)ဦး စာမေးပွဲဝင်ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၈ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား မတ်လ(၇)ရက်နေ့မှ မတ်လ(၁၆)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

သတင်း/ဓာတ်ပုံ - အားချာ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~