မိုင္းေယာင္း - တာခ်ီလိတ္ခရီး ေလးနာရီေက်ာ္ျဖင့္ သြားႏုိင္လာသျဖင့္ ယာဥ္စီးေရတိုးခ်ဲ႕ေျပးဆြဲလာရ

မိုင္းေယာင္း - တာခ်ီလိတ္ခရီး ေလးနာရီေက်ာ္ျဖင့္ သြားႏုိင္လာသျဖင့္ ယာဥ္စီးေရတိုးခ်ဲ႕ေျပးဆြဲလာရ
ဖေဖော်ဝါရီ 10, 2018
By 🌸
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ခရိုင္၊ မိုင္းေယာင္း - မိုင္းျဖတ္လမ္းသစ္ေၾကာင့္  မိုင္းေယာင္း - တာခ်ီလိတ္ခရီးကို ေလးနာရီေက်ာ္ျဖင့္ သြားလာႏုိင္လာသျဖင့္ ခရီးသည္တင္ယာဥ္ ေန႔စဥ္ (၃)စီးမွ (၆)စီးအထိ ေျပးဆြဲလာရေၾကာင္း သိရသည္။

“မိုင္းေယာင္း - မိုင္းျဖတ္လမ္းကေန တာခ်ီလိတ္ကို ေလးနာရီေက်ာ္နဲ႔ အေရာက္သြားႏိုင္လာပါတယ္။ ခရီးသြားရတာ သက္ေသာင့္ သက္သာ အဆင္ေျပေျပနဲ႔ သြားႏိုင္လာတယ္” ဟု ခရီးသြားတစ္ဦးျဖစ္သည့္ နန္းစီခမ္းက ေျပာသည္။

မိုင္းေယာင္း - မိုင္းျဖတ္ကတၱရာလမ္းသစ္ခင္းေနသျဖင့္  မိုင္းျဖတ္လမ္းဆံုမွတစ္ဆင့္ က်ိဳင္းတံု-တာခ်ီလိတ္ အေဝးေျပးလမ္းအတိုင္း တာခ်ီလိတ္ၿမိဳ႕သို႔ ေလးနာရီေက်ာ္ခရီးျဖင့္ ေမာင္းႏွင္လာႏုိင္ျခင္းျဖစ္ေၾကာင္း သိရၿပီး လက္ရိွတြင္ ေမာ္ေတာ္ယာဥ္လုိင္းႏွစ္ခုျဖင့္ ေျပးဆြဲေနျခင္းျဖစ္ေၾကာင္း သိရသည္။

“တာခ်ီလိတ္ဘက္က ကုန္စည္ေတြ မိုင္းေယာင္း-မိုင္းယုဘက္ကို လြယ္လြယ္ကူကူ စီးဆင္းလာေတာ့မွာမို႔ စားသံုးသူေတြအတြက္ အရမ္းကို ေကာင္းသြားၿပီ။ လမ္္းပန္းဆက္သြယ္ေရး ခက္ခဲမႈေၾကာင့္ အေရးေပၚ အေျခအေနမွာ အသက္ဆံုးရံႈးရတာေတြလည္း နည္းသြားေတာ့မွာပါ”  ဟု ေဒသခံတစ္ဦးက ေျပာသည္။

မိုင္းေယာင္းၿမိဳ႕သည္ ေတာင္ထူထပ္ၿပီး ကုန္းတြင္းပိတ္ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္၍ ယခင္က မိုင္းေယာင္းၿမိဳ႕မွ တာခ်ီလိတ္ၿမိဳ႕သို႔ ခရီးသြားလာရာတြင္ လႏွင့္ခ်ီ၍ ၾကာျမင့္တတ္ေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #အားခ်ာ(မုိင္းေယာင္း)

~~~~~~~~⊰❂ unicode ~~~~~~~~
မိုင်းယောင်း - တာချီလိတ်ခရီး လေးနာရီကျော်ဖြင့် သွားနိုင်လာသဖြင့် ယာဉ်စီးရေတိုးချဲ့ပြေးဆွဲလာရ
****************
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းယောင်း - မိုင်းဖြတ်လမ်းသစ်ကြောင့်  မိုင်းယောင်း - တာချီလိတ်ခရီးကို လေးနာရီကျော်ဖြင့် သွားလာနိုင်လာသဖြင့် ခရီးသည်တင်ယာဉ် နေ့စဉ် (၃)စီးမှ (၆)စီးအထိ ပြေးဆွဲလာရကြောင်း သိရသည်။

“မိုင်းယောင်း - မိုင်းဖြတ်လမ်းကနေ တာချီလိတ်ကို လေးနာရီကျော်နဲ့ အရောက်သွားနိုင်လာပါတယ်။ ခရီးသွားရတာ သက်သောင့် သက်သာ အဆင်ပြေပြေနဲ့ သွားနိုင်လာတယ်” ဟု ခရီးသွားတစ်ဦးဖြစ်သည့် နန်းစီခမ်းက ပြောသည်။

မိုင်းယောင်း - မိုင်းဖြတ်ကတ္တရာလမ်းသစ်ခင်းနေသဖြင့်  မိုင်းဖြတ်လမ်းဆုံမှတစ်ဆင့် ကျိုင်းတုံ-တာချီလိတ် အဝေးပြေးလမ်းအတိုင်း တာချီလိတ်မြို့သို့ လေးနာရီကျော်ခရီးဖြင့် မောင်းနှင်လာနိုင်ခြင်းဖြစ်ကြောင်း သိရပြီး လက်ရှိတွင် မော်တော်ယာဉ်လိုင်းနှစ်ခုဖြင့် ပြေးဆွဲနေခြင်းဖြစ်ကြောင်း သိရသည်။

“တာချီလိတ်ဘက်က ကုန်စည်တွေ မိုင်းယောင်း-မိုင်းယုဘက်ကို လွယ်လွယ်ကူကူ စီးဆင်းလာတော့မှာမို့ စားသုံးသူတွေအတွက် အရမ်းကို ကောင်းသွားပြီ။ လမ််းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် အရေးပေါ် အခြေအနေမှာ အသက်ဆုံးရှုံးရတာတွေလည်း နည်းသွားတော့မှာပါ”  ဟု ဒေသခံတစ်ဦးက ပြောသည်။

မိုင်းယောင်းမြို့သည် တောင်ထူထပ်ပြီး ကုန်းတွင်းပိတ် မြို့တစ်မြို့ဖြစ်၍ ယခင်က မိုင်းယောင်းမြို့မှ တာချီလိတ်မြို့သို့ ခရီးသွားလာရာတွင် လနှင့်ချီ၍ ကြာမြင့်တတ်ကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #အားချာ(မိုင်းယောင်း)

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~