မိုင္းရယ္ၿမိဳ႕နယ္မွ အေျခခံပညာေက်ာင္း (၁၉) ေက်ာင္းအတြက္ ေက်ာင္းအုပ္မ်ားကို လာမည့္ ပညာသင္ႏွစ္အတြင္း ခန္႔ထားေပးမည္

မိုင္းရယ္ၿမိဳ႕နယ္မွ အေျခခံပညာေက်ာင္း (၁၉) ေက်ာင္းအတြက္ ေက်ာင္းအုပ္မ်ားကို လာမည့္ ပညာသင္ႏွစ္အတြင္း ခန္႔ထားေပးမည္
ဖေဖော်ဝါရီ 7, 2018
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) မိုင္းရယ္ၿမိဳ႕နယ္ရိွ အေျခခံပညာေက်ာင္း (၁၉)ေက်ာင္းတြင္ လစ္လပ္ေနသည့္ ေက်ာင္းအုပ္ရာထူးမ်ားကို လာမည့္ပညာသင္ႏွစ္ ၂၀၁၈ - ၁၉ ပညာသင္ႏွစ္တြင္ ခန္႔ထားေပးသြားမည္ ျဖစ္ေၾကာင္း သိရသည္။

မိုင္းရယ္ၿမိဳ႕နယ္ရွိ အေျခခံပညာေက်ာင္း (၁၉) ေက်ာင္းတြင္ ပညာသင္ႏွစ္ ႏွစ္ဝက္ခန္႔ ေက်ာင္းအုပ္မ်ား လစ္လပ္ေနျခင္းကို ပညာေရးဝန္ႀကီးဌာနအေနျဖင့္ စီစဥ္ေဆာင္႐ြက္ထားမႈအေျခအေနကို မိုင္းရယ္ မဲဆႏၵနယ္မွ ဦးစိုင္းသီဟေက်ာ္က ေဖေဖာ္ဝါရီလ ၇ ရက္ေန႔တြင္ က်င္းပေသာ ျပည္သူ႔လႊတ္ေတာ္အစည္းအေဝးတြင္ ေမးျမန္းထားျခင္းကို ပညာေရးဝန္ႀကီးဌာန ျပည္ေထာင္စု ဒု-ဝန္ႀကီး ဦးဝင္းေမာ္ထြန္းက ယင္းကဲ့သို႔ ျပန္လည္ေျဖၾကားထားျခင္းျဖစ္သည္။

ပညာေရးဝန္ႀကီးဌာန၊ အေျခခံပညာဦးစီးဌာနမွ ၂၀၁၇ ခုႏွစ္ ၾသဂုတ္လ (၃)ရက္ေန႔တြင္ ရာထူးတိုးျမႇင့္ျခင္း၊ ေျပာင္းေ႐ႊ႕ ခန္႔ထားျခင္းတို႔ကို ေဆာင္႐ြက္ခဲ့ရာ မိုင္းရယ္ၿမိဳ႕နယ္တြင္ မူလတန္းျပ (၁၁) ဦး၊ အလယ္တန္းျပ (၄) ဦး၊ အထက္တန္းျပ (၂၃) ဦး၊ မူလတန္းျပ (၇၄) ဦး စုစုေပါင္း (၁၁၂) ဦး ျဖည့္ဆည္းေဆာင္႐ြက္ၿပီး အေျခခံပညာ အထက္တန္းေက်ာင္းမ်ားရွိ ေက်ာင္းအုပ္ေနရာမ်ားကိုလည္း တစ္ျပည္လုံး အတိုင္းအတာျဖင့္ ျဖည့္ဆည္းေဆာင္႐ြက္ေပးရန္ စီစဥ္ေနေၾကာင္း ပညာေရးဝန္ႀကီးဌာန ျပည္ေထာင္စု ဒု-ဝန္ႀကီး ဦးဝင္းေမာ္ထြန္းက ေျဖၾကားသည္။

အလယ္တန္းေက်ာင္းအုပ္ေနရာမ်ားတြင္ ျဖည့္ဆည္းခန္႔ထားရန္အတြက္ကိုလည္း ၂၀၁၈ ခုႏွစ္ ဇန္နဝါရီလ (၂၇) ရက္ေန႔ တြင္ သက္ဆိုင္ရာတိုင္းေဒသႀကီး/ျပည္နယ္အလိုက္ ေရးေျဖစာေမး ပြဲမ်ားက်င္းပျခင္း၊ လူေတြ႔စစ္ေဆးျခင္းမ်ားေဆာင္႐ြက္ျခင္း၊ ေ႐ြးခ်ယ္ေနရာ ခ်ထားျခင္းမ်ားကို လုပ္ထုံး လုပ္နည္းမ်ားႏွင့္အညီ ဆက္လက္ေဆာင္႐ြက္ထားၿပီး အထက္တန္းျပႏွင့္ ေအာက္ရာထူးမ်ားကို ၂၀၁၈-၁၉ ပညာသင္ႏွစ္အတြက္ ရာထူးတိုးအေျပာင္းအေ႐ႊ႔မ်ား ေဆာင္႐ြက္ခ်ိန္တြင္ ျပည္နယ္ အစိုးရအဖြဲ႔ႏွင့္ ျပည္နယ္ပညာေရးမွဴးတို႔၏ ႀကီးၾကပ္မႈျဖင့္ ေလၽွာက္ထားလာသူမ်ားထဲမွ စိစစ္ျဖည့္ဆည္း ေဆာင္႐ြက္ေပးသြားမည္ ျဖစ္ေၾကာင္း  ဒုဝန္ႀကီးက ေျဖၾကားထားသည္။

~~~~~~~~⊰❂ unicode ~~~~~~~~
မိုင်းရယ်မြို့နယ်မှ အခြေခံပညာကျောင်း (၁၉) ကျောင်းအတွက် ကျောင်းအုပ်များကို လာမည့် ပညာသင်နှစ်အတွင်း ခန့်ထားပေးမည်
***************
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုင်းရယ်မြို့နယ်ရှိ အခြေခံပညာကျောင်း (၁၉)ကျောင်းတွင် လစ်လပ်နေသည့် ကျောင်းအုပ်ရာထူးများကို လာမည့်ပညာသင်နှစ် ၂၀၁၈ - ၁၉ ပညာသင်နှစ်တွင် ခန့်ထားပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မိုင်းရယ်မြို့နယ်ရှိ အခြေခံပညာကျောင်း (၁၉) ကျောင်းတွင် ပညာသင်နှစ် နှစ်ဝက်ခန့် ကျောင်းအုပ်များ လစ်လပ်နေခြင်းကို ပညာရေးဝန်ကြီးဌာနအနေဖြင့် စီစဉ်ဆောင်ရွက်ထားမှုအခြေအနေကို မိုင်းရယ် မဲဆန္ဒနယ်မှ ဦးစိုင်းသီဟကျော်က ဖေဖော်ဝါရီလ ရ ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မေးမြန်းထားခြင်းကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဒု-ဝန်ကြီး ဦးဝင်းမော်ထွန်းက ယင်းကဲ့သို့ ပြန်လည်ဖြေကြားထားခြင်းဖြစ်သည်။

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ၂၀၁၇ ခုနှစ် သြဂုတ်လ (၃)ရက်နေ့တွင် ရာထူးတိုးမြှင့်ခြင်း၊ ပြောင်းရွှေ့ ခန့်ထားခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ မိုင်းရယ်မြို့နယ်တွင် မူလတန်းပြ (၁၁) ဦး၊ အလယ်တန်းပြ (၄) ဦး၊ အထက်တန်းပြ (၂၃) ဦး၊ မူလတန်းပြ (၇၄) ဦး စုစုပေါင်း (၁၁၂) ဦး ဖြည့်ဆည်းဆောင်ရွက်ပြီး အခြေခံပညာ အထက်တန်းကျောင်းများရှိ ကျောင်းအုပ်နေရာများကိုလည်း တစ်ပြည်လုံး အတိုင်းအတာဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးရန် စီစဉ်နေကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဒု-ဝန်ကြီး ဦးဝင်းမော်ထွန်းက ဖြေကြားသည်။

အလယ်တန်းကျောင်းအုပ်နေရာများတွင် ဖြည့်ဆည်းခန့်ထားရန်အတွက်ကိုလည်း ၂၀၁၈ ခုနှစ် ဇန်နဝါရီလ (၂၇) ရက်နေ့ တွင် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အလိုက် ရေးဖြေစာမေး ပွဲများကျင်းပခြင်း၊ လူတွေ့စစ်ဆေးခြင်းများဆောင်ရွက်ခြင်း၊ ရွေးချယ်နေရာ ချထားခြင်းများကို လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်ထားပြီး အထက်တန်းပြနှင့် အောက်ရာထူးများကို ၂၀၁၈-၁၉ ပညာသင်နှစ်အတွက် ရာထူးတိုးအပြောင်းအရွှေ့များ ဆောင်ရွက်ချိန်တွင် ပြည်နယ် အစိုးရအဖွဲ့နှင့် ပြည်နယ်ပညာရေးမှူးတို့၏ ကြီးကြပ်မှုဖြင့် လျှောက်ထားလာသူများထဲမှ စိစစ်ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း  ဒုဝန်ကြီးက ဖြေကြားထားသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~