လားရႈိးၿမိဳ႕ေရွာင္လမ္းအေနာက္ဘက္တြင္ ေျမထိုးစက္ယာဥ္ တစ္စီးအား အမည္မသိ အမ်ဳိးသားသံုးဦးမွ မီးရႈိ႕သြား

လားရႈိးၿမိဳ႕ေရွာင္လမ္းအေနာက္ဘက္တြင္ ေျမထိုးစက္ယာဥ္ တစ္စီးအား အမည္မသိ အမ်ဳိးသားသံုးဦးမွ မီးရႈိ႕သြား
ဖေဖော်ဝါရီ 23, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ လားရႈိးၿမိဳ႕ေရွာင္လမ္း အေနာက္ဘက္တြင္ ပုဂၢလိကပိုင္ ေျမထိုးစက္ယာဥ္ တစ္စီးအား အမည္မသိ အမ်ဳိးသား(၃)ဦးမွ မီးရႈိ႕သြားမႈ ေဖေဖာ္၀ါရီလ(၂၂)ရက္ေန႔ ညပိုင္း(၁၀)နာရီ၀န္းက်င္ အခ်ိန္က ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

လားရႈိးၿမိဳ႕ေရွာင္လမ္း၊ မိုင္တိုင္ အမွတ္ ၈/၂ ႏွင့္ ၈/၃အၾကား လမ္းအေနာက္ဘက္ရွိ  ပုဂၢလိကပိုင္ ေျမထိုးစက္ယာဥ္ တစ္စီးအား လွ်ဳိေျမာင္အတြင္းမွ လက္နက္အရွည္ (၃)လက္ျဖင့္ ထြက္လာသည့္ အမည္မသိ အမ်ဳိးသား(၃)ဦးက အဆိုပါ ယာဥ္အား တဲငယ္တစ္လံုးျဖင့္ မီးတင္ရႈိ႕ခဲ့ၿပီး လာရာလမ္းအတိုင္း ျပန္ထြက္ေျပးသြားခဲ့ျခင္း ျဖစ္ေၾကာင္း အမည္မေဖာ္လိုသူ မ်က္ျမင္ေတြ႔ရွိသူ ႏွစ္ဦး၏ ေျပာျပခ်က္အရ သိရသည္။

မီးရႈိ႕မႈေၾကာင့္ ေျမထိုးစက္၏ စက္ေခါင္းခန္းျဖစ္သည့္ ယာဥ္ေမာင္းသူေနရာ ႏွင့္ အင္ဂ်င္ အတြင္းခန္းမ်ားမွာ မီးေလာင္ကြ်မ္းသြားခဲ့ၿပီး ယင္းျဖစ္စဥ္ႏွင့္ ပတ္သက္၍ အနီးရွိ နယ္ေျမခံတပ္မွ လာေရာက္ စစ္ေဆးမႈမ်ားျပဳလုပ္သည့္ အျပင္ ရဲတပ္ဖြဲ႔မွလည္း စစ္ေဆးမႈမ်ား ျပဳလုပ္ေနလ်က္ရွိေၾကာင္း သိရသည္။

ယာဥ္ပိုင္ရွင္မွာ နမ့္ခမ္းၿမိဳ႕တြင္ေနထိုင္သည့္ တရုတ္လူမ်ဳိးျဖစ္ေၾကာင္းႏွင့္ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ သက္ဆိုင္ရာက စံုစမ္းမႈမ်ား ျပဳလုပ္ေနလွ်က္ရွိေၾကာင္း သိရွိရသည္။

သတင္း/ဓါတ္ပံု - ေနၿဖဳိးျမင့္



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှောင်လမ်း အနောက်ဘက်တွင် ပုဂ္ဂလိကပိုင် မြေထိုးစက်ယာဉ် တစ်စီးအား အမည်မသိ အမျိုးသား(၃)ဦးမှ မီးရှို့သွားမှု ဖေဖော်ဝါရီလ(၂၂)ရက်နေ့ ညပိုင်း(၁၀)နာရီဝန်းကျင် အချိန်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လားရှိုးမြို့ရှောင်လမ်း၊ မိုင်တိုင် အမှတ် ၈/၂ နှင့် ၈/၃အကြား လမ်းအနောက်ဘက်ရှိ ပုဂ္ဂလိကပိုင် မြေထိုးစက်ယာဉ် တစ်စီးအား လျှိုမြောင်အတွင်းမှ လက်နက်အရှည် (၃)လက်ဖြင့် ထွက်လာသည့် အမည်မသိ အမျိုးသား(၃)ဦးက အဆိုပါ ယာဉ်အား တဲငယ်တစ်လုံးဖြင့် မီးတင်ရှို့ခဲ့ပြီး လာရာလမ်းအတိုင်း ပြန်ထွက်ပြေးသွားခဲ့ခြင်း ဖြစ်ကြောင်း အမည်မဖော်လိုသူ မျက်မြင်တွေ့ရှိသူ နှစ်ဦး၏ ပြောပြချက်အရ သိရသည်။

မီးရှို့မှုကြောင့် မြေထိုးစက်၏ စက်ခေါင်းခန်းဖြစ်သည့် ယာဉ်မောင်းသူနေရာ နှင့် အင်ဂျင် အတွင်းခန်းများမှာ မီးလောင်ကျွမ်းသွားခဲ့ပြီး ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အနီးရှိ နယ်မြေခံတပ်မှ လာရောက် စစ်ဆေးမှုများပြုလုပ်သည့် အပြင် ရဲတပ်ဖွဲ့မှလည်း စစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။

ယာဉ်ပိုင်ရှင်မှာ နမ့်ခမ်းမြို့တွင်နေထိုင်သည့် တရုတ်လူမျိုးဖြစ်ကြောင်းနှင့် ဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာက စုံစမ်းမှုများ ပြုလုပ်နေလျှက်ရှိကြောင်း သိရှိရသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~