လားရိႈးၿမိဳ႕တြင္ ဒစ္ဂ်စ္တယ္မီတာေျပာင္းလဲၿပီးေနာက္ မီတာခ ပိုမိုက်သင့္မႈမ်ားႏွင့္ ပတ္သက္၍ ကုမၸဏီက ကြင္းဆင္းစစ္ေဆးေန

လားရိႈးၿမိဳ႕တြင္ ဒစ္ဂ်စ္တယ္မီတာေျပာင္းလဲၿပီးေနာက္ မီတာခ ပိုမိုက်သင့္မႈမ်ားႏွင့္ ပတ္သက္၍ ကုမၸဏီက ကြင္းဆင္းစစ္ေဆးေန
ဖေဖော်ဝါရီ 19, 2018
By Tachileik News Agency
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရႈိးၿမိဳ႕တြင္ ဒစ္ဂ်စ္တယ္မီတာမ်ား ေျပာင္းလဲ တပ္ဆင္ၿပီးေနာက္ မီတာခ ပိုမို ေပးေဆာင္လာရသည္ဟု ေဒသခံမ်ား၏ ေဝဖန္မႈေၾကာင့္ လွ်ပ္စစ္ဓါတ္အားျဖန္႔ေဝေပးေနသည့္ ျမသင္းၾကဴ ကုမၸဏီ၏ တာဝန္ရိွသူမ်ား ပါဝင္သည့္ အဖြဲ႕ျဖင့္ ေဖေဖၚဝါရီလ (၁၉) ရက္ေန႔မွစ၍ ကြင္းဆင္းစစ္ေဆးမႈမ်ား လုပ္ေဆာင္ေနေၾကာင္း သိရသည္။

“ မီတာစာေရးေတြရယ္၊ လိုင္းမင္းေတြရယ္၊ သက္ဆိုင္ရာ ရပ္ကြက္ေတြက မီတာစာေရးမေတြရယ္ ပါဝင္ၿပီးေတာ့ မီတာခမ်ားတယ္လို႔ Complain တက္လာတဲ့ အိမ္ရွင္ေတြရဲ႕ အိမ္ေတြကိုလိုက္ၿပီး စစ္ေဆးၾကည့္ ပါတယ္။ ရံုးမွာရွိတဲ့ကြန္ပ်ဴတာထဲက မီတာခ ေကာက္ခံထားတဲ့ စာရင္းေတြကို ဆြဲထုတ္ၿပီးေတာ့ မီတာခေပးရတာမ်ားတဲ့ အိမ္ေတြကိုလည္း လိုက္စစ္ပါတယ္။ ယူနစ္ (၂၀၀) အထက္မွာ တစ္ယူနစ္ကို (၅၀) က်ပ္ေျပာင္းသြား တာကို အိမ္ရွင္ေတြက နားမလည္ၾကတာမ်ားတဲ့အတြက္ အဲဒါလည္း ရွင္းျပပါတယ္။ ႀကိဳးေတြကို ျပန္စစ္ဖို႔လည္း ေျပာခဲ့ပါတယ္။ မီတာစာေရးေတြဘက္ကေတာ့ ေကာက္ခံတဲ့ ယူနစ္မွန္ေနတာပါ။ အိမ္ရွင္ေတြရဲ့ သေဘာေတြက ေတာ့ ယူနစ္ (၂၀၀) ေက်ာ္သြားလို႔ တစ္ယူနစ္ (၅၀) ေပးရတာကို မေဆာင္ခ်င္တာ”ဟု ျမသင္းၾကဴ ကုမၸဏီ အေထြေထြ မန္ေနဂ်ာ ဦးဝင္းၾကည္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ကုမၸဏီတာဝန္ရိွသူမ်ားက ေဖေဖၚဝါရီလ (၁၉)ရက္ေန႔တြင္ ရပ္ကြက္ (၁)မွ ရပ္ကြက္မွ စတင္စစ္ေဆးေနၿပီး ရပ္ကြက္(၁၂)အထိ စစ္ေဆးမႈမ်ား လုပ္ေဆာင္ကာ မီတာလည္ႏႈန္းျမန္ေနသည့္ မီတာအလံုးမ်ားကို လဲလွယ္ တပ္ဆင္ေပးမည္ျဖစ္ေၾကာင္း သိရသည္။

“မီတာအရမ္းျမန္ေနတဲ့ ဟာေတြကိုလည္း လဲလွယ္တပ္ဆင္ေပးဖို႔ စာရင္းေကာက္ယူလာပါတယ္။ မီတာျမန္ေနတဲ့ အိမ္ရွင္ေတြကို အဲဒါလဲဖို႔အတြက္ ေဖေဖၚဝါရီလ (၂၀)ရက္ေန႔မွာ ရံုးကိုလာဖို႔ေျပာခဲ့ပါတယ္။ မနက္ (၉) နာရီေလာက္ကေန ရပ္ကြက္ (၁) ကေန ရပ္ကြက္ (၁၂) အထိ လိုက္ၿပီးစစ္ေဆးေနပါတယ္။ အကုန္လံုးေတာ့ တစ္ခါတည္း မစစ္ေဆးႏိုင္တဲ့အတြက္ အခ်ိန္ေပးၿပီး ဆက္လုပ္သြားမွာပါ”ဟု ျမသင္းၾကဴ ကုမၸဏီ အေထြေထြမန္ေနဂ်ာ ဦးဝင္းၾကည္က ေျပာသည္။

ျမသင္းၾကဴကုမၸဏီက  လားရိႈးၿမိဳ႕နယ္ႏွင့္ သိန္းနီၿမိဳ႕နယ္မ်ားတြင္ လွ်ပ္စစ္ဓါတ္အား ျဖန္႔ေဝျခင္း လုပ္ငန္းအား ၂၀၁၃ ခုႏွစ္တြင္ စတင္တာဝန္ယူ လုပ္ေဆာင္ေနျခင္းျဖစ္ၿပီး ၂၀၁၈ ခုႏွစ္ ဇန္နဝါရီလကုန္အထိ မီတာအသံုးျပဳသူဦးေရ စုစုေပါင္း (၃၇,၃၁၅) ဦးရွိသည့္အနက္ သံုးပံုတစ္ပံုမွာ ဒီဂ်စ္တယ္မီတာ အသံုးျပဳေနျခင္းျဖစ္ေၾကာင္း သိရသည္။

လ်ွပ္စစ္ဓါတ္အားျပတ္ေတာက္မႈ ျဖစ္ေပၚပါက လ်ွပ္စစ္အင္ဂ်င္နီယာရံုး၏ ေဟာ့လိုင္း ဖုန္းနံပါတ္ ၀၈၂ -၂၂၀၃၃၀ သို႔ ဆက္သြယ္ေခၚယူႏိုင္ေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု #ေနၿဖိဳးျမင့္




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ဒစ်ဂျစ်တယ်မီတာများ ပြောင်းလဲ တပ်ဆင်ပြီးနောက် မီတာခ ပိုမို ပေးဆောင်လာရသည်ဟု ဒေသခံများ၏ ဝေဖန်မှုကြောင့် လျှပ်စစ်ဓာတ်အားဖြန့်ဝေပေးနေသည့် မြသင်းကြူ ကုမ္ပဏီ၏ တာဝန်ရှိသူများ ပါဝင်သည့် အဖွဲ့ဖြင့် ဖေဖော်ဝါရီလ (၁၉) ရက်နေ့မှစ၍ ကွင်းဆင်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

“ မီတာစာရေးတွေရယ်၊ လိုင်းမင်းတွေရယ်၊ သက်ဆိုင်ရာ ရပ်ကွက်တွေက မီတာစာရေးမတွေရယ် ပါဝင်ပြီးတော့ မီတာခများတယ်လို့ Complain တက်လာတဲ့ အိမ်ရှင်တွေရဲ့ အိမ်တွေကိုလိုက်ပြီး စစ်ဆေးကြည့် ပါတယ်။ ရုံးမှာရှိတဲ့ကွန်ပျူတာထဲက မီတာခ ကောက်ခံထားတဲ့ စာရင်းတွေကို ဆွဲထုတ်ပြီးတော့ မီတာခပေးရတာများတဲ့ အိမ်တွေကိုလည်း လိုက်စစ်ပါတယ်။ ယူနစ် (၂၀၀) အထက်မှာ တစ်ယူနစ်ကို (၅၀) ကျပ်ပြောင်းသွား တာကို အိမ်ရှင်တွေက နားမလည်ကြတာများတဲ့အတွက် အဲဒါလည်း ရှင်းပြပါတယ်။ ကြိုးတွေကို ပြန်စစ်ဖို့လည်း ပြောခဲ့ပါတယ်။ မီတာစာရေးတွေဘက်ကတော့ ကောက်ခံတဲ့ ယူနစ်မှန်နေတာပါ။ အိမ်ရှင်တွေရဲ့ သဘောတွေက တော့ ယူနစ် (၂၀၀) ကျော်သွားလို့ တစ်ယူနစ် (၅၀) ပေးရတာကို မဆောင်ချင်တာ”ဟု မြသင်းကြူ ကုမ္ပဏီ အထွေထွေ မန်နေဂျာ ဦးဝင်းကြည်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကုမ္ပဏီတာဝန်ရှိသူများက ဖေဖော်ဝါရီလ (၁၉)ရက်နေ့တွင် ရပ်ကွက် (၁)မှ ရပ်ကွက်မှ စတင်စစ်ဆေးနပြေီး ရပ်ကွက်(၁၂)အထိ စစ်ဆေးမှုများ လုပ်ဆောင်ကာ မီတာလည်နှုန်းမြန်နေသည့် မီတာအလုံးများကို လဲလှယ် တပ်ဆင်ပေးမည်ဖြစ်ကြောင်း သိရသည်။

“မီတာအရမ်းမြန်နေတဲ့ ဟာတွေကိုလည်း လဲလှယ်တပ်ဆင်ပေးဖို့ စာရင်းကောက်ယူလာပါတယ်။ မီတာမြန်နေတဲ့ အိမ်ရှင်တွေကို အဲဒါလဲဖို့အတွက် ဖေဖော်ဝါရီလ (၂၀)ရက်နေ့မှာ ရုံးကိုလာဖို့ပြောခဲ့ပါတယ်။ မနက် (၉) နာရီလောက်ကနေ ရပ်ကွက် (၁) ကနေ ရပ်ကွက် (၁၂) အထိ လိုက်ပြီးစစ်ဆေးနေပါတယ်။ အကုန်လုံးတော့ တစ်ခါတည်း မစစ်ဆေးနိုင်တဲ့အတွက် အချိန်ပေးပြီး ဆက်လုပ်သွားမှာပါ”ဟု မြသင်းကြူ ကုမ္ပဏီ အထွေထွေမန်နေဂျာ ဦးဝင်းကြည်က ပြောသည်။

မြသင်းကြူကုမ္ပဏီက လားရှိုးမြို့နယ်နှင့် သိန်းနီမြို့နယ်များတွင် လျှပ်စစ်ဓာတ်အား ဖြန့်ဝခြေင်း လုပ်ငန်းအား ၂၀၁၃ ခုနှစ်တွင် စတင်တာဝန်ယူ လုပ်ဆောင်နခြေင်းဖြစ်ပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီလကုန်အထိ မီတာအသုံးပြုသူဦးရေ စုစုပေါင်း (၃၇,၃၁၅) ဦးရှိသည့်အနက် သုံးပုံတစ်ပုံမှာ ဒီဂျစ်တယ်မီတာ အသုံးပြုနခြေင်းဖြစ်ကြောင်း သိရသည်။

လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ဖြစ်ပေါ်ပါက လျှပ်စစ်အင်ဂျင်နီယာရုံး၏ ဟော့လိုင်း ဖုန်းနံပါတ် ဝ၈၂ -၂၂၀၃၃၀ သို့ ဆက်သွယ်ခေါ်ယူနိုင်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ #နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~