တာခ်ီလိတ္ၿမိဳ႕နယ္၌ ထိုင္း-ျမန္မာ နယ္ျခားမွတ္တိုင္မ်ား ကြင္းဆင္းတုိင္းတာစစ္ေဆး

တာခ်ီလိတ္ၿမိဳ႕နယ္၌ ထိုင္း-ျမန္မာ နယ္ျခားမွတ္တိုင္မ်ား ကြင္းဆင္းတုိင္းတာစစ္ေဆး
ဖေဖော်ဝါရီ 10, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္ရိွ ျမန္မာ - ထုိင္း နယ္စပ္ေခ်ာင္းမ်ားျဖစ္သည့္ မယ္ဟုတ္ေခ်ာင္းေဘးႏွင့္ မယ္ဆုိင္ေခ်ာင္းေဘးတစ္ေလၽွာက္ ႏွစ္နိုင္ငံ နယ္ျခားမွတ္တိုင္မ်ားအား ႏွစ္ႏုိင္ငံေျမတုိင္းအဖြဲ႕မ်ားက ေဖေဖၚဝါရီလ(၈)ရက္ေန႔ႏွင့္(၉)ရက္ေန႔တြင္ ကြင္းဆင္းတုိင္းတာစစ္ေဆးေၾကာင္း သိရသည္။

ျမန္မာကြင္းဆင္းတိုင္းတာေရးအဖြဲ႕ (၁)မွ ဦးစီးအရာရွိ ဦးဝင္းကိုေအာင္ ဦးေဆာင္သည့္ (၅)ဦးအဖြဲ႕သည္ ထိုင္းေျမတိုင္းအဖြဲ႕မွ (SM-1,Sumum)ႏွင့္ ပူးေပါင္း၍ ၂၀၁၈ ခုႏွစ္၊ ေဖေဖာ္ဝါရီလ (၉) ရက္ေန႔တြင္ မယ္ဟုတ္ေခ်ာင္းေဘး တစ္ေလၽွာက္ မွတ္တိုင္အမွတ္ BRP-126 မွ BRP-131 ထိႏွင့္ BRP-133၊ BRP-134 ၊ စုစုေပါင္း (၈) တိုင္အား ပူးတြဲ စစ္ေဆးျခင္းလုပ္ငန္းမ်ား ေဆာင္ရြက္ခဲ့ျခင္းျဖစ္ၿပီး ျမန္မာကြင္းဆင္း တိုင္းတာေရးအဖြဲ႕(၂)မွ ဦးစီးအရာရွိ ဦးကိုကိုလြင္ ဦးေဆာင္သည့္ (၅)ဦးအဖြဲ႕သည္ ထိုင္းေျမတိုင္းအဖြဲ႕မွ(Naen Charuck Charoenphon)ႏွင့္ ပူးေပါင္း၍ တာခ်ီလိတ္ၿမိဳ႕နယ္ ပါလၽွံ(၂)ရပ္ကြက္ မယ္ဆိုင္ေခ်ာင္းေဘး တစ္ေလၽွာက္ ထိုင္း-ျမန္မာနယ္ျခားမွတ္တိုင္ အမွတ္ BRP-397၊ BRP-398 ႏွင့္ BRP-400 မွ BRP-404ထိ၊ စုစုေပါင္း (၇) တိုင္အား ပူးတြဲစစ္ေဆးျခင္း လုပ္ငန္းမ်ားေဆာင္ရြက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

၂၀၁၈ခုႏွစ္၊ ေဖေဖာ္ဝါရီလ (၈) ရက္ေန႔က တာခ်ီလိတ္ ၿမိဳ႕နယ္၊ ဝမ္နားေက်းရြာ အေနာက္ဘက္ မယ္ဟုတ္ေခ်ာင္းေဘးတစ္ေလၽွာက္ ျမန္မာ-ထိုင္း နယ္ျခားမွတ္တိုင္ အမွတ္ BRP-132 အား ျမန္မာကြင္းဆင္းတိုင္းတာေရးအဖြဲ႕(၁)မွ ဦးစီးအရာရွိ ဦးဝင္းကိုေအာင္ဦးစီးသည့္ (၅)ဦး အဖြဲ႕ႏွင့္ ထိုင္းေျမတိုင္း အဖြဲ႕မွ SM-1,Summum တို႔က တိုင္းတာစစ္ေဆးၿပီး ပါလၽွံ(၂)ရပ္ကြက္ မယ္ဆိုင္ေခ်ာင္း ေဘးတစ္ေလၽွာက္ ထိုင္း-ျမန္မာနယ္ျခား မွတ္တိုင္အမွတ္ BRP-391 မွ BRP-396 အထိ မွတ္တိုင္ (၆)တိုင္အား ျမန္မာကြင္းဆင္းတိုင္းတာေရး အဖြဲ႕(၂)မွ ဦးစီးအရာရွိ ဦးကိုကိုလြင္ ဦးစီးသည့္ (၅)ဦးအဖြဲ႕ႏွင့္ ထိုင္းေျမတိုင္းအဖြဲ႕မွ SM-1,Solchai Phoen Phum တို႔က ပူးတြဲစစ္ေဆးခဲ့ၾကေၾကာင္း သိရသည္။

သတင္း #နန္းဟြမ္ခမ္း

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်မြို့နယ်၌ ထိုင်း-မြန်မာ နယ်ခြားမှတ်တိုင်များ ကွင်းဆင်းတိုင်းတာစစ်ဆေး
***************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်ရှိ မြန်မာ - ထိုင်း နယ်စပ်ချောင်းများဖြစ်သည့် မယ်ဟုတ်ချောင်းဘေးနှင့် မယ်ဆိုင်ချောင်းဘေးတစ်လျှောက်နှစ်နိုင်ငံ နယ်ခြားမှတ်တိုင်များအား နှစ်နိုင်ငံမြေတိုင်းအဖွဲ့များက ဖေဖေါ်ဝါရီလ(၈)ရက်နေ့နှင့်(၉)ရက်နေ့တွင် ကွင်းဆင်းတိုင်းတာစစ်ဆေးကြောင်း သိရသည်။

မြန်မာကွင်းဆင်းတိုင်းတာရေးအဖွဲ့ (၁)မှ ဦးစီးအရာရှိ ဦးဝင်းကိုအောင် ဦးဆောင်သည့် (၅)ဦးအဖွဲ့သည် ထိုင်းမြေတိုင်းအဖွဲ့မှ (SM-1,Sumum)နှင့် ပူးပေါင်း၍ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၉) ရက်နေ့တွင် မယ်ဟုတ်ချောင်းဘေး တစ်လျှောက် မှတ်တိုင်အမှတ် BRP-126 မှ BRP-131 ထိနှင့် BRP-133၊ BRP-134 ၊ စုစုပေါင်း (၈) တိုင်အား ပူးတွဲ စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မြန်မာကွင်းဆင်း တိုင်းတာရေးအဖွဲ့(၂)မှ ဦးစီးအရာရှိ ဦးကိုကိုလွင် ဦးဆောင်သည့် (၅)ဦးအဖွဲ့သည် ထိုင်းမြေတိုင်းအဖွဲ့မှ(Naen Charuck Charoenphon)နှင့် ပူးပေါင်း၍ တာချီလိတ်မြို့နယ် ပါလျှံ(၂)ရပ်ကွက် မယ်ဆိုင်ချောင်းဘေး တစ်လျှောက် ထိုင်း-မြန်မာနယ်ခြားမှတ်တိုင် အမှတ် BRP-397၊ BRP-398 နှင့် BRP-400 မှ BRP-404ထိ၊ စုစုပေါင်း (၇) တိုင်အား ပူးတွဲစစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလ (၈) ရက်နေ့က တာချီလိတ် မြို့နယ်၊ ဝမ်နားကျေးရွာ အနောက်ဘက် မယ်ဟုတ်ချောင်းဘေးတစ်လျှောက် မြန်မာ-ထိုင်း နယ်ခြားမှတ်တိုင် အမှတ် BRP-132 အား မြန်မာကွင်းဆင်းတိုင်းတာရေးအဖွဲ့(၁)မှ ဦးစီးအရာရှိ ဦးဝင်းကိုအောင်ဦးစီးသည့် (၅)ဦး အဖွဲ့နှင့် ထိုင်းမြေတိုင်း အဖွဲ့မှ SM-1,Summum တို့က တိုင်းတာစစ်ဆေးပြီး ပါလျှံ(၂)ရပ်ကွက် မယ်ဆိုင်ချောင်း ဘေးတစ်လျှောက် ထိုင်း-မြန်မာနယ်ခြား မှတ်တိုင်အမှတ် BRP-391 မှ BRP-396 အထိ မှတ်တိုင် (၆)တိုင်အား မြန်မာကွင်းဆင်းတိုင်းတာရေး အဖွဲ့(၂)မှ ဦးစီးအရာရှိ ဦးကိုကိုလွင် ဦးစီးသည့် (၅)ဦးအဖွဲ့နှင့် ထိုင်းမြေတိုင်းအဖွဲ့မှ SM-1,Solchai Phoen Phum တို့က ပူးတွဲစစ်ဆေးခဲ့ကြကြောင်း သိရသည်။

သတင်း #နန်းဟွမ်ခမ်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~