မိုင်းဆတ်မှ ကျေးရွာချင်းဆက်လမ်းများအား ပြည်နယ်ဝန်ကြီးကွင်းဆင်း စစ်ဆေး

မိုင်းဆတ်မှ ကျေးရွာချင်းဆက်လမ်းများအား ပြည်နယ်ဝန်ကြီးကွင်းဆင်း စစ်ဆေး
ဖေဖော်ဝါရီ 2, 2018
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်အတွင်း လမ်းတံတားတည်ဆောက်ရေး ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းများအား ပြည်နယ် အစိုးရ အဖွဲ့က ဇန်န၀ါရီလ (၃၁) ရက်နေ့က စစ်ဆေးနေကြောင်း သိရသည်။


မိုင်းခတ်မြို့နယ် ဝမ်ကတ် - ၀မ်ပုံလမ်း တစ်မိုင်အရှည်အား ကတ္တရာခင်းခြင်းအား ကျပ်(၁၂၅ ဒဿမ ၄၅)သန်း၊ ပန်ကျိုင်း - ဟွေပါလှိုင်းလမ်း(၃)မိုင်ကျောက်ခင်းခြင်းအား ကျပ်(၂၅၆ ဒဿမ ၁၈)သန်း၊ ပန်ကျိုင်း- ဟွေပါလှိုင်းလမ်း (၃)မိုင်ကျောက်ခင်းခြင်းအား ကျပ်(၂၅၆ ဒဿမ ၁၇)သန်းနှင့် မယ်ပန်ရေအားလျှပ်စစ် စက်ရုံသွားလမ်း (၄)မိုင်ကျောက်ခင်းခြင်းအား ကျပ်(၃၅၅ ဒဿမ ၈)သန်းဖြင့် လုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။





~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်အတွင်း လမ်းတံတားတည်ဆောက်ရေး ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွဖြေင့် ဆောင်ရွက်နေသည့် လုပ်ငန်းများအား ပြည်နယ် အစိုးရ အဖွဲ့က ဇန်နဝါရီလ (၃၁) ရက်နေ့က စစ်ဆေးနေကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့က ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေမှ ခွဲဝေ ချထားပေးသည့် ဘတ်ဂျက်ဖြင့် လုပ်ငန်းဆောင်ရွက်နေသည့် အခြေအနေများကို ရှမ်းပြည်နယ် အစိုးရ အဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နိုင်ဝင်းအောင်၊ ရှမ်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေး ရုံးခွဲ ဒေသကြီးကြပ်ရေးမှူး ဦးအေးကိုနှင့် မိုင်းဆတ်ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဦးသိန်းထွဋ်ဦးတို့က ကွင်းဆင်း စစ်ဆေးကြခြင်းဖြစ်ကြောင်း သိရသည်။

မိုင်းခတ်မြို့နယ် ဝမ်ကတ် - ဝမ်ပုံလမ်း တစ်မိုင်အရှည်အား ကတ္တရာခင်းခြင်းအား ကျပ်(၁၂၅ ဒဿမ ၄၅)သန်း၊ ပန်ကျိုင်း - ဟွေပါလှိုင်းလမ်း(၃)မိုင်ကျောက်ခင်းခြင်းအား ကျပ်(၂၅၆ ဒဿမ ၁၈)သန်း၊ ပန်ကျိုင်း- ဟွေပါလှိုင်းလမ်း (၃)မိုင်ကျောက်ခင်းခြင်းအား ကျပ်(၂၅၆ ဒဿမ ၁၇)သန်းနှင့် မယ်ပန်ရေအားလျှပ်စစ် စက်ရုံသွားလမ်း (၄)မိုင်ကျောက်ခင်းခြင်းအား ကျပ်(၃၅၅ ဒဿမ ၈)သန်းဖြင့် လုပ်ငန်းများ ဆောင်ရွက်နခြေင်းဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ #သန်းဇော်(မိုင်းဆတ်)

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~