မိုင္းျဖတ္တြင္ ေမာ္ေတာ္ယာဥ္ႏွစ္စီး မ်က္ႏွာခ်င္းဆုိင္တုိက္မိ၍ ၁ ဦးေသ ၆ ဦး ဒဏ္ရာရ

မိုင္းျဖတ္တြင္ ေမာ္ေတာ္ယာဥ္ႏွစ္စီး မ်က္ႏွာခ်င္းဆုိင္တုိက္မိ၍ ၁ ဦးေသ ၆ ဦး ဒဏ္ရာရ
ဖေဖော်ဝါရီ 14, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ခရိုင္၊ မုိင္းျဖတ္ၿမိဳ႕နယ္ တာခ်ီလိတ္ - က်ိဳင္းတံု ျပည္ေထာင္စု လမ္းမေပၚတြင္ ေဖေဖၚဝါရီလ (၁၄)ရက္ေန႔ ညေန (၄)နာရီ (၄၅)မိနစ္ဝန္းက်င္က ေမာ္ေတာ္ယာဥ္ ႏွစ္စီး မ်က္ႏွာခ်င္းဆုိင္ တုိင္မိရာမွ (၆)ဦး ဒဏ္ရာရၿပီး (၁)ဦးေနရာတြင္ ေသဆံုးသြားေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕ဘက္မွ က်ိဳင္းတံုၿမိဳ႕ဘက္သို႔ ေမာင္းႏွင္လာသည့္ ယာဥ္ေမာင္းသူ အပါအဝင္ လူ (၅)ဦး လုိက္ပါလာသည့္ KLUGER ယာဥ္အား က်ိဳင္းတံုဘက္မွ တာခ်ီလိတ္ဘက္သို႔ ယာဥ္ေမာင္း အပါအဝင္ လူ(၅)ဦး လုိက္ပါလာသည့္  Probox ယာဥ္က မ်က္ႏွာခ်င္းဆိုင္ဝင္တုိက္မိျခင္းျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ - က်ိဳင္းတံု ျပည္ေထာင္စုလမ္းမ မုိင္တိုင္အမွတ္ (၆၉၃/၆၉၄)တြင္ Probox ယာဥ္က လမ္းအေကြ႕တြင္ ေရွ႕မွေမာ္ေတာ္ယာဥ္အား ေက်ာ္တက္စဥ္ တစ္ဖက္ယာဥ္ေၾကာမွ ေမာင္းႏွင္လာသည့္ KLUGER ယာဥ္အား ဝင္တုိက္မိျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ယာဥ္တုိက္မႈေၾကာင့္ KLUGER ယာဥ္တြင္ လုိက္ပါလာသည့္ ေဒၚအာဖန္ႏွင့္ ကိုက်ဖူးတို႔တြင္ ဝဲဖက္ေပါင္က်ိဳးသည့္ ဒဏ္ရာမ်ားရသြားကာ Probox ယာဥ္မွ ယာဥ္ေမာင္းႏွင္သူ မနန္းသန္းတြင္ ဝဲလက္ႏွင့္ ယာေျခေထာက္တို႔ က်ိဳးသြားၿပီး အဆုိပါ ယာဥ္ေပၚတြင္ လုိက္ပါလာသည့္ ဦးလံုဆန္အြန္၊ မနန္းသီးႏွင့္ မနန္းေဟြေဖာင္းတို႔တြင္ ဒဏ္ရာမ်ားရသြားၿပီး ဦးပါပ်ဲန္းမွာ ေနရာတြင္ ေသဆံုးသြားျခင္း ျဖစ္ေၾကာင္း သိရသည္။

ယာဥ္ေမာင္း မနန္းသန္းအား မိုင္းျဖတ္ၿမိဳ႕မရဲစခန္းတြင္ ယာဥ္ (ပ) ၁/၂၀၁၈၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ - ၂၇၉/၃၃၇/၃၃၈/၃၀၄(က)တို႔ျဖင့္ အမႈဖြင့္စစ္ေဆး ေဆာင္ရြက္ထားေၾကာင္း သိရသည္။

သတင္း - ကိုသာ



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ် တာချီလိတ် - ကျိုင်းတုံ ပြည်ထောင်စုလမ်းမပေါ်တွင် ဖေဖော်ဝါရီလ (၁၄)ရက်နေ့ ညနေ (၄)နာရီ (၄၅)မိနစ်ဝန်းကျင်က မော်တော်ယာဉ် နှစ်စီး မျက်နှာချင်းဆိုင် တိုင်မိရာမှ (၆)ဦး ဒဏ်ရာရပြီး (၁)ဦးနေရာတွင် သေဆုံးသွားကြောင်း သိရသည်။

တာချီလိတ်မြို့ဘက်မှ ကျိုင်းတုံမြို့ဘက်သို့ မောင်းနှင်လာသည့် ယာဉ်မောင်းသူ အပါအဝင် လူ (၅)ဦး လိုက်ပါလာသည့် KLUGER ယာဉ်အား ကျိုင်းတုံဘက်မှ တာချီလိတ်ဘက်သို့ ယာဉ်မောင်း အပါအဝင် လူ(၅)ဦး လိုက်ပါလာသည့် Probox ယာဉ်က မျက်နှာချင်းဆိုင်ဝင်တိုက်မိခြင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ် - ကျိုင်းတုံ ပြည်ထောင်စုလမ်းမ မိုင်တိုင်အမှတ် (၆၉၃/၆၉၄)တွင် Probox ယာဉ်က လမ်းအကွေ့တွင် ရှေ့မှမော်တော်ယာဉ်အား ကျော်တက်စဉ် တစ်ဖက်ယာဉ်ကြောမှ မောင်းနှင်လာသည့် KLUGER ယာဉ်အား ဝင်တိုက်မိခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် KLUGER ယာဉ်တွင် လိုက်ပါလာသည့် ဒေါ်အာဖန်နှင့် ကိုကျဖူးတို့တွင် ဝဲဖက်ပေါင်ကျိုးသည့် ဒဏ်ရာများရသွားကာ Probox ယာဉ်မှ ယာဉ်မောင်းနှင်သူ မနန်းသန်းတွင် ဝဲလက်နှင့် ယာခြေထောက်တို့ ကျိုးသွားပြီး အဆိုပါ ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ဦးလုံဆန်အွန်၊ မနန်းသီးနှင့် မနန်းဟွေဖောင်းတို့တွင် ဒဏ်ရာများရသွားပြီး ဦးပါပျဲန်းမှာ နေရာတွင် သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

ယာဉ်မောင်း မနန်းသန်းအား မိုင်းဖြတ်မြို့မရဲစခန်းတွင် ယာဉ် (ပ) ၁/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ - ၂၇၉/၃၃၇/၃၃၈/၃၀၄(က)တို့ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်ထားကြောင်း သိရသည်။

သတင်း - ကိုသာ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~