လာအိုႏုိင္ငံေရာက္ ျမန္မာေရႊ႕ေျပာင္းလုပ္သားမ်ား၏ လုပ္အားခကို ၾကားပြဲစားမ်ားက အလြဲသံုးစားမႈႏွင့္ ႀကံဳေတြ႔မႈမ်ားေန

လာအိုႏုိင္ငံေရာက္ ျမန္မာေရႊ႕ေျပာင္းလုပ္သားမ်ား၏ လုပ္အားခကို ၾကားပြဲစားမ်ားက အလြဲသံုးစားမႈႏွင့္ ႀကံဳေတြ႔မႈမ်ားေန
ဖေဖော်ဝါရီ 4, 2018
By Tachileik News Agency

လာအိုႏုိင္ငံ ဘုိကဲယုိခရုိင္ ၊ ေရႊႀတိဂံေဒသ အထူးစီးပြါးေရးဇုန္ တံုဖိန္းၿမိဳ႕ရိွ ျမန္မာေရႊ႕ေျပာင္း လုပ္သားမ်ား၏ လုပ္အားခကို ၾကားပြဲစားမ်ားက အလြဲသံုးစားမႈမ်ားျဖင့္ ႀကံဳေတြ႔ေနရမႈမ်ားေနေၾကာင္း လာအိုေရာက္ ျမန္မာလုပ္သားမ်ားႏွင့္ ေတြ႔ဆံု၍ အေျခအေနေလ့လာခဲ့သည့္ တာခ်ီလိတ္ခရိုင္ အုပ္ခ်ဳပ္ေရးမွဴးထံမွ သိရသည္။

“သူတို႔ေနတဲ့ေနရာကို သြားၿပီးၾကည့္ခဲ့တဲ့ ေနရာမွာ ေတြ႔ရတာက အလုပ္ရွင္က ပိုက္ဆံေပးတယ္။ အလုပ္သမားက ပိုက္ဆံတုိက္ရုိက္ မရဘူး။ ျမန္မာႏုိင္ငံက အလုပ္ပြဲစားတို႔၊ ၾကားခံျဖစ္တဲ့ သူတို႔ ဘာသာစကား တတ္ကၽြမ္းသူ၊ တရုတ္ဘာသာစကား ကၽြမ္းက်င္သူတို႔က ၾကားကေန အဲဒီပိုက္ဆံကို ယူၾကတဲ့ အခါက်ေတာ့ ျဖတ္ယူၾကတယ္။ အဲဒီက်ေတာ့ ဘယ္လိုက္လို႔ လုိက္ရမွန္းမသိဘဲ အမႈ ဖြင့္ထားတာ ေတြလည္း ရိွတယ္။ အလုပ္သမားေတြ ပိုက္ဆံ မရဘူးဆိုတာ တရုတ္ေတြဆီက မရတာ မဟုတ္ဘူး။ ၾကားထဲက ပြဲစားေတြကေန ျဖတ္ယူတာေၾကာင့္ အလုပ္သမားေတြက မရဘူးျဖစ္ေနတာေတြ ရိွတယ္”ဟု တာခ်ီလိတ္ခရုိင္စီမံခန္႕ခြဲမွဳေကာ္မတီ ဥကၠဌ ၊ ခရုိင္အုပ္ခ်ဳပ္ေရးမွဴးဦးတင္ဝင္းေရႊက တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

လာအုိဒီမိုကရက္တစ္ျပည္သူ႔ သမၼတႏုိင္ငံ၏ ၂၀၁၈ ခုႏွစ္ခရီးသြားႏွစ္ႏွင့္ လက္ပံပြင့္ပြဲေတာ္အခမ္းအနားကို ဇန္နဝါရီလ(၂၈)ရက္ႏွင့္ (၂၉)ရက္ေန႔မ်ားတြင္ က်င္းပရာ အဆိုပါအခမ္းအနား တက္ေရာက္သည့္ ျမန္မာကိုယ္စားလွယ္အဖြဲ႔အျဖစ္ တက္ေရာက္သည့္ တာခ်ီလိတ္ခရုိင္စီမံခန္႕ခြဲမွဳေကာ္မတီ ဥကၠဌ ၊ ခရုိင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္ဝင္းေရႊဦးေဆာင္ေသာ အဖြဲ႕သည္ ျမန္မာေရႊ႕ေျပာင္းလုပ္သားမ်ား၏ အေျခအေနမ်ားကို သြားေရာက္ ေလ့လာေမးျမန္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ျမန္မာလုပ္သားမ်ားႏွင့္ ေတြ႔ဆံုရာတြင္ ျမန္မာလုပ္သားမ်ားက ၎တို႔အေနျဖင့္ လာအိုႏုိင္ငံ အထူးစီးပြားေရးဇုန္သို႔ ဝင္ေရာက္သည့္ လမ္းေၾကာင္းတြင္ လာအိုႏုိင္ငံ လဝကႏွင့္ ရဲတို႔ထံ ပိုက္ဆံ ေပးေနရသည့္ အေျခအေနမ်ားကိုလည္း တင္ျပခဲ့ၾကေၾကာင္း သိရသည္။

“လာအိုႏုိင္ငံတြင္းဝင္တဲ့အခါ ပိုက္ဆံပိုေကာက္တဲ့ ကိစၥေပါ့။ လာအိုႏုိင္ငံအတြင္း အထူးစီးပြားေရးဇုန္ကို ဝင္တဲ့အခါမွာ လမ္းက လဝကတို႔၊ လာအိုႏုိင္ငံက ရဲတို႔က ပိုက္ဆံေကာက္တာေတြ ရိွတယ္လို႔ သိရတယ္။ ပိုက္ဆံေကာက္တယ္ဆိုတာကလည္း သတ္မွတ္ထားတဲ့ အထူးစီးပြားေရးဇုန္မဟုတ္တဲ့ဘက္မွာ ေကာက္တယ္ေပါ့။ သတ္မွတ္ထားတာထက္ ပိုေကာက္တယ္လုိ႔ ေျပာၾကတယ္”ဟု တာခ်ီလိတ္ခရုိင္ စီမံခန္႔ခြဲမႈ ေကာ္မတီ ဥကၠဌ ၊ ခရုိင္အုပ္ခ်ဳပ္ေရးမွဴးဦးတင္ဝင္းေရႊက ေျပာသည္။

အဆိုပါေရႊ႕ေျပာင္းလုပ္သားမ်ား၏ အခက္အခဲမ်ားကို လာအိုႏုိင္ငံ အထူးစီးပြားေရးဇုန္မွ တာဝန္ရိွသူမ်ားႏွင့္ ေဆြးေႏြးရာတြင္ တရားဝင္ေနထိုင္ျခင္းမဟုတ္သည့္ ျမန္မာလုပ္သားမ်ားအတြက္ ဥပေဒအရ တရားဝင္ အကာအကြယ္ေပးရန္ အခက္အခဲျဖစ္ေနရေၾကာင္း ျပန္လည္ေျဖၾကားသည္ဟု သိရသည္။

“တရားဝင္ လာတာမဟုတ္သူေတြ အတြက္က်ေတာ့ တရားဝင္ေစာင့္ေရွာက္ဖို႔ မရႏုိင္သလိုျဖစ္တာေပါ့။ ဒီေတာ့ သူတို႔ကို တရားဝင္ ကာကြယ္ခြင့္မရျဖစ္ေနတာေတြ ရိွေနတယ္။ ဒါေပမဲ့ အလုပ္ရွင္က လိမ္ညာေနတာေတြေတာ့ မရိွပါဘူး။ လုပ္ခလစာ အေနနဲ႔ကလည္း တာခ်ီလိတ္ဘက္ထက္ ပိုရေနတာ ေတြလည္း ေတြ႔ရပါတယ္”ဟု တာခ်ီလိတ္ခရုိင္စီမံခန္႕ခြဲမွဳေကာ္မတီ ဥကၠဌ ၊ ခရုိင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္ဝင္းေရႊက ေျပာသည္။

လာအိုႏုိင္ငံ အထူးစီးပြားေရးဇုန္၏ တရားဝင္စာရင္းမ်ားအရ ျမန္မာႏုိင္ငံသား လုပ္သား (၄၀၀၀)ခန္႔ရိွသည္ဟုဆိုေသာ္လည္း ျမန္မာလုပ္သား ေသာင္းဂဏန္းေက်ာ္သည္ဟု ျမန္မာလုပ္သားမ်ားက ဆိုသည္။

ျမန္မာလုပ္သားမ်ားအား အထူးစီးပြားေရးဇုန္တြင္ အလုပ္လုပ္ကိုင္ခြင့္အတြက္ ေျခာက္လ သက္တမ္းေပးထားၿပီး သက္တမ္းေက်ာ္ၿပီး ေနာက္ထပ္အလုပ္အကိုင္အခြင့္အလမ္းအတြက္ ဆက္လက္ ေနထုိင္သူမ်ားမွာ တရားမဝင္ ေနထုိင္သူမ်ား ျဖစ္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

ျမန္မာကိုယ္စားလွယ္အဖြဲ႕သည္ ျမန္မာလုပ္သားမ်ားႏွင့္ ေတြ႔ဆံုျခင္းအျပင္ လာအုိႏုိင္ငံဆုိင္ရာ ျမန္မာသံအမတ္ႀကီး ဦးကုိကုိႏုိင္ႏွင့္အတူ လာအုိႏုိင္ငံအထူးစီးပြားေရးဇုန္ရွိ စီးပြားေရး ကုမၸဏီမ်ားမွ တာ၀န္ရွိသူမ်ားႏွင့္ ေတြ႕ဆံုၿပီး လာအုိႏိုင္ငံေရာက္ျမန္မာႏိုင္ငံသားမ်ား၏ အခက္အခဲမ်ားကုိ ေျဖရွင္းေပးေရးႏွင့္ ရပုိင္ခြင့္မ်ား အျပည့္အဝရရွိေရးအတြက္ ညိႇႏိႈင္းေဆာင္ရြက္ခဲ့ေၾကာင္း သိရသည္။

သတင္း - အင္မိုင္ခ
ဓါတ္ပံု - ခရိုင္ ေထြ/အုပ္


~~~~~~~~⊰❂ unicode ~~~~~~~~


လာအိုနိုင်ငံ ဘိုကဲယိုခရိုင်၊ ရွှတြေိဂံဒေသ အထူးစီးပွားရေးဇုန် တုံဖိန်းမြို့ရှိ မြန်မာရွှေ့ပြောင်း လုပ်သားများ၏ လုပ်အားခကို ကြားပွဲစားများက အလွဲသုံးစားမှုများဖြင့် ကြုံတွေ့နေရမှုများနေကြောင်း လာအိုရောက် မြန်မာလုပ်သားများနှင့် တွေ့ဆုံ၍ အခြေအနေလေ့လာခဲ့သည့် တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

“သူတို့နေတဲ့နေရာကို သွားပြီးကြည့်ခဲ့တဲ့ နေရာမှာ တွေ့ရတာက အလုပ်ရှင်က ပိုက်ဆံပေးတယ်။ အလုပ်သမားက ပိုက်ဆံတိုက်ရိုက် မရဘူး။ မြန်မာနိုင်ငံက အလုပ်ပွဲစားတို့၊ ကြားခံဖြစ်တဲ့ သူတို့ ဘာသာစကား တတ်ကျွမ်းသူ၊ တရုတ်ဘာသာစကား ကျွမ်းကျင်သူတို့က ကြားကနေ အဲဒီပိုက်ဆံကို ယူကြတဲ့ အခါကျတော့ ဖြတ်ယူကြတယ်။ အဲဒီကျတော့ ဘယ်လိုက်လို့ လိုက်ရမှန်းမသိဘဲ အမှု ဖွင့်ထားတာ တွေလည်း ရှိတယ်။ အလုပ်သမားတွေ ပိုက်ဆံ မရဘူးဆိုတာ တရုတ်တွေဆီက မရတာ မဟုတ်ဘူး။ ကြားထဲက ပွဲစားတွေကနေ ဖြတ်ယူတာကြောင့် အလုပ်သမားတွေက မရဘူးဖြစ်နေတာတွေ ရှိတယ်”ဟု တာချီလိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးတင်ဝင်းရွှေက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

လာအိုဒီမိုကရက်တစ်ပြည်သူ့ သမ္မတနိုင်ငံ၏ ၂၀၁၈ ခုနှစ်ခရီးသွားနှစ်နှင့် လက်ပံပွင့်ပွဲတော်အခမ်းအနားကို ဇန်နဝါရီလ(၂၈)ရက်နှင့် (၂၉)ရက်နေ့များတွင် ကျင်းပရာ အဆိုပါအခမ်းအနား တက်ရောက်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့အဖြစ် တက်ရောက်သည့် တာချီလိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေဦးဆောင်သော အဖွဲ့သည် မြန်မာရွှေ့ပြောင်းလုပ်သားများ၏ အခြေအနေများကို သွားရောက် လေ့လာမေးမြန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာလုပ်သားများနှင့် တွေ့ဆုံရာတွင် မြန်မာလုပ်သားများက၎င်းတို့အနဖြေင့် လာအိုနိုင်ငံ အထူးစီးပွားရေးဇုန်သို့ ဝင်ရောက်သည့် လမ်းကြောင်းတွင် လာအိုနိုင်ငံ လဝကနှင့် ရဲတို့ထံ ပိုက်ဆံ ပေးနေရသည့် အခြေအနေများကိုလည်း တင်ပြခဲ့ကြကြောင်း သိရသည်။

“လာအိုနိုင်ငံတွင်းဝင်တဲ့အခါ ပိုက်ဆံပိုကောက်တဲ့ ကိစ္စပေါ့။ လာအိုနိုင်ငံအတွင်း အထူးစီးပွားရေးဇုန်ကို ဝင်တဲ့အခါမှာ လမ်းက လဝကတို့၊ လာအိုနိုင်ငံက ရဲတို့က ပိုက်ဆံကောက်တာတွေ ရှိတယ်လို့ သိရတယ်။ ပိုက်ဆံကောက်တယ်ဆိုတာကလည်း သတ်မှတ်ထားတဲ့ အထူးစီးပွားရေးဇုန်မဟုတ်တဲ့ဘက်မှာ ကောက်တယ်ပေါ့။ သတ်မှတ်ထားတာထက် ပိုကောက်တယ်လို့ ပြောကြတယ်”ဟု တာချီလိတ်ခရိုင် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးတင်ဝင်းရွှေက ပြောသည်။

အဆိုပါရွှေ့ပြောင်းလုပ်သားများ၏ အခက်အခဲများကို လာအိုနိုင်ငံ အထူးစီးပွားရေးဇုန်မှ တာဝန်ရှိသူများနှင့် ဆွေးနွေးရာတွင် တရားဝင်နေထိုင်ခြင်းမဟုတ်သည့် မြန်မာလုပ်သားများအတွက် ဥပဒေအရ တရားဝင် အကာအကွယ်ပေးရန် အခက်အခဲဖြစ်နေရကြောင်း ပြန်လည်ဖြကြေားသည်ဟု သိရသည်။

“တရားဝင် လာတာမဟုတ်သူတွေ အတွက်ကျတော့ တရားဝင်စောင့်ရှောက်ဖို့ မရနိုင်သလိုဖြစ်တာပေါ့။ ဒီတော့ သူတို့ကို တရားဝင် ကာကွယ်ခွင့်မရဖြစ်နေတာတွေ ရှိနေတယ်။ ဒါပေမဲ့ အလုပ်ရှင်က လိမ်ညာနေတာတွေတော့ မရှိပါဘူး။ လုပ်ခလစာ အနေနဲ့ကလည်း တာချီလိတ်ဘက်ထက် ပိုရနေတာ တွေလည်း တွေ့ရပါတယ်”ဟု တာချီလိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက ပြောသည်။

လာအိုနိုင်ငံ အထူးစီးပွားရေးဇုန်၏ တရားဝင်စာရင်းများအရ မြန်မာနိုင်ငံသား လုပ်သား (၄၀၀၀)ခန့်ရှိသည်ဟုဆိုသော်လည်း မြန်မာလုပ်သား သောင်းဂဏန်းကျော်သည်ဟု မြန်မာလုပ်သားများက ဆိုသည်။

မြန်မာလုပ်သားများအား အထူးစီးပွားရေးဇုန်တွင် အလုပ်လုပ်ကိုင်ခွင့်အတွက် ခြောက်လ သက်တမ်းပေးထားပြီး သက်တမ်းကျော်ပြီး နောက်ထပ်အလုပ်အကိုင်အခွင့်အလမ်းအတွက် ဆက်လက် နေထိုင်သူများမှာ တရားမဝင် နေထိုင်သူများ ဖြစ်နခြေင်းဖြစ်ကြောင်း သိရသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့သည် မြန်မာလုပ်သားများနှင့် တွေ့ဆုံခြင်းအပြင် လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကိုကိုနိုင်နှင့်အတူ လာအိုနိုင်ငံအထူးစီးပွားရေးဇုန်ရှိ စီးပွားရေး ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး လာအိုနိုင်ငံရောက်မြန်မာနိုင်ငံသားများ၏ အခက်အခဲများကို ဖြေရှင်းပေးရေးနှင့် ရပိုင်ခွင့်များ အပြည့်အဝရရှိရေးအတွက် ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သတင်း - အင်မိုင်ခ
ဓာတ်ပုံ - ခရိုင် ထွေ/အုပ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~