လားရႈိးၿမိဳ႕မွ ကဗ်ာဆရာမ်ား စုေပါင္းကာ ျပည္ေထာင္စုေန႔ႏွင့္ ျမန္မာကေလးမ်ားေန႔ အထိမ္းအမွတ္အျဖစ္ စာအုပ္ေစ်းေရာင္းပြဲ ျပဳလုပ္

လားရႈိးၿမိဳ႕မွ ကဗ်ာဆရာမ်ား စုေပါင္းကာ ျပည္ေထာင္စုေန႔ႏွင့္ ျမန္မာကေလးမ်ားေန႔ အထိမ္းအမွတ္အျဖစ္ စာအုပ္ေစ်းေရာင္းပြဲ ျပဳလုပ္
ဖေဖော်ဝါရီ 13, 2018
By Tachileik News Agency

ျပည္ေထာင္စုေန႔ႏွင့္ ျမန္မာကေလးမ်ားေန႔ အထိမ္းအမွတ္အျဖစ္ စာအုပ္ေစ်းေရာင္းပြဲေတာ္အား လားရႈိးၿမိဳ႕ရွိ ကဗ်ာဆရာမ်ားမွ စုေပါင္း၍ လားရႈိးၿမိဳ႕ရွိ လြတ္လပ္ေရးပန္းၿခံအတြင္း၌ ေဖေဖာ္၀ါရီလ(၁၂)ရက္ ႏွင့္ (၁၃)ရက္ေန႔တို႔တြင္ ႏွစ္ရက္တိုင္တိုင္ က်င္းပျပဳလုပ္ေနလ်က္ရွိေၾကာင္း သိရသည္။

“မေန႔က ျပည္ေထာင္စုေန႔မွာ အႀကိဳအျဖစ္ စခင္းပါတယ္၊ စာအုပ္ေတြ၊ ကဗ်ာျပကၡဒိန္ေတြကို မူရင္းေစ်းႏႈန္းေတြ အတိုင္းေရာင္းခ်ေပးတာျဖစ္ပါတယ္၊ အဓိကရည္ရြယ္ခ်က္ကေတာ့ ကေလးေတြကို စာဖတ္တဲ့ အေလ့အက်င့္ ရွိလာေစခ်င္တာရယ္၊ စာအုပ္ေတြကိုအလြယ္တကူ ဝယ္လို႔ရေအာင္လည္း လုပ္ေဆာင္ေပးတာျဖစ္ပါတယ္” ဟု ကဗ်ာဆရာ ကိုရိုးခက္ က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ စာအုပ္ေစ်းေရာင္းပြဲေတာ္တြင္ လားရိႈးၿမိဳ႕ခံမ်ားျဖစ္ၾကသည့္ လေရာင္လမ္းခ်ဳိးကဗ်ာဆရာမ်ားအဖြဲ႔ ႏွင့္ ေက်ာက္ဆည္ၿမိဳ႕မွ လာေရာက္သည့္ ကာတြန္းေဖာင္းေဖာင္း၊ ကာတြန္းဒိန္းဂ်ားတို႔ ပါဝင္ၾကၿပီး ကယ္ေရကယ္ခ်ာမ်ား ေရးဆြဲေပးေၾကာင္း သိရသည္။

“ႏိုင္ငံ့ေခါင္းေဆာင္ႀကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္းရဲ႕ ေမြးေန႔ျဖစ္သလို သူ႔ေမြးေန႔ကိုအထိမ္းအမွတ္အေနနဲ႔ ျမန္မာႏိုင္ငံ ကေလးမ်ားေန႔ကို သတ္မွတ္ထားတာျဖစ္တဲ့ အတြက္ ဒီေန႔မွာ ကေလးေတြ လြတ္လြတ္ လပ္လပ္ ေပ်ာ္ရႊင္ၾကရင္း စာအုပ္ေတြကိုလည္း ေစ်းႏႈန္းခ်ိဳခ်ိဳနဲ႔ဖတ္ရေအာင္ ခုလို ပြဲေတာ္ျပဳလုပ္တာ ျဖစ္ပါတယ္၊ ျပည္သူေတြကိုလည္း စာဖတ္ရွိန္ျမႇင့္တင္ ေပးတဲ့အေနနဲ႔ျပဳလုပ္တာပါ၊ ေနာက္ႏွစ္ေတြမွာ စာအုပ္တိုက္ေတြ ကိုယ္တိုင္လာၿပီး ေစ်းႏႈန္းခ်ိဳခ်ိဳနဲ႔ လာေရာင္းခ်ေပးေစခ်င္ပါတယ္ ” ဟု ကိုရိုးခက္က ေျပာသည္။

လားရႈိးၿမိဳ႕ရွိ လြတ္လပ္ေရးပန္းၿခံအတြင္း ေဖေဖာ္ဝါရီလ(၁၂) ရက္ေန႔ (၇၁)ႏွစ္ေျမာက္ ျပည္ေထာင္စု ေန႔ႏွင့္ ေဖေဖၚဝါရီလ (၁၃) ရက္ေန႔ ျမန္မာႏိုင္ငံကေလးမ်ားေန႔ အထိမ္းအမွတ္အျဖစ္ က်င္းပျပဳလုပ္ေနျခင္း ျဖစ္ၿပီး ေဖေဖာ္၀ါရီလ(၁၃) ရက္ေန႔တြင္ အားကစားၿပိဳင္ပြဲမ်ား၊ ေခါင္းဦးရိုက္ၿပိဳင္ပြဲမ်ား အပါအဝင္ စတုဒီသာမ်ား ပါဝင္ၿပီး လူဦးေရ(၃၅၀၀)စာအတြက္ စတုဒီသာေကြးေမြးျခင္းမ်ား ျပဳလုပ္လ်က္ရွိေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ပြည်ထောင်စုနေ့နှင့် မြန်မာကလေးများနေ့ အထိမ်းအမှတ်အဖြစ် စာအုပ်ဈေးရောင်းပွဲတော်အား လားရှိုးမြို့ရှိ ကဗျာဆရာများမှ စုပေါင်း၍ လားရှိုးမြို့ရှိ လွတ်လပ်ရေးပန်းခြံအတွင်း၌ ဖေဖော်ဝါရီလ(၁၂)ရက် နှင့် (၁၃)ရက်နေ့တို့တွင် နှစ်ရက်တိုင်တိုင် ကျင်းပပြုလုပ်နေလျက်ရှိကြောင်း သိရသည်။

“မနေ့က ပြည်ထောင်စုနေ့မှာ အကြိုအဖြစ် စခင်းပါတယ်၊ စာအုပ်တွေ၊ ကဗျာပြက္ခဒိန်တွေကို မူရင်းဈေးနှုန်းတွေ အတိုင်းရောင်းချပေးတာဖြစ်ပါတယ်၊ အဓိကရည်ရွယ်ချက်ကတော့ ကလေးတွေကို စာဖတ်တဲ့ အလေ့အကျင့် ရှိလာစေချင်တာရယ်၊ စာအုပ်တွေကိုအလွယ်တကူ ဝယ်လို့ရအောင်လည်း လုပ်ဆောင်ပေးတာဖြစ်ပါတယ်” ဟု ကဗျာဆရာ ကိုရိုးခက် က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ စာအုပ်ဈေးရောင်းပွဲတော်တွင် လားရှိုးမြို့ခံများဖြစ်ကြသည့် လရောင်လမ်းချိုးကဗျာဆရာများအဖွဲ့ နှင့် ကျောက်ဆည်မြို့မှ လာရောက်သည့် ကာတွန်းဖောင်းဖောင်း၊ ကာတွန်းဒိန်းဂျားတို့ ပါဝင်ကြပြီး ကယ်ရေကယ်ချာများ ရေးဆွဲပေးကြောင်း သိရသည်။

“နိုင်ငံ့ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ဖြစ်သလို သူ့မွေးနေ့ကိုအထိမ်းအမှတ်အနေနဲ့ မြန်မာနိုင်ငံ ကလေးများနေ့ကို သတ်မှတ်ထားတာဖြစ်တဲ့ အတွက် ဒီနေ့မှာ ကလေးတွေ လွတ်လွတ် လပ်လပ် ပျော်ရွှင်ကြရင်း စာအုပ်တွေကိုလည်း ဈေးနှုန်းချိုချိုနဲ့ဖတ်ရအောင် ခုလို ပွဲတော်ပြုလုပ်တာ ဖြစ်ပါတယ်၊ ပြည်သူတွေကိုလည်း စာဖတ်ရှိန်မြှင့်တင် ပေးတဲ့အနေနဲ့ပြုလုပ်တာပါ၊ နောက်နှစ်တွေမှာ စာအုပ်တိုက်တွေ ကိုယ်တိုင်လာပြီး ဈေးနှုန်းချိုချိုနဲ့ လာရောင်းချပေးစေချင်ပါတယ် ” ဟု ကိုရိုးခက်က ပြောသည်။

လားရှိုးမြို့ရှိ လွတ်လပ်ရေးပန်းခြံအတွင်း ဖေဖော်ဝါရီလ(၁၂) ရက်နေ့ (၇၁)နှစ်မြောက် ပြည်ထောင်စု နေ့နှင့် ဖေဖော်ဝါရီလ (၁၃) ရက်နေ့ မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်နခြေင်း ဖြစ်ပြီး ဖေဖော်ဝါရီလ(၁၃) ရက်နေ့တွင် အားကစားပြိုင်ပွဲများ၊ ခေါင်းဦးရိုက်ပြိုင်ပွဲများ အပါအဝင် စတုဒီတာများ ပါဝင်ပြီး လူဦးရေ(၃၅၀၀)စာအတွက် စတုဒီသာကွေးမွေးခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~